နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့်ရှိ ကော်မတီဖြစ်သည်။ကော်မတီသည် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးရသည့် လုပ်ငန်းအား အဓိက ဆောင်ရွက်သည်။ကော်မတီကို ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဦးဆောင်သည်။
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း | |
---|---|
ကော်မတီ အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၄ ဧပြီ ၂၀၂၂ |
ဌာနချုပ် | နေပြည်တော် |
ဌာနအကြီးအမှူးများ | ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဥက္ကဋ္ဌ ဒေါက်တာကံဇော်၊ အတွင်းရေးမှူး |
သမိုင်းကြောင်း
ပြင်ဆင်ရန်စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဂယက်ကြောင့် နိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း များ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးထက် အဆမတန် မြင့်တက်သွားခဲ့၍ ကုစားနိုင်ရန် ဖွဲ့စည်းခြင်းဖြစ်သည်။၂၀၂၂ ခုနှစ် ဧပြီ ၄ရက်တွင် စတင်ဖွဲ့စည်းသည်။[၁]
ကော်မတီ(၂၀၂၂-လက်ရှိ)
ပြင်ဆင်ရန်စဉ် | အမည် | တာဝန်ထမ်းဆောင်ခြင်း | ရာထူး | ||
---|---|---|---|---|---|
စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | |||
၁ | ဗိုလ်ချုပ်ကြီး မြထွန်းဦး[၂] | ၁၈ စက်တင်ဘာ ၂၀၂၃ | လက်ရှိ | ၄၃၉
|
ဥက္ကဋ္ဌ |
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း[၃] | ၄ ဧပြီ ၂၀၂၂ | ၁၇ စက်တင်ဘာ ၂၀၂၃ | ၅၃၁
| ||
၂ | ဒေါက်တာပွင့်ဆန်း[၄] | ၄ ဧပြီ ၂၀၂၂ | ၁၉ ဩဂုတ် ၂၀၂၂ | ၁၃၇
|
အဖွဲ့ဝင် |
ဒုတိယဗိုလ်ချုပ်ကြီး ညိုစော[၅] | ၅ ဇူလိုင် ၂၀၂၃ | လက်ရှိ | ၅၁၄
| ||
၃ | ဦးဝင်းရှိန် | ၄ ဧပြီ ၂၀၂၂ | လက်ရှိ | ၉၇၁
|
အဖွဲ့ဝင် |
၄ | ဒေါက်တာကံဇော် | ၄ ဧပြီ ၂၀၂၂ | ၁၉ ဩဂုတ် ၂၀၂၂ | ၁၃၇
|
အဖွဲ့ဝင် |
ဦးအောင်နိုင်ဦး | ၁၉ ဩဂုတ် ၂၀၂၂ | ၂၈ စက်တင်ဘာ ၂၀၂၃ | ၃၇၄
| ||
ဦးထွန်းအုံ | ၂၈ စက်တင်ဘာ ၂၀၂၃ | လက်ရှိ | ၄၂၉
| ||
၅ | ဒေါက်တာ ခင်နိုင်ဦး | ၂၈ စက်တင်ဘာ ၂၀၂၃ | လက်ရှိ | ၄၂၉
|
အဖွဲ့ဝင် |
၆ | ဦးသန်းညိန်း | ၄ ဧပြီ ၂၀၂၂ | ၁၈ ဩဂုတ် ၂၀၂၂ | ၁၆၇
|
အဖွဲ့ဝင် |
ဒေါ်သန်းသန်းဆွေ | ၁၉ ဩဂုတ် ၂၀၂၂ | လက်ရှိ | ၈၀၃
| ||
၇ | ဦးအောင်နိုင်ဦး | ၄ ဧပြီ ၂၀၂၂ | ၁၈ ဩဂုတ် ၂၀၂၂ | ၁၆၇
|
အတွင်းရေးမှူး |
ဒေါက်တာကံဇော် | ၁၉ ဩဂုတ် ၂၀၂၂ | လက်ရှိ | ၈၀၃
|
လုပ်ငန်းတာဝန်များ
ပြင်ဆင်ရန်- နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများက လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်ယန္တရားများ၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် အသုံးအဆောင်များနှင့် ကုန်ကြမ်းပစ္စည်းများစသည်တို့ တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
- ပြည်သူအများ စားဝတ်နေရေးအတွက် လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ဝယ်ယူရရှိနိုင်ခြင်းမရှိသည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အစရှိသည်တို့ ဝယ်ယူတင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
- နိုင်ငံသားများ လူမှုရေးကိစ္စအလို့ငှာ ပြည်ပသို့သွားရောက်ဆေးဝါးကုသခြင်း၊ ပညာရေးကိစ္စများအတွက် သွားရောက်ခြင်းနှင့် ဘာသာရေးကိစ္စများအတွက် သွားရောက်ခြင်း စသည်တို့အတွက် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
- အထွေထွေဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ချေးငွေနှင့် အတိုးများပြန်လည်ပေးဆပ်ခြင်း၊ ဝန်ဆောင်ခများပေးချေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အမြတ်ငွေများ ပြန်လည်လွှဲပို့ခြင်းစသည့် ကိစ္စများတွင် အသုံးပြုရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
- လူမှုအသုံးအဆောင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအတွက် မဖြစ်မနေတင်သွင်းရန် လိုအပ်မှုအပေါ် နိုင်ငံခြားသုံးငွေစိစစ်ခွင့်ပြုပေးခြင်း၊
- နိုင်ငံအတွင်းရှိ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံခြားသုံးငွေ လည်ပတ်မှုဆိုင်ရာကိစ္စရပ်များအား ကြီးကြပ်ကွပ်ကဲခြင်း။
ကိုးကား
ပြင်ဆင်ရန်- ↑ Foreign Exchange Supervisory Committee formed to supervise currency use။ Global New Light of Myanmar (21 May 2022)။ 20 Sep 2023 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့/ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးဖြင့် အစားထိုးခန့်အပ်ပြီး ပြင်ဆင်ဖွဲ့စည်း။ Eleven Media Group (၂၀ စက်တင်ဘာ ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ကော်မတီတွေကနေ ဖယ်ရှား။ RFA Burmese (၂၀ စက်တင်ဘာ ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စု ဝန်ကြီးအချို့အား ဌာနပြောင်းရွှေ့မှုများပြုလုပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်း။ Eleven Media Group (၁၉ ဩဂုတ် ၂၀၂၂)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကုန်သွယ်စီးပွားနှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီတို့တွင် ဒုဗိုလ်ချုပ်ကြီးညိုစော ပါဝင်လာ။ ဧရာဝတီသတင်း (၉ ဩဂုတ် ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။