ပဋိသမ္ဘိဒါဉာဏ်
[၁] အသီးအသီး ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်။
- အကျိုးတရားတို့ကို ခွဲခြမ်းစိတ်ဖြာ၍ သိစွမ်းနိုင်သော အတ္ထပဋိသမ္ဘိဒါဉာဏ်၊
- အကြောင်းတရားတို့ကို ခွဲခြမ်းစိတ်ဖြာ၍ သိစွမ်းနိုင်သော ဓမ္မပဋိသမ္ဘိဒါဉာဏ်၊
- မှန်ကန်သော သဒ္ဒါတို့ကို ခွဲခြမ်းစိတ်ဖြာ၍ သိစွမ်းနိုင်သော နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၊
- အတ္ထ, ဓမ္မ, နိရုတ္တိ ဟူသည့် ပဋိသမ္ဘိဒါဉာဏ် သုံးမျိုးကို ခွဲခြမ်းစိတ်ဖြာ၍ သိစွမ်းနိုင်သော ပဋိဘာနပဋိသမ္ဘိဒါဉာဏ်
အတ္ထပဋိသမ္ဘိဒါဉာဏ်
ပြင်ဆင်ရန်- (၁) အကြောင်းကြောင့် ဖြစ်သမျှသော အကျိုး၊
- (၂) နိဗ္ဗာန်
- (၃) ဟောတော်မူအပ်သော ပါဠိတော်၏ အနက်
- (၄) ဝိပါက်
- (၅) ကြိယာ ဤငါးမျိုးတို့ကို “အတ္ထ=အကျိုး” ဟု ခေါ်၏။
ထိုအကျိုး ငါးမျိုးကို ထိုးထွင်းလျက် မှန်ကန်စွာ ဝေဖန်ခွဲခြားတတ်သော ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏။
ယင်းအကျိုး ငါးမျိုးတို့တွင် နိဗ္ဗာန်သည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသူမြတ်တို့ ရောက်အပ်ရအပ်သော ကြောင့် (ပတ္တဗ္ဗ) အကျိုးမည်၏။ ဟောတော်မူအပ်သော ပါဠိတော်၏အနက်သည် သိစေအပ်သောကြောင့် (ဉာပေတဗ္ဗ) အကျိုးမည်၏။ အကြောင်းကြောင့် ဖြစ်သမျှသော အကျိုး, ဝိပါက်, ကြိယာသည် ဖြစ်စေအပ်သော ကြောင့် (နိဗ္ဗတ္တေတဗ္ဗ) အကျိုးမည်၏။ ဤသို့ ခွဲဝေလျှင် အကျိုးသုံးမျိုးသာ ရှိ၏။ (ဤ၌ ကြိယာကို ကံ၏ အကျိုးနှင့်စပ်သည်ဖြစ်၍ အကျိုးဟု ဆိုသည်)
ဓမ္မပဋိသမ္ဘိဒါဉာဏ်
ပြင်ဆင်ရန်- (၁) အကျိုးကို ဖြစ်စေသမျှသော အကြောင်း၊
- (၂) အရိယာမဂ်
- (၃) ဟောတော်မူအပ်သော ပါဠိတော်
- (၄) ကုသိုလ်
- (၅) အကုသိုလ် ဤငါးမျိုးတို့ကို “ဓမ္မ=အကြောင်း”ဟု ခေါ်၏။ (ဤ၌ ကုသိုလ်အကုသိုလ်ကို ဝိပါက်၏ ပဓာနအကြောင်းဖြစ်၍ “ဓမ္မ=အကြောင်း”ဟု ဆိုသည်။)
ယင်းအကျိုး ငါးမျိုးတို့တွင် အရိယာမဂ်သည် နိဗ္ဗာန်သို့ ရောက်စေတတ်သောကြောင့် (သမ္ပာပက) အကြောင်းမည်၏။ ဟောတော်မူအပ်သော ပါဠိတော်သည် အနက်အကျိုးကို သိစေတတ်သောကြောင့် (ဉာပက) အကြောင်းမည်၏။ အကျိုးကို ဖြစ်စေသမျှသော အကြောင်းနှင့် ကုသိုလ်, အကုသိုလ်တို့သည် အကျိုးကို ဖြစ်စေတတ်သောကြောင့် (နိဗ္ဗတ္တက) အကြောင်းမည်၏။ ဤသို့ ခွဲဝေလျှင် အကြောင်းသုံးမျိုးသာ ရှိ၏။
နိရုတ္တိပဋိသမ္ဘိဒါဉာဏ်
ပြင်ဆင်ရန်အားလုံးသတ္တဝါတို့ ပြောဆိုသမျှ ဘာသာစကားတို့၌ တတ်သိနားလည် ကျွမ်းကျင်ခြင်း၊ မဂဓတိုင်း သားတို့ ပြောဆိုသည့် မူလဘာသာစကားတို့၏ အနက်အဓိပ္ပါယ်ကို တတ်သိနားလည် ကျွမ်းကျင်ခြင်း၊ သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ် မည်၏။ (နိ=ထုတ်၍၊ ဥတ္တိ=ရွတ်ဆိုခြင်း, ပြောဆိုခြင်း)
[ အဋ္ဌကထာတို့ အလိုအားဖြင့်ကား-မဂဓတိုင်းသားတို့ ပြောဆိုသည့် မူလဘာသာဖြစ်သော, အတ္ထ, ဓမ္မ နှစ်ပါးကို ပြတတ်၍ ပျက်စီခြင်းမရှိ, ကိန်းသေအနက်မှန်ကို ဟောသော ထုတ်၍ဆိုအပ် ပြောဆိုအပ်သော ပစ္စုပ္ပန်စကားသံ သဒ္ဒါရုံ ပရမတ္ထသဒ္ဒါသည် နိရုတ္တိမည်၏။ (ကေစိဆရာတို့က နာမပညတ္တိသဒ္ဒါကို နိရုတ္တိဟုဆိုကြသည်။) ဤနိရုတ္တိကို “ဖဿော ဝေဒနာ-ဟု ဆိုသံကြားလျှင် သဘာဝနိရုတ္တိ ဟုတ်သည်, သဘောမှန်သည်၊ ဖဿာ ဝေဒနော-ဟု ဆိုသံ ကြားလျှင် သဘာဝနိရုတ္တိမဟုတ်, သဘောမမှန်ဟု မနောဖြင့် ဆုံးဖြတ်နိုင်ခြင်း”စသည်ဖြင့် ဖောက်ထွင်းလျက် မဖောက်မပြန် ဝေဖန်ခွဲခြားတတ်သော သောတဒွါရဝီထိ၌ ဖြစ်သောဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ်မည်၏။ ယင်းနိရုတ္တိပဋိသမ္ဘဒါဉာဏ်သည် ပစ္စုပ္ပန်သဒ္ဒါရုံကိုသာ အာရုံပြုသည်။]
မာဂဓတိုင်းသားတို့ ပြောဆိုသော မူလဘာသာစကား(မာဂဓိကမူလဘာသာ)ဟူသည်ကား -
- (၁) ဘုရားဟောဖော် ပါဠိတော်
- (၂) ဗြဟ္မာတို့ ပြောသောစကား
- (၃) ကမ္ဘာဦးသူတို့ ပြောသောစကား
- (၄) မည်သည့်ဘာသာစကားကိုမျှ မကြားဘူးသော သူတို့ ပြောသော စကားဖြစ်သည်။
ယင်းမာဂဓိကမူလဘာသာသည် မည့်သည့်အခါမျှ ဖောက်ပြန်ပျက်စီးခြင်းမရှိ၊ အမြဲတည်တံ့ ခိုင်မြဲ သည်၊ တခြားသော ဘာသာစကားသည် ကာလကြာမြင့်သောအခါ ဖောက်ပြန်ပျက်စီး ပြောင်းလဲကြပေသည်။
ပဋိဘာနပဋိသမ္ဘိဒါဉာဏ်
ပြင်ဆင်ရန်အတ္ထ ဓမ္မ နိရုတ္တိဉာဏ်သုံးပါးကို “ဤဉာဏ်သည် ဤမည်သောအာရုံကို အာရုံပြု၍ ဤမည်သော ကိစ္စဖြင့် ဖြစ်၏။ ဤသို့သော လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ရှိ၏ဟု အာရုံ ကိစ္စ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် စသည်တို့နှင့် တကွ ထိုးထွင်းလျက် မဖောက်မပြန် ဝေဖန်ခွဲခြား သိတတ်သောဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ်မည်၏။
- (လက္ခဏ=ပရမတ္ထတရားတခု၏ အမှတ်အသား၊
- ရသ=ပြုဘွယ်ကိစ္စ(ကိစ္စရသ)အကြောင်းစုံညီ၍ ဖြစ်ပုံ(သမ္ပတ္တိရသ)။
- ပစ္စုပဋ္ဌာန်=အကျိုးတရား၊ တရားထိုင်သူ၏ ဉာဏ်၌ ထင်လာပုံအခြင်းအရာ။
- ပဒဋ္ဌာန်=ပရမတ္ထတရားဖြစ်ပေါ်လာခြင်း၏ အနီးဆုံး အကြောင်းတရား)
ပဋိသမ္ဘိဒါဉာဏ်ရခြင်း အကြောင်း ၅-ပါး
ပြင်ဆင်ရန်- ၁။ မြတ်စွာဘုရား စကားတော်ကို သင်ခြင်း
- ၂။ ပါဠိ အဋ္ဌကထာစသည်၌ ဂဏ္ဌိပဒ(အနက်အသိခက်သောပုဒ်) အတ္ထပဒ(အဓိပ္ပါယ်အသိခက်သောပုဒ်)
တို့၏ ဝိနိစ္ဆယကထာ(အဆုံးအဖြတ်)တို့ကို မေးမြန်းခြင်း
- ၃။ သူတော်ကောင်းတရားတော်ကို ရိုသေလေးမြတ်စွာ နာယူခြင်း
- ၄။ မဂ်စိတ်ဖြစ်ပေါ်ခြင်း
- ၅။ ရှေးဘုရားရှင်တို့ သာသနာ၌ ဂတပစ္စာဂတိက[မှတ်စု ၁] အဖြစ်ဖြင့် အနုလောမ ဂေါတြဘူအနီးတိုင်အောင်ဝိပဿနာကို အားထုတ်ခြင်း [၄]
အပရေ(တပါးသော)ဆရာတို့အလို ပဋိသမ္ဘိဒါဉာဏ်ရခြင်း အကြောင်း ၈-ပါး
ပြင်ဆင်ရန်- ၁။ ရှေးဘုရားရှင်တို့ သာသနာ၌ အနုလောမ ဂေါတြဘူအနီးတိုင်အောင် ဝိပဿနာကို အားထုတ်ခြင်း
- ၂။ ထိုထိုကျမ်းဂန်တို့၌လည်းကောင်း ထိုထိုအတတ်ပညာတို့၌လည်းကောင်း အကြားအမြင်များခြင်း
- ၃။ ထိုထိုအရပ်ဒေသသုံး ဘာသာစကားကို တတ်ကျွမ်းခြင်း (အထူးအားဖြင့် မာဂဓဘာသာဝေါဟာရ၌ တတ်ကျွမ်းခြင်း
- ၄။ အောက်ထစ်ဆုံးအားဖြင့် ဩပမ္မဝဂ်[မှတ်စု ၂]မျှသော်လည်း ဘုရားစကားတော်ကို အာဂုံနှုတ်တက်ဆောင်ခြင်း
- ၅။ တခုသော ဂါထာလောက်ကိုမျှ အနက်အဆုံးအဖြတ်ကို မေးမြန်းခြင်း
- ၆။ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ တခုခု ဖြစ်ခြင်း
- ၇။ အကြားအမြင်များသော ဆရာတို့ထံနေခြင်း
- ၈။ အကြားအမြင်များသော မိဆွေကောင်းများ ရှိခြင်း
- ↑ ဂတ=သွားခြင်း၊ ပစ္စာဂတ=တဖန်ပြန်လာခြင်း၊ ဣက=ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်း၊ ဂတပစ္စာဂတိက=ဆွမ်းခံသွားစဉ်, ဆွမ်းခံရာမှ ပြန်လာစဉ်အခါတို့၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းသောကျင့်ဝတ်။ အဓိဋ္ဌာန်ဖြင့် ကမ္မဋ္ဌာန်းကို နှလုံးသွင်း၍ လမ်းသွားစဉ် ကမ္မဋ္ဌာန်းပျက်ခဲ့သော် ယင်းကမ္မဋ္ဌာန်းပျက်ရာ ဌာနသို့ ပြန်သွားပြီး တဖန် ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြန်သော ကျင့်ဝတ်။
- ↑ ‘ဓမ္မပဒ’မှ ‘ယမကဝဂ်’ကို ‘ဩပမ္မဝဂ်’ဟု ဆိုသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ပဋိသမ္ဘိဒါဉာဏ (န) [ပဋိသမ္ဘိဒါ + ဉာဏ ] ပဋိသမ္ဘိဒါဉာဏ်၊
- ↑ (အဘိ၊ဝိ၊ ၃၀၇။ ပဋိသံ၊၂၊၈၅-၈။ အဘိ၊ဋ္ဌ၊၂၊၃၇၀။ ပဋိသံ၊ဋ္ဌ၊၁၊၃)။ ပညာပဋိလာဘာယ သံဝတ္တန္တီတိ ကတပညာပဋိလာဘော? စတုန္နံ မဂ္ဂဉာဏာနံ စတုန္နံ ဖလဉာဏာနံ စတုန္နံ ပဋိသမ္ဘိဒါဉာဏာနံ ... လာဘော ပဋိလာဘော။ ပဋိသံ၊၃၇၁။ ဣဒါနိ ယသ္မာ ပဟာနဘာဝနာသစ္ဆိကိရိယဉာဏာနိ အရိယမဂ္ဂဖလသမ္ပယုတ္တာနိပိ ဟောန္တိ၊ တသ္မာ တဒနန္တရံ အရိယပုဂ္ဂလာနံယေဝ လဗ္ဘမာနာနိ စတ္တာရိ ပဋိသမ္ဘိဒါဉာဏာနိ ဥဒ္ဒိဋ္ဌာနိ။ ပဋိသံ၊ဋ္ဌ၊၁၊၃၃။ (အံ၊ဋ္ဌ၊၁၊၄၁၁။ အဘိ၊ဋ္ဌ၊၂၊၁၄၇၊ ၃၈၈။ အဘိ၊ဋ္ဌ၊၃၊၁၆၅။ ဣတိဝုတ်၊ဋ္ဌ၊၁၂၀။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၂၀။ မဟာနိ၊ဋ္ဌ၊၂၃၂။ မူလဋီ၊၂၊၁၉၅။ နေတ္တိ၊ဝိ၊၃၅၁။)
- ↑ "တိပိဋကအဘိဓာန်"တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း-၁
- ↑ (အဘိဓမ္မာဝတာရ အဋ္ဌကထာ နိဿယ ၅၆၅-၅၆၈)
- ↑ (မဟာစည် ဝိသုဒ္ဓိ ပြန် တ ၁၉၄-၁၉၅)
- ↑ ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်။