ပနားမားနိုင်ငံ

(ပနမားနိုင်ငံ မှ ပြန်ညွှန်းထားသည်)

ကိုဩဒိနိတ်: 9°N 80°W / 9°N 80°W / 9; -80


ပနားမားနိုင်ငံ၏ ရုံးသုံးအမည်မှာ ပနားမားသမ္မတနိုင်ငံ ဖြစ်ပြီး အမေရိက အလယ်ပိုင်း၏ တောင်ဘက် အစွန်ဆုံးသော နိုင်ငံ ဖြစ်သည်။ မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်ကို ဆက်သွယ်ထားသော ရေလက်ကြားနေရာတွင် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် ကော့စတာရီကာနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ကိုလံဘီယာနိုင်ငံ၊ မြောက်ဘက်တွင် ကာရစ်ဘီယံပင်လယ်နှင့် တောင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ တို့က ဝိုင်းရံလျက် ရှိကြသည်။ မြို့တော်မှာ ပနားမားမြို့ ဖြစ်သည်။ စပိန်တို့က ၁၆ ရာစုတွင် ရှာဖွေတွေ့ရှိ ထူထောင်ခဲ့သော်လည်း ၁၈၂၁ ခုနှစ်တွင် ပနားမားနိုင်ငံသည် စပိန်မှ ခွဲထွက်ခဲ့ပြီး နျူဗာဂရန်နေဒါ၊ အီကွေဒေါနိုင်ငံ နှင့် ဗင်နီဇွဲလားနိုင်ငံ တို့ဖြင့် ပြည်ထောင်စုသို့ ပူးပေါင်းပါဝင်ခဲ့သည်။ ထိုပြည်ထောင်စုကို ဂရန်း ကိုလံဘီယာ သမ္မတနိုင်ငံဟု ခေါ်တွင် ခဲ့သော်လည်း ၁၈၃၀ ခုနှစ်တွင် ဖျက်သိမ်းပစ်ခဲ့ပြီး ပနားမားနှင့် နျူဗာ ဂရန်နေဒါတို့မှာ ဆက်လက်ပေါင်းစည်းလျက် ရှိခဲ့သည်။ နျူဗာ ဂရန်နေဒါမှာ နောင်တွင် ကိုလံဘီယာ သမ္မတနိုင်ငံ ဖြစ်လာခဲ့သည်။

ပနားမားသမ္မတနိုင်ငံ
República de Panamá  (စပိန်)
ပနားမားနိုင်ငံ၏ အလံတော်
အလံတော်
ပနားမားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "Pro Mundi Beneficio"
"ကမ္ဘာ့အကျိုးအတွက်"
နိုင်ငံတော် သီချင်း: Himno Istmeño  (စပိန်)
Hymn of the Isthmus
ပနားမားနိုင်ငံ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ပနားမားမြို့
8°58′N 79°32′W / 8.967°N 79.533°W / 8.967; -79.533
ရုံးသုံး ဘာသာစကားများစပိန်
လူမျိုးစု (2010[])
ကိုးကွယ်မှု
လူမျိုးPanamanian
အစိုးရပြည်ထောင်စု သမ္မတ ဖွဲ့စည်းပုံသမ္မတနိုင်ငံ
Laurentino Cortizo
Jose Gabriel Carrizo
ဥပဒေပြုလွှတ်တော်အမျိုးသားလွှတ်တော်
လွတ်လပ်ရေးရ
၁၈၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်
• ဂရန်း ကိုလံဘီယာနှင့် ပေါင်းစည်းခြင်း
၁၈၂၁ ခုနှစ် ဒီဇင်ဘာ
၁၉၀၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်
၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်
၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်
ဧရိယာ
• စုစုပေါင်း
၇၅,၄၁၇ km2 (၂၉,၁၁၉ sq mi)[][] (အဆင့်: ၁၁၆)
• ရေထု (%)
၂.၉
လူဦးရေ
• ၂၀၂၁ ခန့်မှန်း
၄,၃၇၉,၀၃၉[]
• ၂၀၁၀ သန်းခေါင်စာရင်း
3,405,813[]
• သိပ်သည်းမှု
၅၆/km2 (၁၄၅.၀/sq mi) (အဆင့် - ၁၂၂)
GDP (PPP)၂၀၂၀ ခန့်မှန်း
• စုစုပေါင်း
$၁၂၁.၇၄၉ ဘီလီယံ[] (အဆင့် - ၈၀)
• Per capita
$၂၈,၄၅၆[] (အဆင့် - ၅၇)
GDP (nominal)၂၀၂၀ ခန့်မှန်း
• စုစုပေါင်း
$၇၃.၃၆၉ ဘီလီယံ[] (အဆင့် - ၇၀)
• Per capita
$၁၇,၁၄၈[] (အဆင့် - ၅၂)
Gini (၂၀၁၇) ၄၉.၉[]
မြင့်
HDI (၂၀၁၉)Increase ၀.၈၁၅[]
အလွန်မြင့် · ၅၇
ငွေကြေး
အချိန်ဇုန်EST (UTC−5)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၅၀၇
ISO 3166 ကုဒ်PA
Internet TLD.pa

အမေရိကန်ပြည်ထောင်စု၏ ကျောထောက်နောက်ခံဖြင့် ပနားမားသည် ကိုလံဘီယာမှ ၁၉၀၃ ခုနှစ်တွင် ခွဲထွက်ခဲ့ကာ အမေရိကန် စစ်တပ်အား ၁၉၀၄ ခုနှစ် နှင့် ၁၉၁၄ ခုနှစ် အတွင်းတွင် ပနားမား တူးမြောင်းကို ဖောက်လုပ်ခွင့်ပေးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုမှ ပနားမားအား ရာစုနှစ် အကုန်တွင် တူးမြောင်းကို လုံးဝ အပြီးအပိုင် လွှဲပြောင်းပေးအပ်ရန် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။[]

တူးမြောင်းဖြတ်သန်းခ ကောက်ခံခြင်းမှ ရသော ဝင်ငွေသည် ပနားမား၏ နိုင်ငံစုစုပေါင်းထွက်ကုန် ဝင်ငွေတွင် အရေးပါသော အစိတ်အပိုင်းမှ ပါဝင်သည်။ ပနားမားသည် အမေရိက အလယ်ပိုင်းတွင် တတိယ သို့မဟုတ် စတုတ္ထမြောက် အကြီးမားဆုံး စီးပွားရေး ရှိသော နိုင်ငံ ဖြစ်သည်။ [၁၀]ထို့ပြင် ပနားမားသည် အလျှင်အမြန် တိုးတက်နေသော စီးပွားရေးရှိပြီး အမေရိက အလယ်ပိုင်းတွင် လူတစ်ဦးချင်း အများဆုံး သုံးငွေ ရှိသည်။[၁၁][၁၂] ၂၀၁၀ ခုနှစ်တွင် ပနားမားသည် လက်တင်အမေရိကတွင် လူထုဖွံ့ဖြိုးရေးညွှန်းကိန်းနိုင်ငံများစာရင်း၌ စတုတ္ထနေရာတွင် ရှိပြီး ကမ္ဘာပေါ်တွင် နံပါတ် ၅၄ ဖြစ်သည်။ [၁၃]၂၀၁၀ ခုနှစ် ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှ ထုတ်ပြန်သော တကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုပြ ညွှန်းကိန်းတွင် ပနားမားသည် လက်တင် အမေရိက၌ ဒုတိယ နေရာတွင် ရှိသည်။ ပနားမားတွင် အနောက်ဘက် ကမ္ဘာခြမ်း၌ အမေဇုန်ဘေစင် တောအုပ်မှ လွဲလျှင် အကြီးဆုံးသော တောအုပ်ရှိပြီး ဒေသဆိုင်ရာ အပင်များ၊ တိရစ္ဆာန်များ နှင့် ငှက်များ အမြောက်အမြားရှိကာ ၎င်းတို့ကို ကမ္ဘာ၏ အခြားမည်သည့်နေရာတွင်မှ မတွေ့ရပေ။[၁၄]

  1. PanamaCIA World Factbook
  2. "Demographic Yearbook – Table 3: Population by sex, rate of population increase, surface area and density" (2012). United Nations Statistics Division. 
  3. United Nations Statistics Division - Demographic and Social Statistics
  4. Panama Population။ July 1, 2021 တွင် ပြန်စစ်ပြီး။
  5. Distribución territorial y migración interna en Panamá: Censo 2010 (PDF) (အစီရင်ခံစာ) (စပိန်ဘာသာစကားဖြင့်)။ National Institute of Statistics and Census of Panama။ 2014။ p. 2December 22, 2015 တွင် ပြန်စစ်ပြီး
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ World Economic Outlook Database, October 2019အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။ January 16, 2019 တွင် ပြန်စစ်ပြီး။
  7. Gini Indexကမ္ဘာ့ဘဏ်။ June 16, 2019 တွင် ပြန်စစ်ပြီး။
  8. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ December 15, 2020။ pp. 343–346။ ISBN 978-92-1-126442-5December 16, 2020 တွင် ပြန်စစ်ပြီး
  9. CIA – The World Factbook။ Cia.gov။ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-12-23 တွင် ပြန်စစ်ပြီး။
  10. CIA – The World Factbook – Field Listing – GDP (official exchange rate)CIA။ 24 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-01-12 တွင် ပြန်စစ်ပြီး။ And: CIA – The World Factbook – Country Comparison – National product။ CIA။ 4 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-01-12 တွင် ပြန်စစ်ပြီး။ See also: IMF.org
  11. Annual % Growth – Final Consumption Expenditure, Etc. statistics – countries compared။ NationMaster။ 5 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-06-26 တွင် ပြန်စစ်ပြီး။
  12. Final Consumption Expenditure, Etc. constant 2000 us$ (per capita) (most recent) by country။ Nationmaster.com။ 2010-06-26 တွင် ပြန်စစ်ပြီး။
  13. UNDP Human Development Report 2010။ Table 1: Human development index 2010 and its components (PDF)။ UNDP။ 2010-11-06 တွင် ပြန်စစ်ပြီး။ pp. 144
  14. "Country profile: Panama"၊ BBC News၊ 2010-06-30။