ပလက်ဝခရိုင် (အင်္ဂလိပ်: Paletwa District)သည် ချင်းပြည်နယ် တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ၂၀၂၂ခုနှစ် ဧပြီလတွင်မှ အသစ်ထပ်မံဖွဲ့စည်းခဲ့သော ခရိုင်တစ်ခုဖြစ်သည်။

ပလက်ဝခရိုင်
ခရိုင်
ချင်းပြည်နယ်အတွင်းတည်နေရာ
ချင်းပြည်နယ်အတွင်းတည်နေရာ
ပလက်ဝခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပလက်ဝခရိုင်
ပလက်ဝခရိုင်
ချင်းပြည်နယ်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 21°18′N 92°51′E / 21.300°N 92.850°E / 21.300; 92.850ကိုဩဒိနိတ်: 21°18′N 92°51′E / 21.300°N 92.850°E / 21.300; 92.850
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
မြို့နယ်ပေါင်း
မြို့တော်ပလက်ဝမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်သောမြို့နယ်များ ပြင်ဆင်ရန်

 
ပလက်ဝခရိုင်မြို့နယ်များ
  ပလက်ဝမြို့နယ်

ပလက်ဝခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

ယခင်က မင်းတပ်ခရိုင်တွင် မင်းတပ်မြို့နယ်ကန်ပက်လက်မြို့နယ်မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ပြည်သူ့လွှတ်​တော် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ ထိုအကြောင်းကို ပြည်ထောင်စုလွှတ်တော်မှ ပြည်နယ်အစိုးရအား သဘောထားတောင်းခံသည်။ သို့သော် ပြည်နယ်လွှတ်တော်တွင် ပလက်ဝကို ခရိုင်အဆင့်မြှင့်ရန် သင့်မသင့် မဆွေးနွေးဘဲ မတူပီနှင့် ပလက်ဝမြို့နယ်များအနက် မည်သည့်မြို့နယ်ကို ခရိုင်အဆင့်မြှင့်ရန် မဲခွဲဆုံးဖြတ်ရာ မတူပီမှ ၁၁ မဲ၊ ပလက်ဝမှ ၉ မဲရရှိခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ခုနှစ် ဇွန်လတွင် မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ ပါဝင်သော မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ပါဝင်သော မတူပီခရိုင်အဖြစ် ခရိုင်(၂)ခုပြောင်းလဲဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အကြောင်းကြားခဲ့သည်။ ထို့​ကြောင့် ချင်းပြည်နယ်တွင် ခရိုင် (၄)ခုအထိ ရှိလာခဲ့သည်။ သို့သော် တစ်နှစ်အကြာ ၂၀၁၈ ခုနှစ်အထိ မြေနေရာအခက်အခဲကြောင့် ခရိုင်အဆင့်ရုံးနှင့်ဝန်ထမ်းများ ခန့်အပ်ထားနိုင်ခြင်းမရှိသေးဘဲ မြို့နယ်ရုံးများတွင်သာ ယာယီဖွင့်လှစ်ထားခဲ့ရသည်။[၂][၃][၄]

၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခရိုင်အသစ်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ထိုအခါတွင်မှ မတူပီခရိုင် မှ ပလက်ဝမြို့နယ်ကို ခရိုင်အဆင့် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။

ကိုးကား ပြင်ဆင်ရန်