[] (၁) ဘဝကို တောင့်တမှု၊ ဘဝ၌တပ်မက်စွဲလမ်းမှု၊ ဘဝကို ချည်နှောင်တတ်သောတဏှာ။ []

(၂) သဿတ ဒိဋ္ဌိနှင့်တကွ ဖြစ်သောတဏှာ။ [] []

ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ

ပြင်ဆင်ရန်

ဝေဒနာကြောင့် ဖြစ်ပေါ်လာသည့် ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ ဟူသော တဏှာ ၆-မျိုးတွင် တစ်မျိုး တစ်မျိုးသော တဏှာသည် ဖြစ်ပုံ အခြင်းအရာအားဖြင့် ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာဟု ၃-မျိုးစီ ကွဲပြားသည်။

ရူပါရုံစသော အာရုံ ၆-ပါးကို သာယာသည်၏ အစွမ်းဖြင့်ဖြစ်သော တဏှာသည် ကာမတဏှာမည်၏။

အာရုံ ၆-ပါးကို အမြဲတည်၏ဟူသော အမြင်မှား အယူမှားနှင့်တကွ သာယာတပ်မက်သော တဏှာသည် ဘဝတဏှာမည်၏။

ထိုထိုအာရုံ ၆-ပါးကို ပြတ်စဲ၏ဟူသော အမြင်မှား အယူ မှားနှင့်တကွ သာယာတပ်မက်သော တဏှာသည် ဝိဘဝတဏှာမည်၏။ []

အမြဲတန်း မွတ်သိပ်ဆာလောင် သည်၏အစွမ်းဖြင့် အာရုံဟူသော အကြောင်းကြောင့် အမြဲမပြတ် တုန်လှုပ်တတ် စွဲမက်ဖွယ် အာရုံတစ်မျိုးမျိုးကို အမြဲမပြတ် တောင့်တတတ်သော သဘောတရားသည် တဏှာမည်၏။ []

ဘဝ တစ်မျိုးမျိုးကို တောင့်တမှုသည် ဘဝတဏှာမည်၏။ []

ငါးဝအာရုံ ကာမဂုဏ်တို့၌ တပ်မက်မှုသည် ကာမတဏှာ၊ ရူပ အရူပဘဝ၌ တပ်မက်မှုသည် ဘဝတဏှာ၊ ဘဝပြတ်စဲမှုဟူသော ဝိဘဝ၌ တပ်မက်မှုသည် ဝိဘဝတဏှာမည်၏။ []

ဘဝကို တောင့်တသည်၏ အစွမ်းဖြင့်ဖြစ်သော တဏှာ, သဿတဒိဋ္ဌိနှင့် တကွ ဖြစ်သောတဏှာ, ရူပ အရူပဘဝကို တပ်မက်သော တဏှာ, ဈာန်ဟူသော ကမ္မဘဝကို တပ်မက်သော ဈာနနိကန္တိတို့ကိုလည်း ဘဝတဏှာဟု ခေါ်သည်။ []

ဘဝကို တောင့်တသည်၏ အစွမ်းဖြင့် ဖြစ်သော တဏှာဟူရာ၌ ရူပဘဝ အရူပဘဝ၌ တပ်မက်သော ရာဂကို (ရူပါရူပရာဂဿပုဒ် ဖြင့်) သီးခြားဆိုလတ္တံ့ ဖြစ်၍ ကာမဘဝကို တောင့်မှု တဏှာကိုသာ ယူရမည်။ [၁၀]

ရရှိပြီး ရူပ အရူပဘဝတို့၌ တပ်မက်မှု ဘဝတဏှာ ဖြစ်နိုင်၏၊ မရရှိသေးသော ရူပ အရူပဘဝတို့၌ တပ်မက်မှု ဘဝတဏှာ မဖြစ်နိုင်၊ မရရှိသေးသော ရူပ အရူပဘဝကို လိုချင်တောင့်တမှု ဘဝတဏှာသာ ဖြစ်နိုင်၏။ [၁၁]

တဏှာများ၏ ဖြစ်ရာ ဌာန

ပြင်ဆင်ရန်

အဆိုပါ တဏှာ ၃-မျိုးသည် တဖန် ဘဝသစ်ကို ဖြစ်စေတတ်သည်၊ ယင်းတို့ ဖြစ်ပေါ် လာလျှင် မည်သည့် အခိုက်အတန့် မည်သည့် အသွင်အပြင်မျိုးဖြင့် ဖြစ်ဖြစ် နှစ်သက်တပ်မက်ခြင်း (နန္ဒီရာဂ) သဘောကို မစွန့်လွှတ်ပဲ ဖြစ်တတ်ကြသည်၊ တွေ့တိုင်း ကြုံတိုင်းသော ထိုထိုအတ္တဘော ထိုထိုအာရုံကို နှစ်သက် လက်ခံတတ်သည်၊ ထိုထိုတဏှာများ၏ ဖြစ်ရာ ဌာနကား ချစ်ခင်ဖွယ် သာယာဖွယ် သဘော ပိယရုပ် သာတရုပ်တို့တည်း။ ပိယရုပ် သာတ ရုပ်ကို အာရုံပြု၍ အဆိုပါ တဏှာများ ဖြစ် ပေါ်လာကြသည်။ (ပိယရူပ, သာတရူပ-ကြည့်။)

ဘဝတဏှာကြောင့် သုဂတိဘဝရောက်

ပြင်ဆင်ရန်

ဒုဂ္ဂတိဘဝသို့ ရောက်စေတတ်သော ကံ၏ ထူးသော အကြောင်းကား အဝိဇ္ဇာ၊ သုဂတိဘဝသို့ ရောက်စေတတ်သော ကံ၏ ထူးသောအကြောင်းကား ဘဝတဏှာတည်း။ ဘဝတဏှာနှိပ်စက်ခံရသူသည် ကိလေသာ ပူပန်ခြင်း ကင်းသဖြင့် သာယာဖွယ်ရှိသော သုဂတိဘုံဘဝသို့ ရောက်စေတတ်သဖြင့် မိမိ၏ ဒုဂ္ဂတိဆင်းရဲ ပင်ပန်းမှုကို ပယ်ဖျောက်တတ်သော သူ့အသက်ကိုသတ်ခြင်းစသည်မှ ရှောင်ကြဉ်မှုစသော သုဂတိဂါမိကံ ကုသိုလ်အမျိုးမျိုးကို ပြုလုပ်တော့၏၊ ယင်းသို့ ပြုလုပ်ခြင်းကြောင့် သုဂတိဘဝသို့ လားရောက်ရတော့၏။ [၁၂]

ဘဝတဏှာ ပြတ်စဲရန်

ပြင်ဆင်ရန်

ဝေဒနာကြောင့် တဏှာ ၃-မျိုးဖြစ်၍ ဝေဒနာ မဖြစ်လျှင် ယင်းတဏှာလည်းမဖြစ်တော့။ [၁၃]

အဝိဇ္ဇာကြောင့် ဘဝတဏှာ ဖြစ်သည်။ [၁၄]

တဏှာ ၃-မျိုးကို ပယ်သတ်ရန် မဂ္ဂသစ္စာကို ပွားများရမည်။ [၁၅]

သစ္စာ ၄-ပါးကိုသိလျှင် ဘဝတဏှာ ပြတ်စဲသည်။ [၁၆]

မဂ်ဖိုလ်နှင့်ယှဉ်သော သီလ, သမာဓိ, ပညာ, ဖိုလ် ဤ ၄-မျိုးကိုသိလျှင် ဘဝတဏှာပြတ်စဲသည်။ [၁၇]

ဘဝတို့၏ဖြစ်ခြင်း =သမုဒယ၊ ချုပ်ခြင်း = အတ္ထင်္ဂမ၊ သာယာခြင်း = အဿာဒ၊ အပြစ် = အာဒီနဝ၊ လွတ်မြောက်ခြင်း = နိဿရဏများကို အမှန်အတိုင်းမသိလျှင် တဏှာဖြစ်၍ သိလျှင် ယင်းတဏှာပြတ်စဲ၏။ [၁၈]

ဝိပဿနာဖြင့်လည်း ဘဝတဏှာ ပြတ်စဲနိုင်သည်။ [၁၉]

ရေသည် ခရီးပန်း နေပူမိကြသော လူနှင့် တိရစ္ဆာန်တို့၏ မွတ်သိပ် ဆာလောင်ခြင်းကို ပယ်ဖျောက်နိုင်သကဲ့သို့ နိဗ္ဗာန်သည်လည်း ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ ဟူသော ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်နိုင်သည်။ [၂၀]

တဏှာကို အရင်းခံ၍ စစ်ပွဲကြီးများအထိ ဆိုးကျိုး အမျိုးမျိုးဖြစ် တတ်ပုံ ဖြစ်နိုင်ပုံကို ဤအဘိဓာန်နှာ ၄၉-၅၀-ကြည့်။) []

  1. ဘဝတဏှာ (ထီ) [ဘဝ+တဏှာ]
  2. (၁) အဝိဇ္ဇာ ဘဝတဏှာ စ။ ဒီ၊၃၊၁၇၈။ အဘိ၊ဓ၊၁၄။ ပဋိသံ၊၂၆။ (သံ၊၂၊၂၂။ အံ၊၃၊၃၄၈။ အဘိ၊ဝိ၊ ၃၇၂။ ဣတိဝုတ်၊၂၂၉။ ဒီ၊ဋ္ဌ၊၁၊၁၁၆။ ဒီ၊ဋ္ဌ၊၂၊၉၇။) ဘဝတဏှာတိ ဘဝပတ္ထနာ။ ဒီ၊ဋ္ဌ၊၃၊၁၆၀။ အဘိ၊ဋ္ဌ၊၁၊၉၄။ ဘဝတဏှာတိ ကာမဘဝါဒီသု ဘဝေသု ပတ္ထနာ။ ပဋိသံ၊ဋ္ဌ၊၁၊၁၀၉။ (အံ၊ဋ္ဌ၊၃၃၁၇။ အဘိ၊ဋ္ဌ၊၂၊၁၀၄။ ဣတိဝုတ်၊ဋ္ဌ၊၁၈၉။) ဘဝပတ္ထနာနာမ ကာမဘဝါဒီနံ ပတ္ထနာဝသေန ပဝတ္တတဏှာ။ ဒီ၊ဋီ၊၃၊၁၇၃။ (ဒီ၊ဋီ၊၁၊၁၈၅။ ဒီ၊ဋီ၊၂၊၁၁၂။)(ဘဝ (၆) နှင့် ဘဝ-တို့ကြည့်။)
  3. (၂) တတ္ထ ကတမာ ဘဝတဏှာ၊ ဘဝဒိဋ္ဌိသဟဂတော ရာဂေါ သာရာဂေါ စိတ္တဿသာရာဂေါ၊ အဟံ ဝုစ္စတိ ဘဝတဏှာ။ အဘိ၊ဝိ၊၃၇၉။ (ဒီ၊၂၊၅၂။ ပဋိသံ၊၃၉။) ဘဝတဏှာတိ သတဒိဋ္ဌိသဟဂတော ရာဂေါ။ ဒီ၊ဋ္ဌ၊၂၊၉၀။ (—ပဋိသံ၊ဋ္ဌ၊၁၊၁၄၆။) ဘဝတိအတ္ထိ သဗ္ဗကာလံ တိဋ္ဌတီတိ ပဝတ္တာ ဘဝဒိဋ္ဌိ ဥတ္တရပဒလောပေန ဘဝေါ၊ တံ သဟဂတာ တဏှာ ဘဝတဏှာ။ ဒီ၊ဋီ၊၂၊၉၉။
  4. ၄.၀ ၄.၁ တိပိဋကအဘိဓာန် အတွဲ-၁၅
  5. အဘိ၊ဋ္ဌ၊၂၊၁၇၀-၁။ ဝိသုဒ္ဓိ၊၂၊၂၀၂၊
  6. ပရမတ္ထဒီပနီ၊၃၇၆။
  7. အဘိ၊ဋ္ဌ၊၁၊၉၄။
  8. အဘိ၊ဋ္ဌ၊၁၊၃၉၈။
  9. ဒီ၊၂၊၂၄၆။ ဒီ၊ဋ္ဌ၊၂၊၃၈၉။ ဒီ၊ဋ္ဌ၊၃၊၁၇၀။ အဘိ၊ဋ္ဌ၊၂၊၁၀၄။ ဣတိဝုတ်၊ဋ္ဌ၊၁၈၉။
  10. ဒီ၊ဋီ၊၂၊၃၄၀။
  11. ဒီ၊ဋီ၊၃၊၁၈။
  12. အဘိ၊ဋ္ဌ၊၂၊၁၂၆။ ဝိသုဒ္ဓိ၊၂၊၁၅၂၆—၇။
  13. ဒီ၊၂၊၄၉-၅၀၊
  14. နေတ္တိ၊၃၇။
  15. သံ၊၃၊၅၃။
  16. သံ၊၃၊၃၇၈။
  17. ဒီ၊၂၊၁၀၂၊ အံ၊၁၊၃၀၇။
  18. အံ၊၁၊၃၁၇-၈။
  19. ဥဒါန၊၁၁၆။ ဥဒါန၊ဋ္ဌ၊၁၉၄။
  20. မိလိန္ဒ၊၃၀၅။