ဘာဘေးဒိုးစ်နိုင်ငံ
ဘာဘေးဒိုးစ်နိုင်ငံသည် အတ္တလန္တိတ်သမုဒ္ဒရာ အနောက်ပိုင်းရှိ အင်တီလီးစ် (Lesser Antilles) ကျွန်းစု ထဲမှ ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ အလျား ၃၄ကီလိုမီတာနှင့် အကျယ် ၂၃ ကီလိုမီတာမျှသာရှိပြီး ၄၃၁စတုရန်းကီလိုမီတာမျှသာရှိသော နိုင်ငံငယ်လေးတစ်ခုဖြစ်သည်။ ဝင်းဒ်ဝါ့ဒ်ကျွန်း နှင့် ကရစ်ဘီယံပင်လယ် တို့မှ အရှေ့ဘက် ကီလိုမီတာ ၁၀၀ မျှသာဝေးကွာသည်။ [၁] စိန့်ဗင်းဆင့်နှင့်ဂရင်နာဒင်းစ် ကျွန်းနိုင်ငံမှ အရှေ့ဘက် ၁၆၈ ကီလိုမီတာအကွာ၊ ထရီနီဒက်နှင့်တိုဘာဂိုကျွန်းနိုင်ငံမှ အရှေ့မြောက်ဘက် ကီလိုမီတာ ၄၀၀ အကွာ တွင် တည်ရှိသည်။ အတ္တလန္တိတ်သမုဒ္ဒရာ ဟာရီကိန်းမုန်တိုင်းဧရိယာမှ ကင်းလွတ်သော နယ်မြေဖြစ်သည်။ အစောပိုင်းတွင် ပေါ်တူဂီကိုလိုနီနယ်အတွင်း ကျရောက်ခဲ့ဖူးပြီး ၁၆၂၅တွင် အင်္ဂလန်ဘုရင်၏ လက်အောက်သို့ ကျရောက်ခဲ့သည်။ နောက်ပိုင်းတွင် ဗြိတိသျှအင်ပါယာအတွင်း ကျရောက်ခဲ့သည်။ [၂] လူဦးရေ စုစုပေါင်း ၂၇၅,၃၃၈ ခန့်ရှိသည်။ [၃] လူဦးရေ ၈၀,၀၀၀ ခန့်မှာ မြို့တော် ဘရစ်ချ်တောင်း တွင် နေထိုင်ကြသည်။ [၄] ၁၉၆၆တွင် ဘာဘေးဒိုးစ်နိုင်ငံသည် လုံးဝလွတ်လပ်သော တိုင်းပြည်ဖြစ်လာခဲ့ပြီး ဓနသဟာယအဖွဲ့ဝင်နိုင်ငံလည်းဖြစ်လာသည်။ တိုင်းပြည်၏ အကြီးအကဲအဖြစ် အင်္ဂလန်ဘုရင်မ ဒုတိယမြောက်အယ်လီဇဘက် ကို ထားရှိသည်။ [၅] ဘာဘေးဒိုးစ်နိုင်ငံသည် ကရစ်ဘီယံဒေသအတွင်း ခရီးသွားလုပ်ငန်းအဖွံ့ဖြိုးဆုံးတိုင်းပြည်ဖြစ်ပြီး ဒေသတွင်း လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း (Human Development Index|HDI) လည်း ၀.၇၈၈ ဖြင့် အမြင့်ဆုံးဖြစ်သည်။
သမိုင်းကြောင်းပြင်ဆင်
နိုင်ငံရေးပြင်ဆင်
အစိုးရအဖွဲ့ပြင်ဆင်
စီးပွားရေးပြင်ဆင်
ပထဝီဝင်အနေအထားပြင်ဆင်
ရာသီဥတုပြင်ဆင်
လူဦးရေနှင့်လူမျိုးများပြင်ဆင်
ယဉ်ကျေးမှုပြင်ဆင်
စစ်တပ်ပြင်ဆင်
ပညာရေးပြင်ဆင်
ကျန်းမာရေးပြင်ဆင်
ခရီးသွားလုပ်ငန်းပြင်ဆင်
ကိုးကားပြင်ဆင်
- ↑ Chapter 4 - The Windward Islands and Barbados - U.S. Library of Congress
- ↑ Secretariat။ Barbados - History။ Commonwealth of Nations။
- ↑ Staff (2008)။ Latest Socio-Economic Indicators။ Barbados Statistical Service။ 5 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Staff (2008)။ Places of interest - BRIDGETOWN။ Government of Barbados။ 13 September 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ HRM Queen Elizabeth II (2010)။ History and present government - Barbados။ Monarchy of Barbados။ 10 May 2010 တွင် ပြန်စစ်ပြီး။
ဤ ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |