မင်းဖလောင်း (မြန်မာ အသံထွက်: [mɪ́ɴ pʰəláʊɴ]); Sikander Shahဟုလည်းသိကြ ( ဖေဖော်ဝါရီ ၂၇ ၁၅၃၅– ဇူလိုင် ၄ ၁၅၉၃)သည် မြောက်ဦးနေပြည်တော်၏ ဘုရင်တစ်ပါး ဖြစ်ခဲ့သည်။ ၁၅၇၂ ခုနှစ်မှ ၁၅၉၃ ခုနှစ်အထိအပ်ချုပ်ခဲ့ပြီး ခမည်းတော် မင်းဗာ လက်ထက်အတွင်း စတင်ထွန်းကားလာခဲ့သော ရခိုင်ပြည်ကို ဆက်လက် ထွန်းကားအောင်ဦးဆောင်ခဲ့သည်။ သူ၏နယ်မြေကို တြိပူရနှင့် မြောက်ပိုင်းဘင်္ဂလားသို့ တိုးချဲ့ပြီး တောင်ငူမြန်မာကျူးကျော်မှုကိုလည်း ခုခံခဲ့သည်။ ၁၅၉၃ ခုနှစ်တွင် ထီးနန်းဆက်ခံသော သားတော် ဒုတိယရာဇာထံ သာယာထွန်းကားသော နိုင်ငံတစ်ခုကို ပေးရန်ခဲ့သည်။

မင်းဖလောင်း
Sikandar Shah
ရခိုင်ဘုရင်
နန်းသက်၇ ဖေဖော်ဝါရီ ၁၅၇၂ – ၄ ဇူလိုင် ၁၅၉၃
ရှေ့မင်းဆက်မင်းစကြာ
ဆက်ခံသူမင်းရာဇာကြီး
ဝန်ကြီးချုပ်မဟာပညာကျော်
မွေးဖွား၂၇ ဖေဖော်ဝါရီ ၁၅၃၅
မြန်မာသက္ကရာဇ် ၈၉၆၊ တပေါင်းလဆုတ် ၁၀ ရက် (စနေနေ့မွေး) [note ၁]
မြောက်ဦးမြို့
ကွယ်လွန်၄ ဇူလိုင် ၁၅၉၃ (အသက် ၅၈)
မြန်မာသက္ကရာဇ် ၉၅၅၊ ဝါဆိုလဆန်း ၆ ရက် (တနင်္ဂနွေနေ့) []
မြောက်ဦးမြို့
အိမ်ထောင်ဖက်စောမိတော် (မိဖုရားခေါင်)
စောသန္တာ
စောလတ်
စောဦး
သားသမီးများဒုတိယရာဇာ
သတိုးမင်းဆော
ကင်ဇန ဒေဝီ (သမီး)
ရှင်မ (သမီး)
Salat Dewi (သမီး)[]
စံအိမ်မင်းဗာ
ခမည်းတော်မင်းဗာ
မယ်တော်စောရှင်[]
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

အစောပိုင်းဘဝ

ပြင်ဆင်ရန်

မင်းဖလောင်းကို ၁၅၃၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် စနေနေ့ မြန်မာသက္ကရာဇ် တပေါင်းလဆုတ် ၁၀ ရက် ၈၉၆ခနှစ် ၈၅၄ ခုနှစ် အဖ မင်းဗာကြီး အမိ စောရှင် တို့မှ မြောက်ဦးမြို့တွင် မွေးဖွားခဲ့သည်။ ဖွားတော်ထွေးဟု အမည်ပေးခဲ့သည်။ မြောက်ဦးမြို့ကို ပေါ်တူဂီတို့၏ စီးနင်းမှုအတွင်း မွေးဖွားခဲ့၍ ရက္ခိုင်စကားအရပေါ်တူကီးလူများကို "ဖလောင်း"ဟုခေါ်သောကြောင့် သူ့ကို မင်းဖလောင်းဟု ခေါ်လာခဲ့သည်။

မင်းဖလောင်းကို စစ်တံတင်မြို့ကို မြိုစား ပေးအပ်ခဲ့သည်။ [] ဖခင်ဖြစ်သူ မင်းဗာကြီ ကမ်းရိုးတန်းကိုနယ်ချဲ့သည့်နိုင်ငံတော် ဖြစ်ပေါ်လာသည့်အချိန်အတွင် မင်းဖလောင်းက ကြီးလာခဲ့သည်။ ၁၅၄၆-၁၅၄၇ တွင် ၁၂ နှစ်မပြည့်သေးသော မင်းသားငယ်အနေနှင့် တောင်ငူတပ်များကိုတိုက်ထုတ်ရန် စစ်တပ်တပ်ရင်းတစ်ခုဦးဆောင်ရန် ပေးအပ်ခဲ့သည်။ [] သူ့အဖမတူညီမ စောမိတော်ကို မယ်တော် (မင်းခရီ ဘုရင်၏ မြေးတော်) ကို ဖခင်က လက်ထပ်ခဲ့သည်။ []

မင်းဗားကြီး ၁၅၅၄ခုနှစ်မှာ ကွယ်လွန်ပြီးနောက် ထီးနန်းဆက်ခံသော မကွဲညီတော် တိက္ခာ (၁၅၅၄-၁၅၅၆)၊ တူတာ် မင်းစောလှ (၁၅၅၆-၁၅၆၄) နှင့် မင်းစကြာ (၁၅၆၄-၁၅၆၄) တို့ လက်ထက်တွင် သစ္စာရှိရှိ စစ်တံတန်မြို့စား ဆက်လက်ရပ်တည်ခဲ့ပြီး အမှုထမ်းခဲ့သည်။ ၁၅၇၂ခုနှစ်မှာ မင်းစကြာရုတ်တရက် ကွယ်လွန်သွားသဖြင့် နန်းတွင်းက မင်းဖလောင်ကို ဘုရင်အဖြစ် ရွေးချယ်ခဲ့သည်။ နန်းတက်အခမ်းအနားတွင် ဘင်္ဂလားစူလတန်ဘုရင် ဆိကန္ဒာသျှာ (Sikandar Shah) ဟု ဘွဲ့ဆောင်၍ စောရှင်လတ်ကို မိဖုရားအဖြစ် ခံယူခဲ့သည်။ ခမည်းတော်အပါအဝင် ယခင်ဘုရင်သုံးပါး၏ မိဖုရားဖြစ်ခဲ့သည့် စောသန္တာကိုလည်း လက်ထပ်ခဲ့သည်။ သားအကြီးဆုံး သာဓုဓမ္မရာဇာအား အိမ်ရှေ့စံအဖြစ် တင်မြောက်ပြီး၊ ဒုတိယသားတော်အား တပ်မတော်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

နန်းတက်လာသည့်အချိန်မှာ ရခိုင်နိုင်ငံတော်ကြီးသည် ဒေသတွင်း အင်အားကြီးသည့်နိုင်ငံတစ်ခု ဖြစ်နေခဲပြီး။ ရခိုင်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်ကန်းရှိတန်းမြောက်ပိုင်း ရွန်တာဘန်တော (Sundarbans) မှ မော်တင်စွန်းအငူ အထိ ပေါ်တူဂီစစ်သားများလက်နက်များနှင့် အင်အားကြီးရေတပ်ဖြင့် ထိန်းချုပ်ရန် အာရုံစိုက်ထားခဲ့သည်။ ရှေ့အပ်ခဲ့သောရခိုင်ဘုရင်များသည် အရှင့်ဘက်မှာ တောင်ငူနိုင်ငံတော်ကြီးနှင့် အရာခပ်သိမ်းပိုက်နေသော ဘုရင့်နောင်၏ အာရုံစူးစိုက်မှုကို မဆွဲဆောင်ရန် စုစည်းထားခြင်းဖြစ်သည်။

စစ်ပွဲများ

ပြင်ဆင်ရန်

တြိပူရ (၁၅၇၅)

ပြင်ဆင်ရန်

ဤမူဝါဒကို မင်းဖလောင် ဆက်လက်ထိန်းသိမ်းထား၍ ရခိုင်ဘုရင်များ ရေရှည်မထိန်းချုပ်နိုင်ခဲ့သော ဘင်္ဂလားမြောက်ပိုင်းနှင့် တြိပူရတို့ကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ ၁၅၇၅ ခုနှစ် ဇန်နဝါရီလတွင် အိမ်ရှေ့မင်းသားသတိုဓမ္မရာဇာ ဦးဆောင်၍ လက်နက်ကောင်းများဖြင့် တြိပူရသို့ တပ်ရင်းတစ်ပွဲ လွှတ်စေခဲ့သည်။ ရခိုင်တပ်များသည် တြိပူရမြို့တော်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တြိပူရနိုင်ငံက ဂုဏ်ပြုရန် သဘောတူခဲ့သည်။ [] ပေါ်တူဂီသင်္ဘောသားများနှင့် ကြေးစားစစ်သား အများအပြားကို စစ်တကောင်းမြို့တွင် မြို့စောင့်တပ်ထားရှိခဲ့သည်။ စစ်တကောင်းမြို့နှင့် မြောက်ဦးမြို့မှ နှစ်တိုင်းနှစ်တိုင်း စစ်သားများကို ပြောင်းလှည့်လဲလှယ်ခဲ့သည်။

တောင်ငူကျူးကျော်မှု (၁၅၈၀–၁၅၈၁)၊

ပြင်ဆင်ရန်

၁၅၈၀ ခုနှစ်တွင် တောင်ငူနိုင်ငံတော်မှ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ စက်တင်ဘာလ ၉ ရက်နေ့နှာ ဘုရင့်နောင်၏သား သီရိသုဓမ္မရာဇာ ဦးဆောင်သော တောင်ငူကုန်းတပ်နှင့်ရေတပ် (စစ်သည် ၂၄၀၀၀၊ မြင်ူ ၁၂၀၀၊ ဆင် ၁၂၀၊ လှေ ၁၃၀၀) သံတွဲမြို့ကို အမြန်သိမ်းပိုက်နိုင်ခဲ့သည်။[] [] ၁၅၄၆-၁၅၄၇ ကျူးကျော်မှုနှင့်အတူ တောင်ငူတပ်များသည် မြောက်ဦးမြို့အထိ ကန်းခြေအလိုက် ချီတက်လာသော်လည်း မြောက်ဦးမြို့၏ခိုင်ခံ့သော ခံတပ်ကို မဖောက်ဖျက်နိုင်ခဲ့ပေ။ [] ယခင်နှင့်မတူ တောင်ငူတပ်များသည် ကြာကြာရှည်ရှည် တိုက်နိုင်အောင် ပြင်ဆင်ထားတကဲ့တို့ မြောက်ဦးမြို့ကို တစ်နှစ်ကျော်ကြာအောက် ဝိုင်းထားခဲ့နိုင်သည်။ သို့သော်လည်း ၁၅၈၁ ခုနှစ် နိုဝင်ဘာလတွင် ဘုရင့်နောင် ကွယ်လွန်ပြီးနောက် ကျူးကျော်မှုကို ရပ်ဆိုင်းခဲ့သည်။ []

ဘင်္ဂလားမြောက်ပိုင်းနှင့် တြိပူရ (၁၅၈၆-၁၅၈၇)၊

ပြင်ဆင်ရန်

တောင်ငူမြောက်ဦးစစ်ကြီးပြီးသောအခါ နန္ဒဘုရင် ကြီးမားသော တောင်ငူနိုင်ငံတော်ကြီးကို ဆက်လက်ထိန်းသိမ်းထားရန် ပြင်းပြင်းထန်ထန် မအောင်မြင်စွာ ရုန်းကန်နေသောလည်း မင်းဖလောင်းသည် အရှေ့ဘက်အရေးတွင် မပါဝင်မူဝါဒကို ဆက်လက်ကျင့်သုံးခဲ့သည်။ အိမ်နှင့်နီးကပ်သောအရာသို့သာ မင်းဖလာင်း အာရုံပေးသည်။ မကြာသေးမီက ဘင်္ဂလားဘုရင်အဖြစ် ခန့်အပ်ခံရသော မင်းဖလောင်း၏ဒုတိယသားတော် သတိုမင်းဆောကို စစ်တကောင်းမြို့စားက စိတ်မကျေမနပ်ဖြစ်ခဲ့သည်။ ၁၅၈၆ ခုနှစ်တွင် စစ်တကောင်းမြို့ဝန်က ပေါ်တူဂီနှင့် ကုလားကြေးစားစစ်သားအချို့နှင့် ပူးပေါင်း၍ ပြင်းထန်သောပုန်ကန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဘင်္ဂလားမြောက်ပိုင်းမှာရှိ ဥတ္တရာဇ်နိုင်ငံမှ အကူညီရရှိ၍ စစ်တကောင်းမြို့စားၑပုန်ကန်မှုသည်လည်း တြိပူရသို့ ပျံ့နှံ့သွားသည်။

၁၅၈၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့မှာ မင်းဖလောင်းသည် ပုန်ကန်မှုကို နှိမ်နင်းရန် စစ်တပ်နှင့် ရေတပ်ကို ဦးဆောင်၍ ကြွသွားခဲ့သည်။ ပုန်ကန်သော စစ်တကောင်းမြို့စား၏ ကြေးစားတပ်သားများက စွန့်လွှတ်ပြေးထွက်သွားသောကြောင်း စစ်တကောင်းမြို့ကို တိုက်ပွဲမရှိဘဲပြန်သိမ်းနိုင်ပြီး စစ်တကောင်းမြို့စား၏ အလာင်းကို ရှာတွေ့ခဲ့သည်။ စစ်တကောင်းတွင် ခေတ္တနေထိုင်ပြီးနောက် ရခိုင်တပ်သည် ဥတ္တရာဇ်နိုင်ငံသို့ ၁၅၈၆ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် တွင် ထွက်ခွာခဲ့သည်။ ဥတ္တရာဇ်နှင့် တြိပူရ နှစ်နေရာလုံးတွင်ခက်ခဲသောဆန့်ကျင်မှုကိုမရင်ဆိုင်ရခဲ့ပါ။ နှစ်ပတ်အတွင်း ပြည်နယ်နှစ်ခုလုံးက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ [၁၀] သို့သော်လည်း ရခိုင်ဘုရင်၏ ထိရောက်ထိန်းချုပ်နိုင်သောဒေသများမှာ ဤအဝေးအထိ မရောက်သေးရန်ပြစ်ဖို့များသည်။ ဗြိတိသျှသမိုင်းပညာရှင် အာသာ ဖယ်ယာထွက်ချက်အရ မင်းဖလောင်းနယ်ပယ်သည် နိုအာခါလီ (Noakhali) နှင့် တြိပူရ အထိသာ ကျယ်ပြန့်သည်ဟု ယူဆပါသည်။ [၁၁]

အဆောက်အဦးများ

ပြင်ဆင်ရန်

မင်းဖလောင်းသည် ၁၅၇၇ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ (၉၃၉ တော်သလင်း လဆုတ် ၁၁ရက်နေ့ တနင်္ဂနွေနေ့) တွင် ခမ်းနားသောနန်းတော်အသစ်ကို တည်ဆောက်ခဲ့သည်။ ၁၅၈၅ ခုနှစ်မှ ၁၅၈၇ ခုနှစ်အတွင်း နိုင်ငံတဝှမ်းလုံးမှာ ဗုဒ္ဓဘာသာစေတီတော် ၁၇ ဆူ ဆောက်လုပ်ရန် တာဝန်ပေးခဲ့သည်။ မှတ်တမ်းများတွင် နောက်ဆုံးတဉ်ဆောက်ခဲ့သောစေတီမှာ ကုလားတန်မြစ်ကမ်းအနီး သီလ-ပဗ္ဗတတောင်ပေါ်ရှိ ဥရတ္တောစေတီဖြစ်ပါသည်။[၁၂]

သူလှူဒါန်းခဲ့သော အကျော်ကြားဆုံး စေတီမှာ မြောက်ဦးမြို့ရှိ ဘုရားအုပ်စေတီဖြစ်သည်။ သီဟိုဠ်ကျွန်းမှရရှိသော ပိဋကတ်သုံးပုံကိုလည်း တိမ်တည်ထားတော်မူခဲ၏။

မင်းဖလောင်းက ဆင်အမဲလိုက်ခြင်းကို နှစ်သက်ခဲ့သည်။ မြန်မာဘုရင်များ လွန်စွာမွန်မြတ်သည်ဟု ယူဆကြသော ဆင်ဖြူတော်သုံးကောင် ပိုင်ရှင်ခဲ့သည်။ ဆင်ဖြူရှင်အနေနှင့် ၁၅၇၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက် (၉၄၁ တော်သလင်းလဆုတ် ၅ ရက်နေ့ ကြာသပတေးနေ့)မှာ ပထမဆုံး ဆင်ဖြူပိုင်ရှင် ဖြစ်လာခဲ့သည်။ သိပ်မကြာခင်မှာပဲ ဆင်ဖြူမတစ်ကောင် ရခဲ့သည်။ တတိယမြောက်ဆင်ဖြူကို ၁၅၈၂ မှာ တောင်ငူကျူးကျော်မှုပြီးဆုံးသောနောက် ရခဲ့တယ်။[၁၃] မသေဆုံးမီလအနည်းငယ်အလို ၁၅၉၂/၁၅၉၃ ခုနှစ်အထိ ဆင်အမဲလိုက်ခြင်း ခရီးစဉ်များထွက်ပါခဲ့သည်ဟု ဆိုသည်။

ကွယ်လွန်မှု

ပြင်ဆင်ရန်

၁၅၉၃ခုနှစ် ဇူလိုင် ၄ ရက်နေ့ မြန်မာသက္ကရာဇ် ၉၅၅ ခုနှစ် ဝါဆိုလဆန်း ၆ ရက်နေ့မှာ အသက် ၅၈ နှစ်ပြည့် သဘာဝအကြောင်းတရားကြောင့် မင်းဖလောင်ကွယ်လွန်ခဲ့သည်။ သားတော်ကြီး သတိုဓမ္မရာဇာ က ထီးနန်းဆက်ခံခဲ့သည်။

မှတ်စုများ

ပြင်ဆင်ရန်
  1. (စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၄၈): မြောက်ဦးမြို့ကို ပေါ်တူဂီတို့၏ စီးနင်းမှုအတွင်း မွေးဖွားခဲ့သည်။ (စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၃၁): စနေနေ့၊ တပေါင်းလဆန်း ၈၉၆၊ ၁၀ ရက်တွင် ပေါ်တူဂီတို့မြောက်ဦးမြို့ပြင်သို့ ဝင်ရောက်စီးနင်းရောက်ခဲ့သည်ဟုရေးခဲ့သည်။ တပေါင်း ၈၉၆ ၏ လဆုတ် ၁၀ ရက်မဟုတ်ဘဲ လဆန်း ၁၀ရက် ဟုအဓိပ္ပာယ်ရနိုင်သည်။
  1. စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၅၄
  2. စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၄၈
  3. စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၃၄
  4. ၄.၀ ၄.၁ စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉: ၃၄-၃၅
  5. စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၄၂
  6. စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၄၉
  7. ၇.၀ ၇.၁ မှန်နန်းရာဇဝင် အတွဲ ၃ ၂၀၂၃၊ ၆၀-၆၁
  8. ဖယ်ယာ ၁၉၆၇၊ ၁၁၉
  9. စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၅၀
  10. စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၅၁-၅၂
  11. ဖယ်ယာ ၁၉၆၇၊ ၁၇၃
  12. စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၅၃-၅၄
  13. စန္ဒမာလာလင်္ကာရ အတွဲ ၂ ၁၉၉၉၊ ၅၀-၅၁

စာစုစာရင်း

ပြင်ဆင်ရန်
  • ဖယ်ယာ၊ ဒုတိယဗိုလ်ချုပ်ကြီး ဆာအာသာ (၁၈၈၃)။ History of Burma (၁၉၆၇ ed.)။ လန်ဒန်: Susil Gupta။
  • စန္ဒမာလာလင်္ကာရ၊ အရှင် (၁၉၃၁)။ ရခိုင်ရာဇဝင်သစ်ကျမ်း (မြန်မာဘာသာစကားဖြင့်)။ ၁-၂ (၁၉၉၇-၁၉၉၉ ed.)။ ရန်ကုန်: တက်လမ်းစာပေ။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)