မန္တလေး ကွန်ဗင်းရှင်းစင်တာ
မန္တလေးကွန်ဗင်းရှင်းစင်တာ(အင်္ဂလိပ်: Mandalay Convention Centre; MCC)သည် မန္တလေးမြို့ရှိ ခေတ်မီကွန်ဗင်းရှင်းစင်တာတစ်ခုဖြစ်သည်။မြို့တော်ဝန် ဦးအောင်မောင်းလက်ထက်က စတင်တည်ဆောက်ခဲ့ပြီး ဦးရဲလွင်လက်ထက် ၂၀၁၈ခုနှစ် နိုဝင်ဘာ၉ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ဤကွန်ဗင်းရှင်းစင်တာသည် မြန်မာနိုင်ငံရှိ ကွန်ဗင်းရှင်းစင်တာ ၄ခုမှ တစ်ခုဖြစ်သည်။[၁][၂]
မန္တလေး ကွန်ဗင်းရှင်းစင်တာ Mandalay Convention Centre | |
---|---|
၂၀၁၉ခုနှစ်ကတွေ့ရသော မန္တလေး ကွန်ဗင်းရှင်းစင်တာ | |
အထွေထွေ အချက်အလက်များ | |
အမျိုးအစား | RC (စတီးဖရိန်) |
လိပ်စာ | သိပ္ပံလမ်းနှင့် ၇၂လမ်းဒေါင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ |
ကိုဩဒိနိတ် | 21°57′06″N 96°05′50″E / 21.95167°N 96.09722°E |
တည်ဆောက်မှု စတင် | ၃ နိုဝင်ဘာ ၂၀၁၄ |
ဖွင့်လှစ် |
|
ကုန်ကျငွေ | အမေရိကန်ဒေါ်လာ ၂၅သန်း |
ပိုင်ဆိုင်သူ | မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ |
အမြင့် | |
အမြင့် | ၃၈၆ပေ |
အပေါ်ဆုံးအထပ် | တတိယအထပ် |
အသေးစိတ် အချက်အလက်များ | |
ဓာတ်လှေကား |
|
ဒီဇိုင်းနှင့် တည်ဆောက်မှု | |
ဗိသုကာ လုပ်ငန်း | Gensler |
အဓိက ကန်ထရိုက်တာ | Mandalay Investment and Development Group (CAD Construction and Decoration + New Star Light Construction) |
အခြား အချက်အလက်များ | |
ပါကင် |
|
သမိုင်းကြောင်း
ပြင်ဆင်ရန်မန္တလေးမြို့တွင် ပွဲကြီးကြီးမားမားရှိပါက မြို့တော်ခန်းမကိုသာ အများဆုံး အသုံးပြုနေခဲ့ရပြီး နောက်ပိုင်းတွင် အသုံးပြုသူများ များပြားလာသဖြင့် မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက စက်တင်ဘာလ ၂၀၁၂ ခုနှစ်တွင် လိုအပ်သည်ဟု ဆုံးဖြတ်ချက်ချလိုက်ပြီး တင်ဒါခေါ်ရန် လုပ်ဆောင်ခဲ့သည်။၂၀၁၃ ခုနှစ်တွင် တင်ဒါခေါ်ခဲ့ပြီး တင်ဒါပြိုင်သူ ၂၃ ယောက် အနက် CAD ကုမ္ပဏီနှင့် New Star Light တို့ ပူးပေါင်းထားသည့် ကုမ္ပဏီက အနိုင်ရခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှစ၍ တည်ဆောက်ခဲ့သည်။ ထို့နောက်တွင် Mandalay Investment and Development Group (MIDG) ကုမ္ပဏီကို ထူထောင်ကာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဖြင့်တရားဝင် အကျိုးတူ ပူးပေါင်းကာ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိုအဆောက်အဦးကို အမေရိကန်ဒေါ်လာ ၂၅ သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။[၃]
တည်ဆောက်ခြင်း
ပြင်ဆင်ရန်Mandalay Convention Centre and Commercial Complex စီမံကိန်းကို သိပ္ပံလမ်း၊ လမ်း၇၀နှင့် ၇၂လမ်းကြားရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော ၁၄.၇၈ဧက အကျယ်ရှိသောမြေကွက်လပ်ပေါ်တွင် တည်ဆောက်ခြင်းဖြစ်ကာ အဆင့်သုံးဆင့်ခွဲ၍ တည်ဆောက်ခြင်းဖြစ်သည်။ဤကွန်ဗင်းရှင်းစင်တာသည် စီမံကိန်း၏ ပထမအဆင့် ဆောက်လုပ်ရေးလုပ်ငန်းဖြစ်သည်။
မန္တလေး ကွန်ဗင်းရှင်းစင်တာသည် မြေဧက၂.၃၈ဧကပေါ်တွင် တည်ဆောက်ထားကာ ၃၈၆ ပေ× ၃၀၅ ပေ ကျယ်ဝန်းပြီး ကွန်ကရစ်နှင့် သံဘောင် ၄ ထပ် အဆောက်အအုံဖြစ်ကာ ကြမ်းခင်းဧရိယာ ၂၂၀၀၀၀ စတုရန်းပေရှိသည်။
ကွန်ဗင်းရှင်းစင်တာမှာ ၂၀၁၆ခုနှစ်တွင် ပြီးစီးရမည်ဖြစ်သော်လည်း မပြီးစီးခဲ့ဘဲရှိနေခဲ့သည်။၂၀၁၆ခုနှစ် အစိုးရအသစ်တက်လာချိန်တွင် မြို့တော်ဝန်အသစ်ဖြစ်သူ ဒေါက်တာရဲလွင်မှ စီမံကိန်းကို စစ်ဆေးရာမှ ကွန်ဗင်းရှင်းစင်တာတည်ဆောက်ထားမှုမှာ ကွန်ဗင်းရှင်းစင်တာအဆင့်အတန်းမမီခြင်း၊ခန်းမကျယ်တစ်ခုသာပါရှိခြင်း၊ မြေညီထပ်ရှိ ဘက်စုံခန်းမကြမ်းခင်းများ အက်ကွဲနေခြင်း၊ သန့်စင်ခန်းများတွင် အာရုံခံကိရိယာများ(Sensor) တပ်ဆင်မထားခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းမပြီးမီ ယခင်အစိုးရလက်ထက် အကြိုဖွင့်လှစ်ခြင်းအတွက် စက်လှေခါးများတပ်ဆင်ထားသည့်အတွက် စက်လှေခါးများ ပျက်စီးနေခြင်းတို့ဖြစ်ပေါ်နေသည့်အတွက် ပြန်လည်ပြင်ဆင်ခိုင်းခဲ့သည့်အပြင် အဆောက်အဦး၏ ဒီဇိုင်းပိုင်းကိုပါ ပြောင်းလဲခဲ့ရသည်။[၄][၅]
အချက်အလက်များ
ပြင်ဆင်ရန်နိုင်ငံတကာအဆင့်မီ ဗဟိုလေအေးပေးစနစ်၊ အသံစနစ်၊ မီးသတ်အချက်ပေးနှင့် မီးသတ်စနစ်၊ အရေးပေါ်မီးစနစ်၊ အလိုအလျောက် မီးငြှိမ်းသတ်အာရုံခံများ၊ ကြမ်းခင်းမီးခလုတ်ခုံများ၊ ဓာတ်လှေခါး၆စင်း၊ စက်လှေခါး ၃စင်း၊ အရေးပေါ်လှေခါးများ ထည့်သွင်း တည်ဆောက်ထားသည်။
ဒုတိယအထပ်တွင် ခေါင်မိုးမြက်ခင်းပြင်ဥယျာဉ်တစ်ခု ထည့်သွင်းတည်ဆောက်ထားသည်။
သိပ္ပံလမ်းနှင့် ယုဇနလမ်းကို ဆက်သွယ်ထားသော မြေအောက်လမ်းတစ်ခုကိုပါ ထည့်သွင်း ဖောက်လုပ်ထားသည်။ သန့်စင်ခန်းများကိုလည်း အာရုံခံကိရိယာများဖြင့် တည်ဆောက်ထားကာ ဘီးတပ်ကုလားထိုင် အသုံးပြုသူများအတွက်လည်း သီးသန့်သန့်စင်ခန်းထားရှိသည်။
ဖွင့်လှစ်ခြင်း
ပြင်ဆင်ရန်အကြိုဖွင့်လှစ်ခြင်း (Soft Opening)
ပြင်ဆင်ရန်မန္တလေးကွန်ဗင်းရှင်းစင်တာကို ဝန်ကြီးချုပ် ဦးရဲမြင့်အစိုးရလက်ထက် ၂၀၁၆ခုနှစ် မတ်လ၁၃ရက်နေ့ နံနက်၈နာရီတွင် အကြိုဖွင့်လှစ်ခဲ့သည်။မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး မန္တလေးမြို့တော်ဝန် ဦးအောင်မောင်း၊ ကမ္ဘောဇဘဏ်လီမီတက်နှင့် ဧရာဝတီဘဏ်တို့မှ မန်နေဂျင်းဒါရိုက်တာများဖြစ်သည့် ဦးအောင်ကျော်မျိုး၊ ဦးဖြိုးအောင်၊သမဝါယမဘဏ်လီမီတက် ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်၊ MIDGဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း၊ C.A.Dဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဇင်မင်းဆွေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်က ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်လှစ်ခြင်း (Grand Opening)
ပြင်ဆင်ရန်အလုံးစုံတည်ဆောက်ပြီးစီးခဲ့သော မန္တလေး ကွန်ဗင်းရှင်းစင်တာကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့ နံနက်၈နာရီတွင် ၂၀၁၈ မန္တလေးစီးပွားရေးဖိုရမ်နှင့်အတူ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတက်ရောက်ခဲ့သည်။
နယူးစတားလိုက်ဆောက်လုပ်ရေး၏ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက မြို့တော်ဝန် ဒေါက်တာရဲလွင်အား ကွန်ဗင်းရှင်းစင်တာကို လွှဲပြောင်းပေးခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အတွင်းရေးမှူး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်နှင့် နယူးစတားလိုက်ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့က Mandalay Convention Centre ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။[၆]
ကိုးကား
ပြင်ဆင်ရန်- ↑ "Mandalay Convention Centre opened in Chanmyathazi Township"၊ မြန်မာ့အလင်း သတင်းစာ။
- ↑ "Mandalay Convention Centre Planned"၊ မြန်မာတိုင်း(မ်)။ Archived from the original on 16 June 2019။
- ↑ "Mandalay Convention Centre"၊ Myanmar Builder Guide။[လင့်ခ်သေ]
- ↑ "ကွန်ဗင်းရှင်းစင်တာ (မန္တလေး) ကြမ်းခင်းအက်ကွဲမှုကို X Ray ဖြင့် စစ်ဆေးရန် စီစဉ်လျက်ရှိပြီး အပေါ်ဆုံးအလွှာ အက်ကွဲမှု မဟုတ်ပါက လက်ခံမည် မဟုတ်ကြောင်း မြို့တော်ဝန် ပြောကြား"၊ Eleven Media Group။
- ↑ "Mandalay city says firms cause delay of convention centre"၊ မြန်မာတိုင်း(မ်)။ Archived from the original on 16 June 2019။
- ↑ "ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း Mandalay Convention Centre ဖွင့်ပွဲ တက်ရောက်"၊ ပြန်ကြားရေးဝန်ကြီးဌာန။