မရမ်းကုန်းမြို့နယ်
မြန်မာနိုင်ငံရှိ ရန်ကုန်မြို့၏ မြို့နယ်
(မရမ်းကုန်း မှ ပြန်ညွှန်းထားသည်)
မရမ်းကုန်းမြို့နယ်သည် ရန်ကုန်မြို့၏ မြောက်ပိုင်းတွင် တည်ရှိသည်။ မရမ်းကုန်းမြို့နယ်၏ မြောက်ဘက်တွင် အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်၊ အရှေ့ဘက်တွင် မြောက်ဥက္ကလာပမြို့နယ်နှင့် ရန်ကင်းမြို့နယ်၊ အနောက်ဘက်တွင် လှိုင်မြစ်နှင့် လှိုင်သာယာမြို့နယ်နှင့် တောင်ဘက်တွင် ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်တို့ တည်ရှိသည်။
မရမ်းကုန်းမြို့နယ် | |
---|---|
မရမ်းကုန်းခရိုင်အတွင်း တည်နေရာ | |
ရန်ကုန်မြို့အတွင်း တည်နေရာ | |
မရမ်းကုန်းမြို့နယ် တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°49′0″N 96°6′0″E / 16.81667°N 96.10000°Eကိုဩဒိနိတ်: 16°49′0″N 96°6′0″E / 16.81667°N 96.10000°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန် |
ခရိုင် | မရမ်းကုန်း |
လူဦးရေ | |
• စုစုပေါင်း | ၁၃၇၀၀၀ |
စာပို့သင်္ကေတ | ၁၁၀၆၁၊ ၁၁၀၆၂၊ ၁၁၀၆၃ |
မရမ်းကုန်းမြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုဖြင့် ဖွဲ့စည်းထားသည်။ အစိုးရ မူလတန်းကျောင်း (၃၀) ကျောင်း၊ အလယ်တန်းကျောင်း (၇) ကျောင်း၊ အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။
ထင်ရှားသော အဆောက်အဦးများ
ပြင်ဆင်ရန်မရမ်းကုန်းမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။
အမည် | အမျိုးအစား | လိပ်စာ | မှတ်ချက် |
---|---|---|---|
အောင်ရွှေဘုံသာ ဓမ္မဗိမာန် ဘုန်းကြီးကျောင်း | ဘုန်းကြီးကျောင်း | ၉မိုင်လမ်းဆုံ၊ ပြည်လမ်း | |
သီရိမင်္ဂလာကမ္ဘာအေးစေတီတော် | ဘုရား | ကမ္ဘာအေးဘုရားလမ်း | |
ကျိုက္ကလဲ့ဘုရား | ဘုရား | ရန်ကုန်-ပြည်လမ်း | |
ကျိုက္ကလို့ဘုရား | ဘုရား | ရန်ကုန်-ပြည်လမ်း | |
ကျိုက်ဝိုင်းဘုရား | ဘုရား | ကျိုက်ဝိုင်းဘုရားလမ်း | |
စိန့်အက်ဒဝပ် ရောမကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ရန်ကုန်-ပြည်လမ်း | |
စိန့်ဂျော့ အန်ဂလီကန် ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ရန်ကုန်-ပြည်လမ်း | |
တပ်မတော် အရိုးအထူးကုဆေးရုံ | ဆေးရုံ | ရန်ကုန်-ပြည်လမ်း | (ယခင်) စစ်မှုထမ်းအရာရှိများ သင်တန်းကျောင်း |
ကိုးကား
ပြင်ဆင်ရန်