မြစ်ငယ်မြို့

မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့

မြစ်ငယ်မြို့သည် အမရပူရခရိုင်အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ တည်ရှိ၍ မြို့နယ်အုပ်ချုပ်ရေးအရာရှိများ ရုံးစိုက်သောမြို့မဟုတ်သော်လည်း မြန်မာနိုင်ငံတွင် အရေးပါသော မြို့တစ်မြို့ဖြစ်သည်။ မြစ်ငယ်မြစ်နှင့် မီးရထားလမ်း ဆုံသောနေရာတွင် တည်ရှိ၍ မန္တလေးမြို့မှ ၉ မိုင် ကွာဝေးသည်။ မြစ်ငယ်မြစ်ကို မြစ်ငယ်တံတားဖြင့် ဖြတ်ကူး ထားသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ထိုတံတားကို ရန်သူများက မကြာခဏ လေယာဉ်ပျံများဖြင့် ဗုံးကြဲဖျက်ဆီးခဲ့သည်။ မြစ်ငယ်မြို့တွင် မြန်မာပြည် မီးရထား လုပ်ရုံများ ရှိသောကြောင့် မီးရထား အရာရှိနှင့် အလုပ်သမားများစွာ နေထိုင်ကြသည်။[၂]

မြစ်ငယ်မြို့
မြို့
မြစ်ငယ်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြစ်ငယ်မြို့
မြစ်ငယ်မြို့
မြစ်ငယ်မြို့တည်နေရာ
ကိုဩဒိနိတ်: 21°51′26″N 96°04′12″E / 21.85722°N 96.07000°E / 21.85722; 96.07000ကိုဩဒိနိတ်: 21°51′26″N 96°04′12″E / 21.85722°N 96.07000°E / 21.85722; 96.07000
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်အမရပူရခရိုင်
မြို့နယ်အမရပူရမြို့နယ်
လူဦးရေ (၂၀၁၄)[၁]၈,၇၈၈
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၀၅ ခုနှစ်တွင် မြစ်ငယ်မီးရထား တွဲပြင်စက်ရုံကို အင်္ဂလိပ်အစိုးရက တည်ဆောက်ကာ ၁၉၁၂ ခုနှစ်တွင် မီးရထားတွဲပြင်ဌာနအဖြစ် စတင် လည်ပတ်ခဲ့သည်။ မြစ်ငယ်မြို့သည် ၆၃၁.၂၉ ဧက (၀.၉၈၆၃၉ စတုရန်းမိုင်) ကျယ်အဝန်းပြီး မီးရထားတွဲပြင်ဌာနအဖြစ် စတင်စဉ်ကတည်းက နှင်းဆီ၊ ဒေါန၊ သော်က၊ စံပယ်၊ အောင်သပြေ၊ အောင်မင်္ဂလာ၊ အောင်ချမ်းသာ၊ မဉ္ဇူ၊ ရန်ကင်း၊ သီတာ၊ တပင်ရွှေထီး၊ သဇင်အမည်ရှိ ဝန်ထမ်းရပ်ကွက် ၁၂ ရပ်ကွက်တို့ဖြင့် စတင်တည်ထားခဲ့သည်။[၃]

၂၀၂၂ ဖြစ်စဉ် ပြင်ဆင်ရန်

၂၀၂၂ ခုနှစ် မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်များက မြစ်ငယ်မြို့ကို ပိတ်ဆို့စစ်ဆေးခဲ့သည်။ မတ်လ ၈ ရက်တွင် မြို့ပေါ်ရှိ ဒေါန၊ အောင်မင်္ဂလာ၊ သာယာကုန်း၊ အောင်သပြေ စသည့် ရပ်ကွက်များရှိ နေအိမ်၊ ဈေးဆိုင်နှင့် အဆောက်အအုံများအား ကျူးကျော်ဟု သတ်မှတ်ကာ စက်ယန္တရားများ အသုံးပြုကာ ဖျက်ဆီးပစ်ခဲ့သည်။[၃] ထို့ကြောင့် မြစ်ငယ်မြို့လုံးကျွတ်နီးပါး ပြောင်းရွှေ့ခဲ့ရသည်။

ကိုးကား ပြင်ဆင်ရန်

  1. မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၇။ pp. ၆။[လင့်ခ်သေ]
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  3. ၃.၀ ၃.၁ မြစ်ငယ်မြို့မှ အိမ်များကို ကျူးဟုဆိုကာ အင်အားသုံး ဖျက်ဆီးဖယ်ရှားနေ (၉ မတ် ၂၀၂၂)။ ၁၄ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။