မြန်မာအသင်း၏ အရှေ့တောင်အာရှအားကစားပြိုင်ပွဲရလဒ်

မြန်မာနိုင်ငံသည် အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲကို စတင်ကျင်းပခဲ့သည့် ၁၉၅၉ခုနှစ်မှစ၍ အကြိမ်တိုင်း ဝင်​ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့အပြင် အိမ်ရှင်အဖြစ် ၃ကြိမ်တိုင်တိုင် လက်ခံကျင်းပခဲ့သည်။

အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ မှ မြန်မာနိုင်ငံ အသင်း
မြန်မာနိုင်ငံအလံ
IOC ကုဒ်MYA
NOCမြန်မာနိုင်ငံ အိုလံပစ်ကော်မတီ
ဝဘ်ဆိုဒ်myasoc.org (မြန်မာ)
ဆုတံဆိပ်များ
အဆင့် ၇th
ရွှေ
၅၉၄
ငွေ
၇၈၄
ကြေး
၁၀၉၅
စုစုပေါင်း
၂၄၇၃

သမိုင်း​ကြောင်း

ပြင်ဆင်ရန်

မြန်မာနိုင်ငံသည်ကား အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ မူလ၆နိုင်ငံမှတစ်နိုင်ငံဖြစ်သည်။ ထိုပွဲများမတိုင်မီက မြန်မာပြည်မှာထိုင်းနိုင်ငံအားဖိတ်​ခေါ်ကာ အားကစားပွဲများကျင်းပခြင်း​ကြောင့်ထိုင်းနိုင်ငံဆိုင်ရာ အိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌ ဖြစ်လာမည့် လန် စူကွမ်နိုင်ပရာဒစ်က အကြံရလာပြီး ဤအ​ရှေ့​တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲများကိုစတင်ကျင်းပခဲ့၍ မြန်မာပြည်မှာဤအားကစားပွဲများ၏အစဟုပင်​ခေါ်ဆိုနိုင်သည်။ ထိုင်းနိုင်ငံမှ ပထမဆုံးကျွန်းဆွယ်အားကစားပွဲကိုစတင်ကျင်းပပြီး​​နောက် နိုင်ငံအမည်များဖြင့်အလှည့်ကျကျင်းပခဲ့သည်။ ထိုစဉ်က မြန်မာပြည်မှာ "Burma"ဟူ​သောအမည်ဖြင့်အသုံးပြု၍ကနဦးနိုင်ငံများထဲတွင်အရင်ဆုံးလာ၍ ဒုတိယအကြိမ်​မြောက်ပွဲ​တော်ဖြစ်​သော ၁၉၆၁၊ရန်ကုန်ပွဲ​တော်ကိုလက်ခံကျင်းပခဲ့သည်။ ထိုစဉ်က ကနဦး၆နိုင်ငံတွင် ထိုင်း၊မြန်မာနှင့်မလာယာ(မ​လေးရှား)တို့သာ နိုင်ငံ​ရေး​ပြေလည်​နေချိန်ဖြစ်သည်။ ထို့​ကြောင့်၁၉၆၉ခုနှစ်တွင်ဒုတိယအကြိမ်အိမ်ရှင်အဖြစ် ၁၉၆၉၊ရန်ကုန်ပွဲ​တော်ကို ကျင်းပခဲ့သည်။ နှစ်ကြိမ်စလုံးတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် အများဆုံးရရှိခဲ့သည်။ ထို့​နောက်တွင်မူ နိုင်ငံ​ရေးအ​ခြေအ​နေများ​ကြောင့်အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းမရှိ​တော့​ပေ။ အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games)အဖြစ်အမည်​ပြောင်းပြီး​နောက်မှသာ ပထမဆုံးအဖြစ် ၂၀၁၃၊​နေပြည်​တော်ပွဲ​တော်ကိုလက်ခံကျင်းပခဲ့သည်။​နောက်ဆုံးအကြိမ် ၁၉၆၉၊ရန်ကုန်ပွဲ​တော်ကျင်းပပြီး ၄၄နှစ်အကြာမှသာ အိမ်ရှင်အဖြစ်ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့​ကြောင့်စုစု​ပေါင်း၃ကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည်။

ရပ်တည်မှု

ပြင်ဆင်ရန်

မြန်မာနိုင်ငံအ​နေဖြင့် အားကစားပွဲ​တော်၏ အ​စောပိုင်းကာလများက ဆုတံဆိပ်ရပ်တည်မှုတွင် ထိပ်ပိုင်းတွင် ရပ်တည်ခဲ့​သော်လည်း ​နောက်ပိုင်းတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၁၃​နေပြည်​တော်ပွဲ​တော်မှလွဲ၍ ပျှမ်းမျှ အဆင့်၇​နေရာတွင်သာ ဆက်တိုက်ရပ်တည်နိုင်ခဲ့သည်။

 
မြန်မာအသင်း၏ ဆုတံဆိပ်ပြဂရပ်

ဆုတံဆိပ်ဇယား

ပြင်ဆင်ရန်
ပွဲ​တော် ရွှေ ​ငွေ ​ကြေး စုစု​ပေါင်း အဆင့် နိုင်ငံအမည်
 ၁၉၅၉ ဘန်​ကောက် ၁၁ ၁၅ ၁၄ ၄၀  Burma (BIR)
 ၁၉၆၁ ရန်ကုန် ၃၅ ၂၆ ၄၃ ၁၀၄
 ၁၉၆၅ ကွာလာလမ်ပူ ၁၈ ၁၄ ၁၆ ၄၈
 ၁၉၆၇ ဘန်​ကောက် ၁၁ ၂၆ ၃၂ ၆၉
 ၁၉၆၉ ရန်ကုန် ၅၇ ၄၆ ၄၆ ၁၄၉
 ၁၉၇၁ ကွာလာလမ်ပူ ၂၀ ၂၈ ၁၃ ၆၁
 ၁၉၇၃ စင်ကာပူ ၂၈ ၂၄ ၁၅ ၆၇
 ၁၉၇၅ ဘန်​ကောက် ၂၈ ၃၅ ၃၃ ၉၆   Burma (BIR)
 ၁၉၇၇ ကွာလာလမ်ပူ ၂၅ ၄၂ ၄၃ ၁၁၀
 ၁၉၇၉ ​ဂျာကာတာ ၂၆ ၂၆ ၂၄ ၇၆
 ၁၉၈၁ မနီလာ ၁၅ ၁၉ ၂၇ ၆၁
 ၁၉၈၃ စင်ကာပူ ၁၈ ၁၅ ၁၇ ၅၀
 ၁၉၈၅ ဘန်​ကောက် ၁၃ ၁၉ ၃၄ ၆၆
 ၁၉၈၇ ဂျာကာတာ ၁၃ ၁၅ ၂၁ ၄၉
 ၁၉၈၉ ကွာလာလမ်ပူ ၁၀ ၁၄ ၂၀ ၄၄   Myanmar (MYA)
 ၁၉၉၁ မနီလာ ၁၂ ၁၆ ၂၉ ၅၇
 ၁၉၉၃ စင်ကာပူ ၁၃ ၁၆ ၃၇
 ၁၉၉၅ ချင်းမိုင် ၂၁ ၃၇ ၆၂
 ၁၉၉၇ ဂျာကာတာ ၃၄ ၄၄ ၈၆
 ၁၉၉၉ ဘန်ဒါဆရီဘီဂါဝန် ၁၀ ၁၀ ၂၃
 ၂၀၀၁ ကွာလာလမ်ပူ ၁၉ ၁၄ ၅၃ ၈၆
 ၂၀၀၃ ဟနွိုင်း/ဟိုချီမင်း ၁၆ ၄၃ ၅၀ ၁၀၃
 ၂၀၀၅ မနီလာ ၁၇ ၃၄ ၄၈ ၉၉
 ၂၀၀၇ နခွန်ရတ်ချာစီမာ ၁၄ ၂၆ ၄၇ ၈၇
 ၂၀၀၉ ဗီယက်ကျင်း ၁၂ ၂၂ ၃၇ ၇၁
 ၂၀၁၁ ဖလမ်းပင် ၁၆ ၂၇ ၃၇ ၈၀   Myanmar (MYA)
 ၂၀၁၃ ​နေပြည်​တော် ၈၄ ၆၃ ၈၄ ၂၃၁
 ၂၀၁၅ စင်ကာပူ ၁၂ ၂၆ ၃၁ ၆၉
 ၂၀၁၇ ကွာလာလမ်ပူ ၁၀ ၂၀ ၃၇
 ၂၀၁၉ နယူးကလပ် ၁၈ ၅၁ ၇၃
 ၂၀၂၁ ဟနွိုင်း ၁၈ ၃၅ ၆၂
 ၂၀၂၃ ဖနွမ်းပင် ၂၁ ၂၅ ၆၈ ၁၁၄
 ၂၀၂၅ ဘန်​ကောက် ဇလပုရီ ​ဆောင်ခလာ ကျင်းပရန်ရှိသည့်ပွဲများ
စုစု​ပေါင်း ၅၉၄ ၇၈၄ ၁၀၉၅ ၂၄၇၃

[][][][]

  1. hafiy found guilty doping by Asia sports medical body
  2. Schooling gets his 6th gold for 2013 SEA Games
  3. SEA Games: Three guilty of doping at Myanmar Games။ 6 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 July 2019 တွင် ပြန်စစ်ပြီး။
  4. FINA Announces Two Indonesian Swimmers Banned for Two Years for Doping