ဗုဒ္ဓမြတ်စွာဘုရား မပွင့်မပေါ်မီ နှစ်ပေါင်းများစွာကပင် ပေါ်ထွန်းနေသော ဗြာဟ္မဏလူမျိုး ကျာရ်ဗာက စသော ဆရာကြီးတို့၏ ရုပ်ဝါဒကို ရုပ်ကြမ်းဝါဒဟု လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယကျမ်း၌ ဆိုထားသည်။

ကျာရ်ဗာက ရုပ်ကြမ်းဝါဒ

A - पृथिव्यापस्तेजो वायुरिति तत्वानि
က- မြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါးသည် အမှန်သဘောတွေ ဖြစ်သည်။
B - उत्पमुदाये शरीरेन्द्रियविषयसंज्ञा
ခ- ဤဓာတ်ကြီးလေးပါးတို့၏ အစုအပေါင်းကို ကိုယ်ခန္ဓာ၊ အာရုံစိတ်အာရုံ ဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။
C—तेभ्यर्थं तन्यम्
ဂ- ယင်း ဓာတ်ကြီးလေးပါးမှ စိတ်ဟူသော အသိသဘော ပေါ်လာသည်။
D- किवादिभ्यो यदशक्तिवत् विज्ञानम्। भृतान्येव चेतयन्ते
ဃ- တဆေးစသည်မှ မူးယစ်စေတတ်သော သတ္တိ ပေါ်လာသကဲ့သို ယင်း ဓာတ်ကြီးလေးပါးမှ ဝိညာဉ်ပေါ်လာသည်၊ ဓာတ်ကြီး လေးပါးတို့ကသာလျှင် စဉ်းစားတွေးတောကုန်၏၊
E -चैतन्यविशिष्ठः कायः पुरुषः
င- စိတ် ဝိညာဉ်ဖြင့် အထူးပြုအပ်သော ရုပ်ကြမ်းကြီးပင် အတ္တ(ဝါ)သတ္တဝါဖြစ်သည်။
F - जलबुद्बुद्वीवाः
စ- ရေပွက်သည် ရေ၏ အပေါ်၌ ရုတ်ချည်းမြင် ရုတ်ချည်းပျောက်သွားသကဲ့သို့ ဇီဝသည်လည်း ရုတ်ချည်းမြင် ရုတ်ချည်းပျောက်သွားလေသည်။
G - मरणमेत्रापवर्गः
ဆ- နိဗ္ဗာန်(ဝါ)လွတ်မြောက်ခြင်းဟူသည် သေဆုံးကွယ်လွန်ခြင်းပင်တည်း။
H-अर्थकामौ पुरुषार्थीः
ဇ- စီးပွား ဥစ္စာနှင့် ကာမချမ်းသာသည်သာ သတ္တဝါတို့၏ လိုရင်အကျိုးဖြစ်သည်။ (တရားကျင့်ခြင်း, လွတ်မြောက်ခြင်း ဟူသည် စင်စစ်အနက်အဓိပ္ပာယ်မရှိပေ။)
I - लोकिको माग नुसर्तव्यः
စျ- လောကသားတို့၏ လမ်းစဉ်ကိုသာ လိုက်ရမည်။ (လောကုတ္တရာလမ်းကြောင်းဟူ၍ မရှိ။)
J- पताकिनी भावात परलोकाभावः
ည- တမလွန်ဘဝ၌ ရှိသော သတ္တဝါဟူ၍ မရှိသောကြောင့် တမလွန်လောကဟူသည်လည်း မရှိပေ။
K - प्रत्यक्षमेव प्रमाणम्
ဋ- မျက်စိ, နား, နှာ, လျှာ, ကိုယ်တို့ဖြင့် ထိတွေ့ခံစားအပ်သော မျက်တွေ့ လက်တွေ့သည်သာ ခိုင်လုံသော ပမာဏဖြစ်သည် (မျက်တွေ့, လက်တွေ့ မဟုတ်သော အရာသည် မခိုင်လုံ၊ ပမာဏ မမည်။)[]

ရုပ်သည် နာမ်၊ နာမ်သည် ရုပ်

ပြင်ဆင်ရန်

အထက်ပါသုတ်တွင်(ခ) အမှတ်စကားအရ ပ, အာ, ဝါ, တေ ဓာတ် ၄-ပါးကိုပင် ခန္ဓာကိုယ်ဟူ၍လည်းကောင်း၊ စ, သ, ဃ, ဇ, က ခေါ် ပသာဒ ၅-ပါး၊ ဆင်း, သံ, နံ, စား, တွေ့ အာရုံ ၅-ပါးဟူ၍လည်းကောင်း ခေါ်သည်ဟုဆိုထားရာ ရုပ်သည် နာမ်၊ နာမ်သည် ရုပ်ဟု ဆိုလိုလေသည်။

ဆန္ဒောဂျဥပနိသျှဒ်

ပြင်ဆင်ရန်

ထို့ပြင် ဗုဒ္ဓမြတ်စွာမပေါ်မီ နှစ်ပေါင်း ၅၀၀-လောက် စော၍ ပေါ်ထွန်းခဲ့သော အမည်မထင်ရှားသူ ရေးသည့် ဆန္ဒောဂျဥပနိသျှဒ်၌ ဤသို့ ဆို၏၊

धावित्रीने तस्य यः स्थविष्ठधातुस्त त्पुरीषं भवति । यो मध्यमस्तन्यासं । यो ऽणिष्टस्तंमृनः
စားလိုက်သော အစာသည် သုံးမျိုးကွဲ၍ ထွက်သည်၊ အကြမ်းစားဓာတ်တစ်စုသည် ကျင်ကြီး ဖြစ်သည်၊ အလတ်စား ဓာတ်တစ်စုသည် အသားဖြစ်သည်၊ အနုဆုံးဖြစ်သော ဓာတ်တစ်စုသည်ကား စိတ်ဝိညာဉ် ဖြစ်ပေါ်လာသည်။ []

आपः पीतास्त्रेधा विधीयते । तासं यः स्थविष्ठो धातु तसूत्रं भूषति । यो मध्यमस्तल्लोहितं । योऽणिष्टः स प्राणः
သောက်လိုက်သော ရေသည် ၃-မျိုးကွဲ၍ ထွက်သည်၊ အကြမ်းစားဓာတ်တစ်စုသည် ကျင်ငယ် ဖြစ်သည်၊ အလတ်စား ဓာတ်စုသည် သွေး ဖြစ်သည်၊ အနုဆုံးဖြစ်သော ဓာတ်တစ်စုသည်ကား အသက် ဖြစ်ပေါ်လာသည်။ []

ရုပ်နှင့်နာမ်ကို ထပ်တူ ယူဆသော Vulgar materialism

ပြင်ဆင်ရန်

ဤဝါဒသည် ဆယ့်ကိုးရာစု ဝန်းကျင်တွင် ဂျာမနီပြည်၌ စတင် ခေတ်စားလာသောဝါဒ ဖြစ်သည်၊ လူဗစ်ဗျူးခနဲ (Kari Vogt lud B chner) အမည်ရှိ ဂျာမန်အမျိုးသားနှင့် ဂျက်ကော့မောလေးရှော့ (Jacou Molescholt) ဆိုသူ ဒတ်ချ်အမျိုးသားတို့သည် ရုပ်ကြမ်းဝါဒီများ ဖြစ်ကြသည်၊ သူတို့ အဆိုကား တံတွေးအကျိတ်များမှ တံတွေးယိုထွက်သလို အသည်းမှ သည်းခြေယိုထွက်သလို ဦးနှောက်မှ စိတ်ခေါ်သော ရုပ်တစ်မျိုး စိမ့်ထွက်နေသည်ဟု ဆိုကြ၏၊ စိတ်အစဉ်သည် ဦးနှောက်တွင် ထင်ဟပ်သော ရုပ်၏ အရိပ်အသွင် ဖြစ်သော်လည်း မြင်ကောင်းသော အရိပ် မဟုတ်၊ ထိတွေ့ရကောင်းသော အရိပ်အသွင်မဟုတ်၊ ဓာတ်ပုံရိုက်ယူ၍ မရကောင်းပေ။

Brain is instrument of thinking or organ of thought, but it is mind or thinking itself.

“ဦးနှောက်သည် တွေးခေါ်စဉ်းစားရန် လက်နက်ကိရိယာ၊ တစ်နည်း- စဉ်းစားတွေးတောသည့် အင်္ဂါရပ်ဖြစ်သည်၊ သို့သော် ယင်းဦးနှောက်သည်ပင် စိတ်(ဝါ)အတွေးအခေါ် ဖြစ်သည်”ဟူ၍ ဆိုလေသည်။ []

ရုပ်လည်းနာမ်၊ နာမ်လည်း ရုပ်ဟု ဆိုခဲ့ကြသူများ

ပြင်ဆင်ရန်

“ရုပ်သည် အခြေခံဖြစ်၍ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် ရုပ်ကို တည်ရာမှီရာထား၍ ဖြစ်ပေါ်လာသော အကျိုးတရား(ဝါ)အခိုးသတ္တိ(ဝါ)ရုပ်၏ အဟုန်မျှသာ ဖြစ်ပေသည်”ဟူသော ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံစာအုပ် ရေးသားသူ ဦးကိုကိုလေး။

“အလုပ်လုပ် ဆိုတာ တကယ်ရှိတဲ့ ရုပ်ကို ကောင်းအောင် အလုပ်လုပ်ကြရမှာ၊ စိတ်ကို ကောင်းအောင် လုပ်လို့ မရဘူး' ဟူသော ဦးဥက္ကဋ္ဌ။

“အဆင့်ဆင့် အကဲခတ် လေ့လာသောအခါ ဤဘူတရုပ်တို့တွင် ရုပ်ဟုလည်းကောင်း၊ နာမ်ဟုလည်းကောင်း စသည်ဖြင့် ဖြစ်နေသောကြောင့် အားလုံး ရုပ်သဘာဝ အခြေခံချည်း ဖြစ်နေသည်ကို တွေ့ရပေသည်'ဟူသော ဗုဒ္ဓဝိပဿနာ ပထမတွဲ၊ နှာ-၈၄၊ ၈၅ ၌ ရေးသားထားသော သခင်မြတ်ဆိုင်။

ယင်းစာအုပ် နှာ-၁၃၀ ၌ ထပ်မံဖော်ပြသော- “ရုပ်နှင့်နာမ် ၂-ခုမှာ တစ်ခုနှင့်တစ်ခု မကွဲပေ၊ ရုပ်လည်း နာမ်၊ နာမ်သည်ပင် ရုပ်အဖြစ် ဒွန်တွဲကာ အစဉ် အတူ ဖြစ်ပျက်နေသည်ကို တွေ့မြင်မှသာ ချက်ချင်း ဖြစ်သည်ကို ဖြစ်မှန် သိသည်' ဟူသော သခင်မြတ်ဆိုင်။[]

  1. (လောကာယတသုတ် अनशितं ခေါ် (ဗြိဟတ်ဆပတိ) ရေးသောသုတ်)
  2. (အဓျာယ ၆၊ ကဏ္ဍ ၅၊ အပိုဒ် ၁)
  3. (အဓျာယ ၆၊ ကဏ္ဍ ၅၊ အပိုဒ် ၂)
  4. (မြန်မာလုပ်သားနေ့စဉ်၊ ၁၅-၃-၆၈၊ မောင်ချစ်လှိုင်)
  5. လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယကျမ်း