ဗိုလ်ချုပ်ကြီး စည်သူ ဇေယျကျော်ထင်[] ရဲဝင်းဦး သည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် (၇၇) ကျောင်းဆင်းအရာရှိတစ်ဦးဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူးဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှုဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[]


ရဲဝင်းဦး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တွဲဖက်အတွင်းရေးမှူး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဖေဖော်ဝါရီ ၂၀၂၀
ယခင်လူဒုဗိုလ်ချုပ်ကြီးစိုးထွဋ်
တိုင်းမှူး
အနောက်တောင်တိုင်းစစ်ဌာနချုပ်
တာဝန်သက်တမ်း
၁၈ ဇွန် ၂၀၁၈ – ၁၀ ဖေဖော်ဝါရီ ၂၀၂၀
ယခင်လူဗိုလ်ချုပ် တေဇကျော်
ဆက်ခံသူဗိုလ်ချုပ် ညွန့်ဝင်းဆွေ
ကျောင်းအုပ်ကြီး
တပ်မတော်ဆေးတက္ကသိုလ်
တာဝန်သက်တမ်း
၂၆ ဩဂုတ် ၂၀၁၆ – ၁၈ ဇွန် ၂၀၁၈
ယခင်လူဗိုလ်ချုပ် သက်ပုံ
ဆက်ခံသူဗိုလ်ချုပ် ညွန့်ဝင်းဆွေ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1966-02-21) ၂၁ ဖေဖော်ဝါရီ၊ ၁၉၆၆ (အသက် ၅၈)
မြန်မာပြည်
နိုင်ငံသားမြန်မာ
ကြင်ဖော်(များ)နီလာ
သားသမီးသိမ့်သဉ္ဇာရဲ
မိခင်ကျောင်းတပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး) OTS အပတ်စဉ် ၇၇
ဆုတံဆိပ်များဇေယျကျော်ထင်ဘွဲ့[]
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
ရာထူးဗိုလ်ချုပ်ကြီး
တပ်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့

စစ်မှုထမ်းခြင်း

ပြင်ဆင်ရန်

ပြန်တမ်းဝင်အမှတ်  ကြည်း ၂၁၄၄၀ ဖြင့် စစ်မှုထမ်းသည်။သူသည် တပ်မတော် တွင် ရာထူးအဆင့်ဆင့်တိုးသည်။ဗိုလ်မှူးကြီး ရာထူးဖြင့်  ရန်ကုန်တိုင်းစစ်ဌာနချုပ် တွင် စစ်ဦးစီးမှူး ပထမတန်း ( G-1 ) တာဝန် အားလည်းကောင်း၊ယင်းနောက်  တပ်မ ၁၁ တပ်မမှူး အဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ဗိုလ်မှူးချုပ် ရာထူးဖြင့်  တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်လာသည်။ထိုတာဝန်ကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ အထိ တာဝန်ထမ်းကာ ဗိုလ်ချုပ် အဆင့်ဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးရာထူးတိုးသည်။တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အား သမ္မတဦးဝင်းမြင့် က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ပြီးနောက်  သူသည် စိုးထွဋ် ၏ စစ်ဘက်ဆိုင်ရာရာထူးနေရာ အား ဆက်ခံခဲ့သည်။[]ဗိုလ်ချုပ်ရာထူး ဖြင့် တိုင်းမှူးတာဝန် ထမ်းဆောင်ပြီး ၂ နှစ် မပြည့်ခင် ဒုတိယဗိုလ်ချုပ်ကြီးရာထူး ဖြင့် တာဝန်ထမ်း ဆောင်ရသည့် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ဖြစ်လာခဲ့၍ ရာထူး အတက်မြန်သူ ဖြစ်ခဲ့သည်။၂၀၂၁ စစ်အာဏာသိမ်းသည့် နောက်တွင် သူသည် မူလစစ်ဘက်ရာထူး အပြင်[] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွင် တွဲဖက်အတွင်းရေးမှူးပါ ဖြစ်လာသည်။[]နိုင်ငံတကာသံမန် များ နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံကြတိုင်း ၎င်းသည် အမြဲပါလေ့ရှိသည်။၂၀၂၄ ခုနှစ် ဩဂုတ်လ ထဲတွင် ဗိုလ်ချုပ်ကြီး အဆင့် ရာထူးတိုးခဲ့သည်။[]

အရေးယူပိတ်ဆို့ခံရမှုများ

ပြင်ဆင်ရန်

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဖြစ်လာသည့် ၎င်းအား အမေရိကန်၊ဗြိတိန် နှင့် ဥရောပသမဂ္ဂ အစရှိသည့် နိုင်ငံတို့က ပိတ်ဆို့အရေးယူမှုများပြုလုပ်ထားကြသည်။[][]ထို့အပြင် ၎င်း၏ ဇနီးဖြစ်သူ နှင့် အရွယ်ရာက်ပြီး သမီးဖြစ်သူတို့ကိုပါ အရေးယူပိတ်ဆို့ထားသည်။[]

ပုဂ္ဂိုလ်ရေးဘဝ

ပြင်ဆင်ရန်

ဇနီးဖြစ်သူ ဒေါ်နီလာနှင့် သိမ့်သဉ္ဇာရဲ ခေါ်သမီးရှိသည်။[၁၀] ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ခမည်းခမက်တော်စပ်သည်။

ချီးမြှင့်ခံရသည့် ဆုများ

ပြင်ဆင်ရန်

သူ့ကို နိုင်ငံသမ္မတ ဦးဝင်းမြင့် က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ရက် နေ့တွင် တပ်မတော်စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်သည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ  ၁၇  ရက် နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ဖြင့် စည်သူဘွဲ့ အပ်နှင်းထားသည်။[၁၁]

  1. ၁.၀ ၁.၁ ၁.၂ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်သမ္မတရုံး (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်). "အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)" (in မြန်မာဘာသာ) (PDF). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းစာစောင် အတွဲ(၇၄) (အမှတ်(၅၁)): စာ-၂၅၉. ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်. Retrieved on ၂၀၂၁-၀၉-၂၉. 
  2. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (in my)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2021 တွင် ပြန်စစ်ပြီး။
  3. အနောက်တောင်တိုင်းတိုင်းမှူးကို စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ခန့်BBC Burmese (၁၂ ဖေဖော်ဝါရီ ၂၀၂၀)။ ၁၇ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉)ကြိမ်မြောက်၊ အာဆီယံ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးတက်ရောက်ကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်များနှင့် နိုင်ငံအလိုက် သီးခြားစီတွေ့ဆုံMOI Myanmar (၁၇ မတ် ၂၀၂၂)။ ၁၇ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. Meet Lt-Gen Ye Win Oo, the Man in Charge of Myanmar Junta’s Torture ChambersThe Irrawaddy (10 Oct 2022)။ 17 Aug 2024 တွင် ပြန်စစ်ပြီး။
  6. စစ်ခေါင်းဆောင်ရဲ့ လူရင်း သုံးဦး ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာBBC Burmese (၁၆ ဩဂုတ် ၂၀၂၄)။ ၁၆ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. Myanmar/Burma: EU sanctions 11 people over the recent military coup and ensuing repression။ The Council of the European Union (22 March 2021)။ 11 April 2021 တွင် ပြန်စစ်ပြီး။
  8. Official Journal of the European Union 15–24 (22 March 2021)။ 11 April 2021 တွင် ပြန်စစ်ပြီး။
  9. မြန်မာ စစ်တပ်နှင့် ဆက်နွှယ်သည့် အရာရှိကြီးများနှင့်မိသားစုဝင်များအား ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းU.S Embassy in Burma (၂ ဇူလိုင် ၂၀၂၁)။ ၁၇ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. Myanmar military SAC members, their businesses and associates that require targeted sanctions။ 2021-02-11 တွင် ပြန်စစ်ပြီး။
  11. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊ အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များMWD Webportal (၁၈ နိုဝင်ဘာ ၂၀၂၂)။ ၁၇ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။