ရွှေညောင်မြို့ သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်တောင်ကြီးမြို့နယ်တွင် တည်ရှိသည်။ တောင်ကြီးမြို့မှ ၁၂ မိုင်ခန့် ကွာဝေးပြီး ညောင်ရွှေမြို့မှ ၇ မိုင် ကွာဝေးသည်။ ရွှေညောင်မြို့သည် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပြီး ညောင်ရွှေမြို့နှင့် အင်းလေးကန်သို့ သွားရောက်ရာ လမ်းဆုံလည်းဖြစ်သည်။

ရွှေ​ညောင်မြို့
မြို့
Skyline of ရွှေ​ညောင်မြို့
ရွှေ​ညောင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေ​ညောင်မြို့
ရွှေ​ညောင်မြို့
ကိုဩဒိနိတ်: 20°45′N 96°56′E / 20.750°N 96.933°E / 20.750; 96.933ကိုဩဒိနိတ်: 20°45′N 96°56′E / 20.750°N 96.933°E / 20.750; 96.933
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်တောင်ကြီးခရိုင်
မြို့နယ်တောင်ကြီးမြို့နယ်
အချိန်ဇုန်MST (UTC+6:30)

အင်းလေးကန်နှင့်နီး၍ ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်ကြသည်။ ပအိုဝ်း၊ ရှမ်းနှင့်ဗမာလူမျိုးအများစု နေထိုင်ကြသည်။ အေးချမ်းတည်ငြိမ်မှုရှိပြီး ဆက်သွယ်သွားလာရေး ကောင်းမွန်မှုရှိသည်။ ရွှေညောင်ဘူတာဆိုက်ရောက်သောမြို့ ဖြစ်သည်။ လေကြောင်းပို့ဆောင်ရေးတည်ရှိသော ဟဲဟိုးနှင့် နီးကပ်စွာ တည်ရှိသည်။ သာစည်၊ ယင်းမာပင်၊ ကလော၊ အောင်ပန်း၊ ဟဲဟိုးနှင့် တောင်ကြီးမြို့များနှင့် ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသည်။ တောင်ပေါ်ဒေသဖြစ်သော်လည်း မြေပြန့်သကဲ့သို့ ချိုင့်ဝှမ်းတည်ရှိပြီး ရာသီဥတုကောင်းမွန်သည်။

ကိုးကား ပြင်ဆင်ရန်

ကိုဩဒိနိတ်: 20°45′49″N 96°56′27″E / 20.7636°N 96.9408°E / 20.7636; 96.9408{{#coordinates:}}: cannot have more than one primary tag per page