လယ်တွင်း ဆယ့်တစ်ခရိုင်

လယ်တွင်းဆယ့်တစ်ခရိုင်ကိုရှေးအခါကကျောက်ဆည်ဆယ့်တစ်ခရိုင်ဟုလည်းခေါ်သည်
(လယ်တွင်းဒေသ မှ ပြန်ညွှန်းထားသည်)

လယ်တွင်း ဆယ့်တစ်ခရိုင် ခရစ်(၁၀၄၄−၁၀၇၇)ထိ နန်းစံသွားသော အနိရုဒ္ဓဒေဝ ခေါ် အနော်ရထာမင်းကြီး တည်ထောင်သွားသော လယ်တွင်း ဆယ့်တစ်ခရိုန် (ခရိုင်) ဖြစ်သည်။ မြန်မာတို့၏ စပါးကျီတည်ရှိရာ ဒေသဖြစ်သော အနော်ရထာမင်းစော တည်ထောင်ပြုစုခဲ့သည့် လယ်တွင်း(၁၁)ရွာတို့သည် မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်တွင် တည်ရှိပေသည်။ မြစ်သားမြို့နယ်၏ အရှေ့ဘက်ခြမ်း၊ ကျောက်ဆည်မြို့နယ် ၏ အနောက်ဘက်ခြမ်းနှင့် စဉ့်ကိုင်မြို့နယ်တို့ ပါဝင်သည်။ တောင်ဘက်ဆုံး ပြက္ခရွေတောင်ခြေရင်းမှ မြောက်ဘက် ဒုတ္ထာဝတီခေါ်သော မြစ်ငယ်မြစ်အဆုံးတိုင်၊ အရှေ့ဘက်ရှမ်းရိုးမတောင်ခြေရင်းမှ အနောက်သို့ စမုံမြစ်အထိ ကျယ်ဝန်းသော ဒေသကြီးဖြစ်သည်။ မြောက် ၂၁ဒီဂရီ ၁၇'မှ ၂၁ဒီဂရီ၄၇' အထိ အရှေ့ ၉၆ဒီဂရီ၀၁' မှ ၉၆ဒီဂရီ၁၀' အတွင်း တည်ရှိပြီး မြေပုံအညွှန်း ၉၃ စီ/၁ - စီ/၂ - စီ/၃တို့တွင် ပါဝင်သည်။ လယ်တွင်း ဆယ့်တစ်ခရိုင်မှာ −

  1. ပင်လယ်
  2. ပြည်မနား(မြစ်မနား)
  3. မြစ်သား
  4. မြင်းခုံတိုင်
  5. ယမုံး၊
  6. ပနံ၊
  7. မက္ခရာ၊
  8. တပြတ်သာ၊
  9. သင်တောင်း၊
  10. တမုတ်၊
  11. ခံလူး တို့ဖြစ်ကြသည်။

ရှေးက လယ်တွင်း ဆယ့်တစ်ရွာဟုလည်း ခေါ်ကြသည်။ ထိုအချိန်က ခရိုန်ဟူ၍လည်းကောင်း၊ ရွာဟူ၍လည်းကောင်း ခေါ်ကြသည်။ ဤသည်ကို ထောက်၍ ရွာနှင့် ခရိုန်မှာ အဆင့်တူဖြစ်သည်။ ယခုခေတ်အခါကြမှာ ရွာက အဆင့်နိမ့်သွားခြင်း ဖြစ်သည်။[၁]

လယ်တွင်းကိုးခရိုင် ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်ဘိုးတော်ဘုရားလက်ထက်တွင် ကျောက်ဆည်ခရိုင် တစ်ခုလုံးကို ကိုးခရိုင် ဖွဲ့စည်းတော်မူ၍ ကိုးခရိုင် ခေါ်တွင်စေခဲ့သည်။ [၂]

ယခုအခါ ကျောက်ဆည်ခရိုင်ကို လယ်တွင်းကိုးခရိုင်ဟု ခေါ်ကြသည်။ ကျောက်ဆည်ခရိုင်ကို ကျောက်ဆည်မြို့နယ်စဉ့်ကိုင်မြို့နယ်တံတားဦးမြို့နယ်မြစ်သားမြို့နယ်တို့နှင့် ဖွဲ့စည်းထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. မဟာရွှေသိမ်တော် ဘုရားသမိုင်း စာအုပ်မှ
  2. စွယ်စုံကျမ်းအတွဲ(၉) စာ ၄၄၀