ဦးလွင်ဦး ( ၃၁ ဇန်နဝါရီ ၁၉၆၁ဖွား) သည် တပ်မတော်သားနှင့် ဝါရင့်သံတမန်တစ်ဦးဖြစ်ပြီး လက်ရှိတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[၂] ယင်းမတိုင်မီက သူသည် ရုရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဖြစ်ခဲ့သည်။ [၃]


လွင်ဦး
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၅ စက်တင်ဘာ ၂၀၂၃
ရုရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၁၇ ဇူလိုင် ၂၀၂၁ – ၂၅ စက်တင်ဘာ ၂၀၂၃
ယခင်လူဦးကိုကိုရှိန် [၁]
ဆက်ခံသူဦးသစ်လင်းအုန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1961-01-31) ၃၁ ဇန်နဝါရီ၊ ၁၉၆၁ (အသက် ၆၃)
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်မြင့်သန္တာ
မိခင်ကျောင်းစစ်တက္ကသိုလ် အမှတ်စဉ်(၂၄)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်(လေ)
အမှုထမ်းကာလ၁၉၈၁-၂၀၁၅
ရာထူးဗိုလ်ချုပ်၊စစ်ဦးစီးအရာရှိချုပ်(လေ)

စစ်မှုထမ်းဘဝ ပြင်ဆင်ရန်

သူသည် စစ်တက္ကသိုလ် အပါတ်စဉ် (၂၄) ဆင်း တပ်မတော်သားတစ်ဦးဖြစ်သည်။ တပ်မတော်(လေ) တွင် ၂၀၁၅ ခုနှစ် အထိ စစ်မှုထမ်းသည်။ သူ နောက်ဆုံး ထမ်းဆောင်ခဲ့သည့် ရာထူးမှာ ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဦးစီးအရာရှိချုပ်(လေ) တာဝန် ဖြစ်သည်။

စစ်မှုထမ်းကာလထင်ရှားဖြစ်ရပ် ပြင်ဆင်ရန်

၂၀၁၅ ကိုးကန့်စစ်ပွဲ အတွင်း[၄] တပ်မတော်လေ ၏ လေကြောင်းတိုက်ခိုက်မှုက တစ်ဖက် တရုတ်နိုင်ငံအတွင်းသို့ လက်နက်ကြီးကျည်အချို့ နှင့် ဗုံးဆံ အချို့ ၂ကြိမ်ထပ်မနည်း ကျရောက် ပေါက်ကွဲခဲ့သည်။ [၅] ယင်းကိစ္စနှင့် စပ်လျဉ်းပြီး တရုတ်နိုင်ငံက နယ်စပ်တွင် စစ်ရေးလေ့ကျင့်သည်အထိ ဖိအားပေးရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ၎င်းအား တာဝန်ရှိသူတစ်ဦးအဖြစ် သတ်မှတ်ပြီး စစ်ဦးစီးအရာရှိချုပ်(လေ)ရာထူးမှ ဖယ်ရှားသည်။ [၆]

သံအမတ်ကြီးဘဝ ပြင်ဆင်ရန်

၂၀၁၅ ဇွန်လ နှောင်းပိုင်းတွင် တပ်မတော်(လေ) မှ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ သံအမတ်ကြီး အဆင့် ဖြင့် ကူးပြောင်းလာသည်။ ထိုသို့ ကူးပြောင်းပြီး များမကြာမီ နီပေါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး အဖြစ် ထမ်းဆောင်သည်။ [၇]၂၀၁၇ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် နီပေါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာသံအမတ်ကြီး အဖြစ်သို့ လည်းကောင်း ၊၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ရက်တွင် ဖိလစ်ပိုင်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်းကောင်း [၈] [၉]၊၂၀၂၁ခုနှစ် ဇူလိုင် ၁၇ရက်နေ့ တွင် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ရက်နေ့တွင် ကာဇက်စတန်သမ္မတနိုင်ငံ နှင့် ဘယ်လာရုစ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် [၁၀] လည်းကောင်း အစရှိသည်ဖြင့် တာဝန်များ ထမ်းဆောင်ခဲ့သည်။

ဒုတိယဝန်ကြီးဖြစ်လာပုံ ပြင်ဆင်ရန်

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၃ စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ကြောင်း စာထုတ်သည်။[၁၁] ထိုအချိန်တွင် သူသည် ရုရှားနိုင်ငံ မှာပင် မြန်မာသံအမတ်ကြီး အဖြစ် ရှိနေသေးသည်။သူသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက် တွင် နိုင်ငံဝန်ထမ်းအဖြစ်မှ သက်ပြည့်အငြိမ်းစားယူပြီး[၁၂] ထိုနောက်ပိုင်းကာလမှစ၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် တရားဝင် ထမ်းဆောင်သည်။

မိသားစုဘဝ ပြင်ဆင်ရန်

၎င်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ဇနီးဖြစ်သူမှာ ဒေါ်မြင့်သန္တာ ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Chronology of Ambassadors served in Myanmar Embassy, MoscowEmbassy of the Republic of the Union of Myanmar, Moscow (Russia)။ 18 December 2023 တွင် ပြန်စစ်ပြီး။
  2. Myanmar reiterates commitment to maintain stability, order along border with ChinaXinhua (7 November 2023)။ 24 November 2023 တွင် ပြန်စစ်ပြီး။
  3. Ceremony for presenting foreign ambassadors’ letters of credenceThe Kremlin, Moscow (1 December 2021)။ 24 November 2023 တွင် ပြန်စစ်ပြီး။
  4. ကိုးကန့် တိုက်ပွဲ ပြင်းထန်VOA Burmese (၉ ဧပြီ ၂၀၁၅)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. မြန်မာစစ်ဦးစီးအရာရှိချုပ် ( လေ) ရာထူးဖယ်ရှားခံရVOA Burmese (၃၀ ဇွန် ၂၀၁၅)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. စစ်ဦးစီးအရာရှိချုပ်(လေ)ဗိုလ်ချုပ်လွင်ဦး ဖယ်ရှား ခံရBBC Burmese (၃၀ ဇွန် ၂၀၁၅)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. Ambassador call on Minister for Foreign Affairs of Nepalပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးကတ္တမန္ဒူးမြို့ (၂၅ အောက်တိုဘာ ၂၀၁၆)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. President Rodrigo Roa Duterte poses for posterity with Resident Ambassador-Designate of the Union of Myanmar to the Philippines U Lwin OoOffice of the president of the Philippines (4 December 2019)။ 24 November 2023 တွင် ပြန်စစ်ပြီး။
  9. ဖိလစ်ပိုင်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၏သံအမတ်ကြီးခန့်အပ်လွှာပေးအပ်ခြင်းအခမ်းအနားအောင်မြင်စွာပြီးမြောက်ခြင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊မနီလာမြို့ (၄ ဒီဇင်ဘာ ၂၀၁၉)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. U Lwin Oo concurrently accredited as Ambassador of Myanmar to the Republic of BelarusMYANMAR NATIONAL PORTAL (22 April 2022)။ 24 November 2023 တွင် ပြန်စစ်ပြီး။
  11. ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၂၅ စက်တင်ဘာ ၂၀၂၃)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. နိုင်ငံခြားရေးဝန်ကြီးဌာနအမိန့်ကြော်ငြာစာ ၆၁၂ /၂၀၂၃၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၄၆) ပြန်တမ်းစာစောင် (၁၉ အောက်တိုဘာ ၂၀၂၃)။ ၂၄ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။