သဲကုန်းမြို့

မြန်မာနိုင်ငံရှိ မြို့

သဲကုန်းမြို့သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီးနတ်တလင်းခရိုင်ရှိ သဲကုန်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန်-ပြည်မီးရထားလမ်းပေါ်တွင် တည်ရှိ၍ ရန်ကုန်မှ ၁၄၁ မိုင်၊ ပြည်မြို့မှ ၁၉ မိုင်ကွာဝေးသည်။

သဲကုန်းမြို့
မြို့
မြို့အဝင်
မြို့အဝင်
သဲကုန်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သဲကုန်းမြို့
သဲကုန်းမြို့
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 18°39′00″N 95°24′43″E / 18.6498635°N 95.4118823°E / 18.6498635; 95.4118823ကိုဩဒိနိတ်: 18°39′00″N 95°24′43″E / 18.6498635°N 95.4118823°E / 18.6498635; 95.4118823
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်နတ်တလင်းခရိုင်
မြို့နယ်သဲကုန်းမြို့နယ်
ဧရိယာ
 • စုစုပေါင်း၁၅.၉ စတုရန်းကီလိုမီတာ (၆.၁၅ စတုရန်းမိုင်)
လူဦးရေ (စက်တင်ဘာ ၂၀၁၉)[]၃၂၄၁၄
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သဲကုန်းမြို့၏ မြေမျက်နှာပြင်သည် ပြန့်ပြူးသည်။ မြေဩဇာကောင်းမွန်သောဒေသဖြစ်သည်။ မြို့နယ်အတွင်းမှ အင်းမဟုခေါ်သော အင်းအိုင်ကြီးတစ်ခုတည်ရှိရာ အလျားဆယ်မိုင်၊ အနံလေးမိုင်မျှရှိသည်။ မိုးအခါ (၁၂) ပေမျှ ရေအနက်ရှိသော်လည်း နွေအခါခန်းခြောက်သွားလေသည်။ မြို့နယ်၏အကျယ်အဝန်းသည် ၆.၁၅ စတုရန်းမိုင်ဖြစ်သည်။ မြို့ပေါ်ရှိလူဦးရေမှာ ၁၉၅၃ခုနှစ် သန်းခေါင်စာရင်းအရ (၁၅ဝ၅) ယောက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် စာရင်းအရ ၃၂,၄၁၄ ဦး ဖြစ်သည်။ မြို့ပေါ်၌ လည်းကောင်း၊ မြိုနယ်အတွင်း၌လည်းကောင်း နေထိုင်ကြသူများသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အများဆုံးဖြစ်ပြီး ကရင်လူမျိုး များလည်း ရှိသည်။ မြို့ပေါ်နေသူများသည် အစိုးရအရာထမ်းအမှုထမ်း၊ ကုန်သည်ပွဲစားများ များပြား၍ နယ်တွင်လယ်ယာစိုက်ပျိုး လုပ်ကိုင်သူများသာလျှင် အများဆုံးဖြစ်သည်။

မြို့နယ်၏ အဓိကထွက်ကုန်သည် ဆန်စပါးဖြစ်သည်။ မိုးပါးသော အရပ်ဖြစ်သော်ငြားလည်း မိုးရေကိုပင်အားထားကာ စပါးစိုက်ပျိုးလုပ်ကိုင်ကြသည်။ ကြီးကြီးကျယ်ကျယ် ဆည်တူးမြောင်းဖြင့် ရေသွင်းစိုက်ပျိုးလုပ်ကိုင်ခြင်းမရှိချေ။ ရေသွယ်ယူစိုက်ပျိုးလုပ်ကိုင်သောမြေဧက အနည်းငယ်ရှိရာ အင်းမမှရေကို သွယ်ယူခြင်းဖြစ်လေသည်။ အင်းမတွင် အင်းလုပ်ငန်းကို ကြီးကြီးကျယ်ကျယ်လုပ်ကိုင်ကသည်။ မြို့နယ်အတွင်းရှိ မြို့ငယ်ကလေးများမှာ ပုတီးကုန်းနှင့် ဆင်မြီးဆွဲတို့ ဖြစ်ကြလေသည်။ မြို့ပေါ်တွင်ထင်ရှားသော တန်ခိုးကြီးစေတီတော်များမှာ အရှေ့ဘက်တွင် မဟာကန်လယ်စေတီတော်၊ မြောက်ဘက်တွင် မိုးကောင်းစေတီတော်တို့ဖြစ်သည်။ မိုးကောင်းစေတီတော်ကြီး အနီး အရှေ့ဘက်တွင် ရှိသောအစိုးရအထက်တန်းကျောင်းနှင့် အစိုးရစိုက်ပျိုးရေးအလယ်တန်းကျောင်းတို့သည် မြို့၏ ထယ်ဝါခံ့ညားသော အဆောက်အအုံများတွင် ပါဝင်လေသည်။ မြို့နယ်အတွင်းနှင့် မြို့နယ်အပ ဆက်သွယ်ရေး အတွက် မီးရထားလမ်းကိုလည်းကောင်း၊ မော်တော်ကား လမ်းကိုလည်းကောင်း အသုံးပြုနိုင်လေသည်။[]

သဲကုန်းဈေး
  1. သဲကုန်းမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ (PDF)။ သဲကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ စက်တင်ဘာ ၂၀၁၉။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)