ဟင်နရီဗန်ထီးယူ (အင်္ဂလိပ်: Henry Van Thio; ၉ ဩဂုတ် ၁၉၅၈ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ (၂) အဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။[၁][၂][၃] ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ဟင်နရီဗန်ထီးယူ
Henry Van Thio
မြန်မာနိုင်ငံ၏ တတိယ​မြောက် ဒုတိယ သမ္မတ (၂)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၁၆
သမ္မတဦးထင်ကျော်
ဦးဝင်းမြင့်
ဦးမြင့်ဆွေ (ယာယီ)
ယခင်လူဦးဉာဏ်ထွန်း
အမျိုးသားလွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်
ချင်းပြည်နယ် မဲဆန္ဒနယ် (၃) မှ
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၁၆ – ၃၀ မတ် ၂၀၁၆
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1958-08-09) ဩဂုတ် ၉၊ ၁၉၅၈ (အသက် ၆၅)
ထန်တလန်မြို့နယ်ချင်းပြည်နယ်မြန်မာနိုင်ငံ
လူမျိုးချင်း
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါက်တာရွှေလွှမ်း
သားသမီး
မိခင်ကျောင်းမန္တလေးတက္ကသိုလ်ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်
ကိုးကွယ်သည့်ဘာသာခရစ်ယာန်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဗိုလ်မှူး

အစောပိုင်းဘဝ ပြင်ဆင်

ချင်းလူမျိုးတစ်ဦးဖြစ်ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ တပ်မတော်တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။[၄]

ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရခြင်း ပြင်ဆင်

၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များက ဦးဟင်နရီဗန်ထီးယူအား ဒုတိယသမ္မတလောင်းအဖြစ် တင်မြှောက်ခဲ့သည်။[၅][၆]

၂၀၁၆ မတ်လ ၁၁ ရက်နေ့တွင် အမျိုးသားလွှတ်တော်မှ ၁၄၈ မဲဖြင့် ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုခံခဲ့ရသည်။ ၂၀၁၆ မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် မဲအရေအတွက် ၃၅၂ မဲအနက် ၇၉ မဲရရှိကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၂) ဖြစ်လာခဲ့သည်။

အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားပြုပြီး ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်သည်။ ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးရှန်လျန်မှုန်း နှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဦးဗန်မွန်လျန် တို့အား အနိုင်ရကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခြင်းခံရသည်။ ရရှိ ခိုင်လုံမဲအရေအတွက်မှာ ၁၅၄၉၂မဲ ဖြစ်သည်။ မဲစုစုပေါင်း၏ ၅၇ဒသမ ၉၁ ရာခိုင်နှုန်း ရရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။[၇]

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ ပြင်ဆင်

၂၀၂၁ခုနှစ် တပ်မတော် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပုဒ်မ (၄၂၄)အရ ဒုတိယသမ္မတအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည်။ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ အဖမ်းမခံရဘဲ ဒုတိယသမ္မတ အိမ်တော်မှာပဲ ရှိနေပြီး “အကျယ်ချုပ်”ဖြင့် မချုပ်ထားဟု ဘီဘီစီက ဖော်ပြသည်။[၈]

၎င်းသည် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကျင်းပသော ကာလုံအစည်းအဝေးသို့ ကျန်းမာရေးအခြေအနေအကြောင်းပြချက်ဖြင့်တက်ရောက်ခြင်းမရှိဘဲ ခွင့်ပန်ကြားခဲ့သည်။[၉] ယင်းအပြင် ၂၀၂၂ခုနှစ်  ဇူလိုင်  ၃၁ ရက်က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၂/၂၀၂၂) သို့လည်း ကျန်းမာရေးအကြောင်းပြချက်ဖြင့်ပင် ခွင့်ပန်ကြားခဲ့ကာ တက်ရောက်ခြင်း မရှိခဲ့ပေ။[၁၀] [၁၁]

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ရက်တွင် နေပြည်တော်အချုပ်ရှိ အထူးသီးသန့် တရားရုံးတရားခွင်သို့ ခံပြသက်သေတစ်ဦးအဖြစ်  ဦးဟင်နရီဗန်ထီးယူ တက်ရောက်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးဝင်းမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ်  စွဲဆိုထားသော ရဟတ်ယာဉ်နှင့်ပတ်သတ်သည့်  အမှုများနှင့်ပတ်သတ်ပြီး ၎င်းတို့အနေဖြင့် လုပ်ငန်းစဉ်များအား လုပ်ထုံးလုပ်နည်း၊စည်းမျဉ်းစည်းကမ်းများနှင့်အညီလုပ်ဆောင်ခြင်းဖြစ်ကြောင်း ခုခံ ထွက်ဆိုသည်။[၁၂]

၂၀၂၃ ဇန်နဝါရီ ၃၁ရက်တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃) သို့လည်း ကျန်းမာရေးအခြေအနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ၎င်း ခွင့်ပန်ကြားပြန်သည်။[၁၃] ထိုနေ့တွင် ဦးဟင်နရီဗန်ထီးယူ ချော်လဲ ခေါင်းပေါက်၍ နေပြည်တော်ဆေးရုံသို့ တက်ရောက်နေသည်ဟု RFA ကဖော်ပြသည်။[၁၄]

သူသည်  ၂၀၂၃ ဇူလိုင် ၃၁ရက် တွင် ကျင်းပသည့် ကာလုံအစည်းအဝေး(၂/၂၀၂၃)ကို  တက်ရောက်ခြင်းဖြင့် လူမြင်ကွင်းရှေ့ ပြန်ထွက်သည်။ [၁၅]

ဦးဟင်နရီဗန်ထီးယူသည် ယင်းအစည်းအဝေးအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ တင်ပြချက်အား ထောက်ခံခဲ့သည်ဟု စစ်တပ်ပိုင်မီဒီယာက ဖော်ပြသည်။ [၁၆] ထိုအစည်းအဝေးတက်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ၎င်းအား ၂၀၂၃ ဩဂုတ် ၉ ရက်တွင် ပါတီမှ ထုတ်ပယ်သည်။[၁၇] [၁၈]

မိသားစုဘဝ ပြင်ဆင်

သူသည် ဒေါ်ရွှေလွှမ်းနှင့် လက်ထပ်ခဲ့ကာ သားသမီး သုံးဦး ထွန်းကားခဲ့သည်။ သူသည် ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ပထမဆုံးသော ဒုတိယသမ္မတ ဖြစ်သည်။

ကိုးကား ပြင်ဆင်

  1. Myanmar begins presidential selection as Aung San Suu Kyi ruled outBBC News
  2. Ei Ei Toe Lwin။ NLD names U Htin Kyaw for president။ 10 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2016 တွင် ပြန်စစ်ပြီး။
  3. National Parliament - Beta။ 11 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2016 တွင် ပြန်စစ်ပြီး။
  4. NLD in Pu Henry Van Thio vice president ah thunVCTH။ 10 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2016 တွင် ပြန်စစ်ပြီး။
  5. Aung San Suu Kyi aide nominated as Myanmar president
  6. Aung San Suu Kyi will not be president of Myanmar, parliament confirmsthe Guardian
  7. အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ (၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ)UEC Myanmar။ 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 December 2022 တွင် ပြန်စစ်ပြီး။
  8. ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ အဖမ်းမခံရဘဲ အိမ်တော်တွေမှာပဲ ဆက်ရှိနေBBC Burmese
  9. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂) ကျင်းပ"။ 
  10. ကာလုံအစည်းအဝေးခေါ်ယူပြီး စစ်ကောင်စီ အာဏာသိမ်းသက်တမ်း ၆ လထပ်တိုးDVB News
  11. အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးကျင်းပပြီး အရေးပေါ်ကာလအား ခြောက်လသက်တမ်းတိုးEleven
  12. ရဟတ်ယာဉ်အမှုအတွက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ဆေးDVB News
  13. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃)ကျင်းပMOI
  14. ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ တက်ရောက်နေရRFA Burmese
  15. ကာလုံခေါ်ပြီး စစ်ကောင်စီ သက်တမ်း ၆ လ ထပ်တိုးBBC Burmese (၃၁ ဇူလိုင် ၂၀၂၃)။ ၃၁ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
  16. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၃) ကျင်းပCINCDS Myanmar (၃၁ ဇူလိုင် ၂၀၂၃)။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  17. ကာလုံအစည်းအဝေးတက်ခဲ့သည့် ဦးဟင်နရီဗန်ထီးယူကို NLD ပါတီ ထုတ်ပယ်ဧရာဝတီသတင်း (၉ ဩဂုတ် ၂၀၂၃)။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  18. ကာလုံအစည်းအဝေးတက်ခဲ့တဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ NLD ပါတီမှ ထုတ်ပယ်ခံရRFA Burmese (၉ ဩဂုတ် ၂၀၂၃)။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
နိုင်ငံရေးဆိုင်ရာ ရုံးများ
ယခင်က
ဦးဉာဏ်ထွန်း
မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၂)
၂၀၁၆–လက်ရှိ
တာဝန်ထမ်းဆောင်ဆဲ