အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့

အကြမ်းဖက်နှိင်နင်း‌ရေးတပ်ဖွဲ့သည် မြန်မာ့တပ်မတော်စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ “အကြမ်ဖက်နှိင်နင်း‌ရေး” ဟူသည့် တပ်ဖွဲ့၏ အမည်နာမ၌ပင် အဓိကထမ်းဆောင်ရသော တာဝန်မှာ ပေါ်လွင်နေလေသည်။ ဖွဲ့စည်းပုံအရ တပ်မတော် (ကြည်း)နှင့် ပို၍ဆက်စပ်မှုရှိလေသည်။

အကြမ်းဖက်နှိင်နင်းရေးတပ်ဖွဲ့ (S.O.T.F)
အကြမ်းဖက်နှိင်နင်း‌ရေးတပ်ဖွဲ့၏ လက်မောင်းတံဆိပ်
သစ္စာခံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
စစ်လက်ရုံးတပ်ဖွဲ့
အခန်းကဏ္ဍအထူးစစ်ဆင်ရေးနှင့် အကြမ်းဖက်နှိင်နင်းရေး
တပ်
အရွယ်အစား
၁၁၀၀ - ၁၂၀၀
အစိတ်အပိုင်းကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
အရာရှိချုပ်ရုံးတပ်မတော်အထူးတပ်ဖွဲ့အရာရှိချုပ်ရုံး၊ စစ်ရုံး၊ နေပြည်တော်
အမည်ပြောင်(S.O.T.F)
ဆောင်ပုဒ်တုံးတိုက်တိုက် ကျားကိုက်ကိုက် ၊ The homeland of guardians of security.
အရောင်များ
  •   Olive green
  •   Light green
  •   Red
နှစ်ပတ်လည်များ၁၉၉၆
အုပ်ချုပ်သူများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
အရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီး
ဒု-အရာရှိချုပ်ဗိုလ်ချုပ်

သမိုင်းကြောင်း ပြင်ဆင်ရန်

တပ်မတော် (ကြည်း)၏ အထူးစစ်‌ဆင်ရေးတပ်ဖွဲ့ကို ၁၉၉၆ ခုနစ်တွင် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ (Special Operations Task Force)အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစတွင် တပ်မတော်အရာရှိကြီးများ၏ လုံခြုံရေးအတွက် ဖွဲ့စည်း‌ခဲ့သော်လည်း နောက်ပိုင်းတွင် မြို့ပြလုံခြုံ‌ရေးအတွက်အသုံးပြုခဲ့သည်။ ၂၀၁၂ခုနစ်တွင် အထူးတပ်ဖွဲ့သင်တန်းကျောင်းကိုစတင်ဖွင့်လှင့်ခဲ့သည်။

၂၀၁၃ခုနစ်တွင် တရုတ်စစ်ကော်မရှင်နာချုပ်နှင့်မြန်မာတပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့သည် တပ်မတော်မှ အရာရှိငယ် ၄၀ ကို အထူးတပ်ဖွဲ့ သင်တန်းပို့ချရန်နှင့် အထူးတပ်ဖွဲ့အတွက် လေ့ကျင့်ရေးကွင်းဆောက်ရန် သဘောတူညီမှု ရခဲ့သည်။ ပြည်ပကိုမလွှတ်ခင် တပ်မတော်အထူးတပ်ဖွဲ့ မှာအကြမ်းဖက်နှိင်နင်း‌ရေး နှင့် အထူးလုံခြုံရေးတပ်ဖွဲ့ နည်းပြများဖြင့် Campသွင်းလေ့ကျင့်ပေးခဲ့သည်။ နေပြည်တော်တွင် တပ်မတော်အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်းကို တရုတ်နိုင်ငံအကူအညီဖြင့်ဖွင့်လှင့်ပြီး လေ့ကျင့်သင်ကြားပေးလျက်သည်။ ၂၀၁၆ခုနစ်တွင် တပ်မတော်၏အထူးတပ်ဖွဲ့တစ်ခုအနေဖြင့်တရားဝင်သတ်မှတ်ခဲ့ပြီး နိုင်ငံ့အဓိကကျသောမြို့များတွင် တပ်ရင်းများတိုးချဲတည်ဆောက်ခဲ့သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

တပ်မတော် (ကြည်း)၏ ဖွဲ့စည်းပုံအတိုင်းဖြစ်သည်။

ကွပ်ကဲမှု ပြင်ဆင်ရန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏လက်အောက်တွင်ထားရှိပြီး တိုက်ရိုက်ကွပ်ကဲသည်။

အခြားလေ့လာရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်