[] အကြီး အကဲ၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား၊ အဓိပတိပစ္စည်း။ [] []

အဓိပတိပစ္စည်းသည်

  • (၁)အာရမ္မဏာဓိပတိ
  • (၂)သဟဇာတာဓိပတိဟု နှစ်မျိုးရှိ၏။

အာရမ္မဏာဓိပတိ

ပြင်ဆင်ရန်

(၁) မိမိကို သိတတ်သော နာမ်တရားတို့ကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော သတ္တိသဘောသည် အာရမ္မဏာဓိပတိပစ္စည်း ဖြစ်သည်။ ဥပမာ - ရူပါရုံသည် သာမန်ရူပါရုံ, အလွန်အကဲ လှပသော အာရုံဟု နှစ်မျိုးရှိသည်။ သာမန်ရူပါရုံ၌ အာရမ္မဏသတ္တိသာရှိ၏။ အာရမ္မဏာဓိပတိသတ္တိမရှိ။ အလွန်အကဲ လှပသော ရူပါရုံ၌ အာရမ္မဏသတ္တိ, အာရမ္မဏာဓိပတိသတ္တိ နှစ်မျိုးလုံးပင်ရှိသည်။ အာရမ္မဏာဓိပတိသတ္တိရှိသော ရူပါရုံသည် မိမိကို အာရုံပြုသော လောဘမူစိတ်ကို လွမ်းမိုးချင်တိုင်း လွှမ်းမိုးနိုင်၏။ မမြင်ရလျှင် မနေ နိုင်အောင် ဖြစ်စေသည်။ ပဘာဝတီ ရူပါရုံ၏ အာရမ္မဏာဓိပတိသတ္တိကြောင့် အလောင်းတော်ကုသမင်းသည် ယူဇနာတစ်ရာဝေးသော ခရီးကို နေ့ချင်းပေါက် လှမ်း၍ မြန်းတော်မူရသည်။ ဂုတ္တိလစောင်းဆရာ၏ စောင်းသံ သဒ္ဒါရုံ အာရမ္မဏာဓိပတိသတ္တိကြောင့် ပြည့်တန်ဆာမသည် လေသောက်ပြတင်းမှ ခုန်ဆင်းမိလေသည်။ ဤသို့ စသည်ဖြင့် သာမန်အာရုံထက် လွန်လွန်ကဲကဲ စွမ်းဆောင်နိုင်သည့် သတ္တိထူးရှိသော အာရုံသည် အာရမ္မဏာဓိပတိ ပစ္စည်းတပ်သော အာရုံမည်၏။

အာရမ္မဏာဓိပတိ၏ ပစ္စည်း ပစ္စယုပ္ပန်

ပြင်ဆင်ရန်
အလေးအမြတ်ပြုအပ်သော(အာရုံ)ပစ္စည်း အလေးအမြတ်ပြုတတ်သော(အာရမ္မဏိက)ပစ္စယုပ္ပန်
(က) ဣဋ္ဌနိပ္ဖန္နရုပ်၊ ဒေါ-၂,မော-၂,ဒုက္ခသဟဂုတ်ကာယဝိညာဉ်ကြဉ်

လောကီစိတ် ၇၆-ခု, ဒေါစတုက်-၄ ဝိစိကိစ္ဆာကြဉ် စေ ၄၇

လောဘမူစိတ် ၈-ခု
(ခ) လောကီကုသိုလ်-၁၇ မဟာကုသိုလ်ဉာဏဝိပ္ပယုတ်-၄
(ဂ) လောကီကုသိုလ်-၁၇၊ အောက်မဂ်-၃၊ အောက်ဖိုလ်-၃၊ နိဗ္ဗာန်

မဟာကုသိုလ်ဉာဏသမ္ပယုတ်-၄

(ဃ) အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန် မဟာကြိယာဉာဏသမ္ပယုတ်-၄
(င) နိဗ္ဗာန် လောကုတ္တရာ-၈

က, ခ, ဂ, ဃ အကွက်ရှိ တရားများသည် တခါတရံ အလေးအမြတ်မပြုတတ်။ အလေးအမြတ် မပြု သောအခါ ပစ္စနိက်တရားများဖြစ်သည်။ က, ခ, ဂ, ဃ အကွက်ရှိ တရားများမှတပါး ကျန်လောကီစိတ် များသည် အမြဲတမ်း ပစ္စနိက်တရားများဖြစ်သည်။ ပစ္စနိက်ဖြစ်သော စိတ်၏ ယှဉ်ဘက်စေတသိက် ၅၂ နှင့် ရုပ်အားလုံးလည်း ပစ္စနိက်တရားများဖြစ်သည်။ လောကုတ္တရာစိတ် ၈-ပါးသည် နိဗ္ဗာန်ကို အလေးအမြတ် အမြဲ အာရုံပြု၍ အမြဲတမ်း ပစ္စယုပ္ပန်ဖြစ်သည်။

ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံ

ပြင်ဆင်ရန်

(က) လွန်စွာလှပသော ရူပါရုံကို အာရုံပြုလျှက် စွဲလမ်းနှစ်သက်သော စက္ခုဒွါရ မနောဒွါရိက ဝီထိဖြစ်ရာ၌ ရူပါရုံသည် အာရမ္မဏာဓိပတိပစ္စည်း၊ လောဘဇောသည် အာရမ္မဏာဓိပတိပစ္စည်း၏ ပစ္စယုပ္ပန်၊ မိမိ၏ လောကီဈာန်ကို လွန်စွာ သာယာသောအခါ၌ လောကီဈာန် စိတ် စေတသိက်သည် အာရမ္မဏာဓိပတိပစ္စည်း၊ လောဘဇောသည် အာရမ္မဏာဓိပတိပစ္စည်း၏ ပစ္စယုပ္ပန်။

(ခ,ဂ) မိမိကုသိုလ်ကိုဖြစ်စေ သူတပါးကုသိုလ်ကိုဖြစ်စေ ဆင်ခြင်ရ အာရုံပြုရသည့် အခါ, မိမိ၏ ဈာန်ကုသိုလ် များကို အားရပါးရဆင်ခြင်သော ပစ္စဝေက္ခဏာကုသိုလ်ဇောဝီထိ ဖြစ်သည့်အခါတို့၌ လောကီကုသိုလ်အာရုံ သည် အာရမ္မဏာဓိပတိပစ္စည်း၊ အလေးဂရုအာရုံပြုတတ်သော မဟာကုသိုလ်ဇော စေတသိက် ၃၃ သည် အာရမ္မဏာဓိပတိပစ္စည်း၏ ပစ္စယုပ္ပန်

(ဃ) မဟာကုသိုလ်ကြိယာ ဉာဏသမ္ပယုတ် ၈ ပါးသည် မိမိ မိမိ၏ ဥစ္စာဖြစ်သော လောကုတ္တရာတရားကိုးပါးကို ခြေခြေငံငံ စွဲစွဲလမ်းလမ်း အာရုံပြု၏။ သောတာပန်ပုဂ္ဂိုလ်၏မဟာကုသိုလ် ဉာဏသမ္ပယုတ်သည် (ပစ္စဝေက္ခဏာဝီထိ ဖြစ်သောအခါ သမာပတ်ဝင်စားသောအခါတို့၌) မိမိ သောတာပတ္တိမဂ် သောတာ ပတ္တိဖိုလ် နိဗ္ဗာန်ကို အလေးအမြတ် အာရုံပြု၏။ သူများ၏ မဂ်ဖိုလ်နိဗ္ဗာန်ကိုကား သာမန်လောက်သာ အာရုံ ပြု၏။ မိမိ၏ သကဒါဂါမိ အနာဂါမိ မဂ်ဖိုလ်နိဗ္ဗာန်တို့၌လည်း ဤနည်းပင်တည်း။ရဟန္တာပုဂ္ဂိုလ်၏ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်သည် မိမိ ဥစ္စာဖြစ်သော အရဟတ္ထမဂ် အရဟတ္ထဖိုလ် နိဗ္ဗာန်ကို အာရုံ ပြု၏။

(င) လောကုတ္တရာစိတ်လည်း နိဗ္ဗာန်ကို အလေးအမြတ် အာရုံပြု၏။ ဤ၌လည်း သူများနိဗ္ဗာန်ကို မိမိမဂ်ဖိုလ် က လုံးဝအာရုံမပြုနိုင်သောကြောင့် မိမိ မဂ် ဖိုလ် မိမိ နိဗ္ဗာန်ကိုသာ အာရုံပြုသည်။ နိဗ္ဗာန်သည် အာရမ္မဏဓိပတိပစ္စည်း, မိမိ၏ မဂ်ဖိုလ်, ဝိရတိနှင့်တကွ စေတသိက် ၃၆-ပါးသည် အာရမ္မဏဓိပတိပစ္စည်း၏ ပစ္စယုပ္ပန်။ []

ဣဋ္ဌဖြစ်သောရုပ်

ပြင်ဆင်ရန်

ဣဋ္ဌ (လိုချင်ဘွယ်ရာ) သည် သဘာဝ (အရှိအတိုင်း) ဣဋ္ဌ, ပရိကပ္ပ (ထင်မှတ်ခြင်း) ဣဋ္ဌဟု နှစ်မျိုးရှိရာ နှစ်မျိုးလုံးကိုပင် အာရမ္မဏာဓိပတိပစ္စည်း အဖြစ်ယူရမည်။ ဘုရားရှင်ကဲ့သို့သော သဘာဝဣဋ္ဌာရုံ ကြီးကိုပင် မိစ္ဆာဒိဋ္ဌိတို့က အလွန်တရာ စက်ဆုပ်ဖွယ်ကောင်းသော အနိဋ္ဌာရုံဟု ထင်ကြကုန်၏။ အလွန်တရာ စက်ဆုပ်ဖွယ်ကောင်းသော မစင်ဘင်ပုပ် ခွေကောင်းပုန် စသည့် သဘာဝ အနိဋ္ဌာရုံကြီးကိုပင် ခွေး, လင်းတ စသည်တို့က ဣဋ္ဌာရုံဟု ထင်ကြကုန်၏။

သဘာဝဣဋ္ဌာရုံဖြစ်စေကာမူ အလေးအမြတ်ပြုခြင်းမရှိပါက အာရမ္မဏာဓိပတိ ပစ္စည်း မဖြစ်၊ သဘာဝ အနိဋ္ဌာရုံဖြစ်စေကာမူ အလေးအမြတ်ပြုခြင်းရှိပါက အာရမ္မဏာဓိပတိပစ္စည်း ဖြစ်နိုင်၍ အာရမ္မဏာဓိပတိ ပစ္စည်း၌ သဘာဝဣဋ္ဌ, ပရိကပ္ပဣဋ္ဌ နှစ်မျိုးလုံးယူရမည်။

အာရမ္မဏာဓိပတိပစ္စည်းမဖြစ်သောတရားများ

ပြင်ဆင်ရန်

အနိပ္ဖန္နရုပ်သည် နိပ္ဖန္နရုပ်၏ အခိုက်အတန့်မျှသာဖြစ်၍ နိပ္ဖန္နရုပ်အား အလေးအမြတ်ပြုအပ်သော သဘောမရှိ၍၊ ဒေါသမူဒွေးသည် အနိဋ္ဌာရုံ, ကြမ်းတမ်းသောသဘောရှိ၍၊ မောဟမူသည် အလွန်တွေဝေသော သဘောရှိ၍၊ ဒုက္ခသဟဂုတ်ကာယဝိညာဉ်သည် ဒုက္ခဝေဒနာနှင့်တကွဖြစ်၍၊ ဒေါစတုက်လေးပါးသည် ဒေါသမူ၌သာယှဉ်၍၊ ဝိစိကိစ္ဆာသည် မောဟမူ၌သာယှဉ်၍၊ ပညတ်သည် အလေးအမြတ်ပြုအပ်သော သဘောမှကင်း၍၊ အာရမ္မဏာဓိပတိပစ္စည်းမဖြစ်နိုင်ကြ။

အာရမ္မဏာဓိပတိပစ္စယုပ္ပန်မဖြစ်သောတရားများ

ပြင်ဆင်ရန်

ပညတ်သည် အလေးအမြတ်ပြုအပ်သော အာရုံမဟုတ်။ အပ္ပမညာစေတသိက်သည် ဒုက္ခိတသုခိတသတ္တဝါပညတ်ကိုသာ အာရုံပြု၍ ပစ္စယုပ္ပန်မဖြစ်။ ဝိရတိစေတသိက်သည် ဝီတိက္ကမိတဗ္ဗ (လွန်ကျူးအပ်သာ)အာရုံကို အာရုံပြု၏။ လောကီကုသိုလ်တို့သည် ဝီတိက္ကမိတဗ္ဗမဟုတ်၍ ပစ္စယုပ္ပန်မဖြစ်။ မဟာကြိယာဉာဏဝိပ္ပယုတ်လေးခုသည် ဉာဏ်ကင်းသောကြောင့် လောကုတ္တရာတရားကို အာရုံမပြုနိုင်၍ ပစ္စယုပ္ပန်မဖြစ်။ လောကီတရားကို အဘယ်ကြောင့် အာရုံမပြုသနည်းဟူမူကား အထွဋ်အမြတ်သို့ရောက်သော ရဟန္တာပုဂ္ဂိုလ်သည် လောကီတရားကို အလေးအမြတ်မပြု။ လောကုတ္တရာတရားကိုသာ အလေးအမြတ်ပြုသည်။

ဒေါသမူလည်း အလေးအမြတ်မပြု။ အဘယ့်ကြောင့်နည်းဟူမူကား ပြစ်မှားတတ်သော အမျက်ထွက်တတ် သောသူသည် တစုံတခုသော တရားကိုမျှ အလေးအမြတ် မပြုသောကြောင့်တည်း။ မောဟမူသည်လည်း အလေးအမြတ် မပြု။ အဘယ့်ကြောင့်နည်းဟူမူကား မိုက်မဲတွေဝေသောသူသည်လည်း တစုံတခုသော တရားကိုမျှ အလေးအမြတ် မပြုသောကြောင့်တည်း။ မဟဂ္ဂုတ်ကုသိုလ်သည် မိမိသည်မြတ်သောတရား ဖြစ်သောကြောင့် တစုံတခုကိုမျှ အလေးမပြု။

(အဓိပတိကိစ္စတပ်နိုင်သော ဒွိဟိတ်ဇော တိဟိတ်ဇောတို့မှသာ ပစ္စယုပ္ပန်ဖြစ်နိုင်သည်ကို သတိပြုပါ)

အဓိပတိလေးပါး

ပြင်ဆင်ရန်

အဓိပတီ-အဓိပတိတို့သည်။ ဆန္ဒာဓိပတိ-ဆန္ဒာဓိပတိ၎င်း။ ဝီရိယာဓိပတိ-ဝီရိယာဓိပတိ၎င်း။ စိတ္တာ ဓိပတိ-စိတ္တာဓိပတိ၎င်း။ ဝီမံသာဓိပတိ-ဝီမံသာဓိပတိ၎င်း။ (ဣတိ-ဤသို့) စတ္တာရော-လေးပါးတို့တည်း။ [][]

ဒွိဟေတုက တိဟေတုက ဇဝနေသွေဝ-ဒွိဟိတ်ဇော တိဟိတ်ဇောတို့၌သာလျှင်၊ အဓိပတိ-အဓိပတိကို၊ ဧကောဝ-တပါးတည်းသာလျှင်၊ လဗ္ဘတိ-ရအပ်၏။[]

ဒွိဟိတ်ဇော တိဟိတ်ဇော၌ရှိသော ဆန္ဒစသည်တို့သာ “အဓိပတိ” ဖြစ်ထိုက်သည်။ အခြားစိတ်များ၌ ယှဉ်သော ဆန္ဒစသည်တို့ကား အဓိပတိမဖြစ်ထိုက်။ ထိုထိုကိစ္စ၌ အကြီးဆုံးအချုပ်ဆုံးဖြစ်သူသည် တယောက် တည်းသာ ရှိရသကဲ့သို့ ထို့အတူမဟာကုသိုလ် ပထမစိတ်၌ ဆန္ဒစသော လေးပါးလုံးရှိရာ တပါးပါးသာ အဓိပတိဖြစ်ရမည်။ ကျန်သုံးပါးကား နောက်လိုက် ငယ်သားသာတည်း။ ဥပမာ-“ဆန္ဒာဓိပတိဖြစ်ခိုက် ဝီရိယ စသည်တို့က သာမန်နောက်လိုက်တရားများ ဖြစ်ရမည်”ဟူလို။

သဟဇာတာဓိပတိ

ပြင်ဆင်ရန်

ထိုလေးပါးတွင် ဖြစ်သင့်သောတရား တပါးပါးက အဓိပတိဖြစ်လိမ့်မည်။ ဆန္ဒထက်သန်သောအခါ ဆန္ဒသည် အဓိပတိဖြစ်သင့်၏။ ဝီရိယထက်သန်သောအခါ ဝီရိယသည်, စိတ်ထက်သန်သောအခါ စိတ်သည်, ပညာထက်သန်သောအခါ ပညာ(ဝီမံသ)သည် အဓိပတိဖြစ်သင့်၏။ []

လောကီဝိပါက်စိတ်တို့သည် ရှေးကံကြောင့်ဖြစ်ရကား ဗျာပါရရှိသောစိတ်များ မဟုတ်ကြ။ ဗျာပါရ ကင်းမဲ့လျှင် အဘယ်မှာ အဓိပတိခေါ်လောက်သော အကြီးအချုပ် ဖြစ်ထိုက်ပါတော့အံနည်း။ ဖိုလ်ဝိပါက်များ ကား မဂ်အားလျော်စွာ ကိလေသာအပူငွေ့များကို တဖန်ငြိမ်းစေရသော ပဋိပ္ပဿမ္ဘနဗျာပါရ ရှိကြ၏။ ထို့ကြောင့် ဇောတို့၌သာ အဓိပတိရထိုက်သည်။ ဇောတို့တွင်လည်း အဟိတ်ဇော (ဟသိတုပ္ပါဒ်) နှင့် ဧကဟိတ်ဇော မောဟမူဒွေးတို့လည်း “ဆန္ဒရှိလျှင် ဘာကြောင့် ယုံမှားမှု ဝိစိကိစ္ဆာမဖြစ်ဘဲ ရှိအံ့နည်း, ဘာကြောင့် ပြုံးရယ်မှု ဟသိတုပ္ပါဒ်မဖြစ်ဘဲ ရှိအံ့နည်း”ဟု ပုဗ္ဗာဘိသင်္ခါရဖြင့် ထက်သန်လာအောင်ပြုပြင်၍ မရနိုင်။ ထိုသို့ ပြုပြင်၍မရလျှင် အဘယ်မှာအကြီးအချုပ် အဓိပတိလုပ်နိုင်တော့အံ့နည်း။ ထို့ကြောင့် ဧဟိတ် ဇော အဟိတ်ဇောတို့၌ အဓိပတိမရထိုက်ဘဲ ဒွိဟိတ်ဇောတိဟိတ်ဇောတို့၌သာ အဓိပတိရထိုက်ပေသည်။ []

လောဘမူ - ၈ ဒွိ
ဒေါသမူ - ၂ ဒွိ
မောဟမူ - ၂ (ဧကဟိတ်ဇော)
ဟသိတုပ္ပါဒ်- ၁ (အဟိတ်ဇော)
မဟာကု/ကြိ- ၁၆ ဒွိ/တိ
ရူပကု/ကြိ - ၁၀ တိ
အရူပကု/ကြိ- ၈ တိ
လောကုတ္တရာ- ၈ တိ
ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်
သာဓိပတိဇော ၅၂-ခုနှင့်

ယှဉ်သည့်

၁။ ဆန္ဒ

၂။ ဝီရိယ

၃။ ဝီမံသ(ပညာ)

၄။ သာဓိပတိဇော

၅၂-ခုဟူသော စိတ်

အဓိပတိတရားကိုယ်ကြဉ်သော

သာဓိပတိဇော ၅၂-ခု,

ဝိစိကိစ္ဆာကြဉ်သော စေ-၅၁-ခု၊

သာဓိပတိစိတ္တဇရုပ်

(လောဘမူ-၈၊ဒေါသမူ-၂၊

မဟာကု/ကြိ-၁၆) မောဟမူစိတ်

၂၊အဟိတ်-၁၈၊မဟာဝိ-၈၊

မဟဂ္ဂုတ်ဝိ-၉၊ စေ-၅၂၊

အဓိပတိပစ္စည်းတပ်နေသောတရား

သာဓိပတိစိတ္တဇရုပ်မှတပါး

ကျန်ရုပ်များ

ပစ္စည်း,ပစ္စယုပ္ပန်ဖြစ်ပုံ

ပြင်ဆင်ရန်

လောဘမူ သော ဒိသံ အ စိတ်နှင့် စေ ၁၉, စိတ္တဇရုပ် ဖြစ်ရာတွင် စိတ်ထက်သန်သောအခါဖြစ်မူ စိတ်သည် အဓိပတိပစ္စည်း၊ ဆန္ဒ ဝီရိယနှင့်တကွ စေ ၁၉, စိတ္တဇရုပ်သည် ပစ္စယုပ္ပန်။

ကုသိုလ်ပြုသောအခါ သော ဉာ သံ အ စိတ်နှင့် စေ ၃၃ ခု, စိတ္တဇရုပ်ဖြစ်ရာတွင် စိတ်ထက် သန်သောအခါစိတ်သည်ပစ္စည်း၊ ဆန္ဒဝီရိယဝီမံသနှင့်တကွ စေ ၃၃, စိတ္တဇရုပ်သည် ပစ္စယုပ္ပန်။

ဆန္ဒထက်သန်သောအခါ ဆန္ဒသည် ပစ္စည်း၊ ဝီရိယထက်သန်သောအခါ ဝီရိယသည် ပစ္စည်း၊ ပညာ ထက်သန်သောအခါ ပညာသည် ပစ္စည်း၊ ကျန် စိတ်, စေ, စိတ္တဇရုပ်သည် ပစ္စယုပ္ပန်

(ဆန္ဒ ဝီရိယ စိတ် ပညာ မထက်သန်သည့်အခါ အဓိပတိပစ္စည်းဖြင့် ကျေးဇူးမပြု) မှတ်ချက်။ ကာမဇောနာမက္ခန္ဓာတွင် ပါဝင်သည့် ဆန္ဒ ဝီရိယ ပညာ စိတ်တို့သည် တခါတရံ အဓိပတိတပ်၏။

တခါတရံ မတပ်။ အပ္ပနာဇောနာမက္ခန္ဓာတွင် ပါဝင်သည့် ဆန္ဒ ဝီရိယ ပညာ စိတ်တို့သည် အမြဲ အဓိပတိတပ်၏။[၁၀]

  1. အဓိပတိပစ္စယ (ပု) [အဓိပတိ+ပစ္စယ]
  2. ဟေတုပစ္စယော အာရမ္မဏပစ္စယော အဓိပတိပစ္စယော...။ ပဋ္ဌာန၊၁၊၁။ အဓိပတိပစ္စယောတိ ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ပဋ္ဌာန၊၁၊၂။ ဇေဋ္ဌကဋ္ဌန ဥပကာရကော ဓမ္မော အဓိပတိပစ္စယော။ အဘိ၊ဋ္ဌ၊၃၊ ၃၄၅။
  3. တိပိဋကအဘိဓာန် အတွဲ-၁
  4. (ဝီထိနှင့်သုံးချက်စု ဘာဋီ)
  5. (အခြေပြုသင်္ဂြိဟ်နိဿယ-၄၃၀)
  6. စတ္တာရော အဓိပတီ ဆန္ဒာဓိပတိ, ဝီရိယာဓိပတိ, စိတ္တာဓိပတိ, ဝီမံသာဓိပတိ။ (အဘိဓမ္မတ္ထင်္သဟပါဠိ-၁၂၁)
  7. ဒွိဟေတုက တိဟေတုက ဇဝနေသွေဝ ယထာသမ္ဘဝံ အဓိပတိ ဧကောဝ လဗ္ဘတိ။ (အဘိဓမ္မတ္ထင်္သဟပါဠိ-၁၂၂)
  8. (အခြေပြုသင်္ဂြိဟ်နိဿယ ၄၃၄-၅)
  9. (အခြေပြုသင်္ဂြိဟ်နိဿယ-၅၇၈)
  10. ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်