အာယတန ၁၂-ပါး
ဓါတ်ကြီးလေးပါး
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
အာယတန ၁၂-ပါး၏ သတ္တဝါတို့အား နှိပ်စက်တတ်ပုံကိုပြထား၏။ အာရုံတရားတို့၏ သို့မဟုတ် ကမ္မဘဝ၏ဝင်ထွက်သွားလာရာ နေအိမ်သဖွယ်ဖြစ်သောသဘော ၁၂-ပါး ဖြစ်သည်။
- (၁) စက္ခာယတန - စက္ခုပသာဒ ခေါ် မျက်စိအကြည်ဓာတ်၊
- (၂) သောတာယတန - သောတပသာဒခေါ် နားအကြည်ဓာတ်၊
- (၃) ဃာနာယတန - ဃာနပသာဒခေါ် နှာခေါင်းအကြည်ဓာတ်၊
- (၄) ဇိဝှါယတန - ဇိဝှါပသာဒ ခေါ် လျှာအကြည်ဓာတ်၊
- (၅) ကာယာယတန - ကာယပသာဒခေါ် ကိုယ်အကြည်ဓာတ်၊
- (၆) မနာယတန - စိတ် ၈၉- ခုဟုဆိုအပ်သော မနောအကြည်ဓာတ်၊
- (၇)ရူပါယတန - အဆင်းအာရုံ၊
- (၈) သဒ္ဒါယတန - အသံအာရုံ၊
- (၉) ဂန္ဓာယတန - အနံ့အာရုံ၊
- (၁၀) ရသာယတန - အရသာအာရုံ၊
- (၁၁) ဖောဋ္ဌဗ္ဗာယတန - ပထဝီ တေဇော ဝါယောဟုဆိုအပ်သော ဓာတ်သုံးပါး အပေါင်းအတွေ့အာရုံ၊
- (၁၂) ဓမ္မာယတန - စေတသိက် ၅၂-ပါး သုခုမရုပ် ၁၆-ပါး နိဗ္ဗာန် ပညတ်ဟုဆိုအပ်သော ဓမ္မာရုံ။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း