အာရှရွှေကြောင်(Asian golden cat)ကို ကြောင်မင်း၊ ကျားမင်း၊ တမ်းမစ်ကြောင်ဟုလည်း ခေါ်တွင်သည်။ တမ်းမစ်ကြောင်ဟု ခေါ်တွင်ရခြင်းမှာ ဒတ်ချ်လူမျိုး သတ္တဗေဒပညာရှင်တစ်ဦး ဖြစ်သူ ကွန်းရက်ဒ် ဂျက်ကော့ဗ် တမ်းမစ်ကို အစွဲပြုပြီး အမည်တွင်ခြင်း ဖြစ်သည်။ အိမ်ကြောင်ထက်အနည်းငယ်ကြီးသော တောကြောင်တစ်မျိုးဖြစ်သည်။ အလွန်ရန်လိုသည်။ အခြားတောကြောင်မျိုးများက ကြောက်ရွံ့ကြသောကြောင့် ကျားမင်းဟုခေါ်သည်။ ကိုယ်လုံးမှာ ရွှေနီရောင် တောက်နေသဖြင့် အလွန်လှပသော ကြောင်မျိုးဖြစ်သည်။ [၁]

အာရှရွှေကြောင်
Asian Golden cat.jpg
သဘာဝထိန်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 NT.svg
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက တိရစ္ဆာန်
မျိုးပေါင်းစု Chordata
မျိုးပေါင်း နို့တိုက်သတ္တဝါ
မျိုးစဉ် Carnivora
မျိုးရင်း ကြောင်မျိုးရင်း
မျိုးစု Pardofelis
မျိုးစိတ် P. temminckii
ဒွိနာမ
Pardofelis temminckii
အမည်ကွဲ
(Vigors & Horsfield, 1827)
Distibution map of Asian Golden Cat.svg
အာရှရွှေကြောင် တွေ့ရှိရာဒေသ

မာတိကာ

ထူးခြားချက်ပြင်ဆင်ရန်

 
Illustration of skulls of Asian golden cat (bottom) and fishing cat (top), in Pocock's The Fauna of British India, including Ceylon and Burma[၂]

ရွှေကြောင်သည် ခန္ဓာကိုယ်အလတ်စားရှိသော ကြောင်မျိုးရင်းဝင် သတ္တဝါတမျိုး ဖြစ်သည်။ စံပြုထိုက်သော ကြောင်ပုံရှိသည်။ အမြင့် ၉၀ စင်တီမီတာ၊ အမြီး ၅၀ စင်တီမီတာ၊ အလေးချိန် ၁၂ မှ ၁၆ ကီလိုထိ ရှိတတ်သည်။ (တနည်း) ခေါင်းနှင့်ကိုယ်အလျားမှာ ၆၆ to ၁၀၅ cm (၂၆ to ၄၁ in) ရှိကာ၊ အမြီးသည် ၄၀ to ၅၇ cm (၁၆ to ၂၂ in)ရှည်ပြီး၊ ပုခုံးနေရာ၌ ၅၆ cm (၂၂ in) မြင့်လေသည်။ အလေးချိန်မှာ ၉ to ၁၆ kg (၂၀ to ၃၅ lb) ရှိ၍ သာမန်အိမ်မွေးကြောင်တကောင်၏ နှစ်ဆသို့ သုံးဆခန့် ရှိသည်။ ရွှေကြောင်ခေါင်းပိုင်း၌ မျက်စိအတွင်းဘက်၌ အဖြူသား တကြောင်းစီ ကပ်ပါသည်။ နဖူးပိုင်း၌ အမည်းကွပ်သော မီးခိုးရောင် တွန့်ရာ ပါကာ ခေါင်းနောက်ထိ ရှည်လျားသည်။

အမွေးများသည် အရောင်ညီညွတ်ပြီး၊ ထူးခြားစွာ အရောင်ပြောင်းလဲတတ်သည်။ အမွေးများသည် နီကြင်ကြင်မဟုတ်ပါက ရွှေလိမ္မော်ရောင် သန်းနေပြီး၊ အညိုရင့်ရောင်မှ သစ်ခေါက်ရောင်ပြောင်းလဲနိုင်သော၊ မီးခိုးရောင်မှ အမည်းရောင်သို့ ပြောင်းလဲနိုင်သော အမျိုးအစားလည်း ရှိသည်။ မတူကွဲပြားသော ရောင်စဉ်များသို့လည်း ပြောင်းလဲတတ်သေးသည်။ အစက်အပြောက်များနှင့် အစင်းများဖြင့် မှတ်သားရသည်။ အဖြူနှင့် အနက်စင်းများသည် ပါးကိုဖြတ်ကာ ခေါင်းထိပ်သို့ တက်သွားသည်။ နားရွက်မှာ မည်းပြီး အလယ်ဗဟို၌ မီးခိုးရောင်သန်းသည်။ ယေဘုယျအားဖြင့် အကွက်စက်များသည် ဝမ်းဗိုက်အောက်ပိုင်းနှင့် ခြေထောက်ပိုင်း၌သာ ပါတတ်ပြီး၊ အရောင်ပြောင်းတတ်သည့် ကြောင်အမျိုးအစားမှာမူ အခြားခန္ဓာကိုယ်အစိတ်အပိုင်း၌လည်း အကွက်အပြောက်ရေးရေး တွေ့ရတတ်သည်။ တရုတ်ပြည်၌ အပြောက်ပါသော အရောင်ပြောင်း အမျိုးအစား တမျိုးရှိပြီးလျှင်၊ သစ်ကြောင်(豹猫)နှင့် အလွန်တရာ ဆင်တူသည်။

တွေ့ရှိရာဒေသပြင်ဆင်ရန်

အာရှရွှေကြောင်ကို အရှေ့တောင်အာရှတစ်လွှားတွင် တွေ့ရှိရပြီး တိဘက်ဘူတန်နီပေါအိန္ဒိယဘင်္ဂလားဒေ့ရှ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်တရုတ်ပြည်တောင်ပိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံရှိ စူမတ်တြားကျွန်းတို့တွင် တွေ့ရသည်။[၃]

ကျောက်တောင်များကြားတွင်ရှိသော သစ်တောများ၌ မှီတင်းနေထိုင်ရသည်ကို ကြိုက်နှစ်သက်သည်။ ရွက်ကြွေတော၊ အပူလျော့ပိုင်းအမြဲစိမ်းရွက်ပြန့်တောများနှင့်တကွ အပူပိုင်းမိုးသစ်တောများ၌ ရွှေကြောင်၏ အရိပ်အရောင်ကို မြင်တွေ့နိုင်သည်။ တခါတရံ၌လည်း ၎င်းကို ဆန့်ကျင်ဘက် ကျယ်ပြန့်သော လွင်ပြင်ဒေသ၌ တွေ့ရတတ်သည်။

အာသံရှိ မန်န(Manas)အမျိုးသားဥယျာဉ်၏ မြက်ခင်းပြင်ကဲ့သို့သော ကျယ်ပြန့်သော မြက်ခင်းများ၌လည်း နေသည်။[၄]ဟိမဝန္တာအရှေ့ပိုင်းတွင် ရွှေကြောင်များကို သမပိုင်းနှင့် တပိုင်းထင်းရှူးတောများ(temperate and subalpine forest)၌ မှတ်တမ်းတင်မိသည်။[၅] ဒမ္ပာ ကျားဘေးမဲ့တောထဲနှင့် မဂ္ဂာလယရှိ ခါစီတောင်ကုန်းများ၌လည်း မှတ်တမ်းဖြင့် တွေ့ရသည်။[၆][၇]

လာအို၌ အနည်းဆုံး မီတာ ၁၁၀၀(ပေ ၃၆၀၀)ရှိ မဲခေါင်လွင်ပြင်တွင် ဝါးများ ပြန်လည်ပေါက်ရောက်(bamboo regrowth)နေသော၊ တပင်နှင့် တပင်ပွတ်တိုက်(scrub)နေသော အဆင့်နိမ့်သည့် သစ်တောများ၌ နေထိုင်သည်။[၈] စူမတ်တြားနှင့် လာအိုမြောက်ပိုင်းက နမ်အဲ့ဖိုလိုအီအမျိုးသားအကာအကွယ်ပေးဒေသ(Nam Et-Phou Louey National Protected Area)တို့၏ စစ်တမ်းများက ယခင်ယုံထားသည်ထက် အရေအတွက် ပိုများကြောင်းနှင့် မကြာခဏတွေ့ရသော(sympatric) အိမ်ကြောင်များထက် ပိုအတွေ့ရများကြောင်း ညွှန်ပြနေသည်။[၉][၁၀] မြန်မာ့မြောက်ပိုင်း၊ ထိုင်းနှင့် အိန္ဒိယအနောက်ပိုင်း အရုနချယ် ပရာဒက်(Arunachal Pradesh)တို့မှ ရသော စစ်တမ်းများအရမူ တကောင်ချင်းအလိုက် ဦးရေနည်းပါးလှကြောင်း တွေ့ရသည်။[၁၁][၁၂][၁၃]

ဘူတန်ဂျီဂမဲ ဆင်ဂယဲ ဝမ်ချပ် အမျိုးသားဥယျာဉ်တွင်၊ အမြင့်တီကျူ ၃၇၃၈ မီတာ(၁၂၂၆၄ ပေ)၌ ကင်မရာထောင်ချောက်များဖြင့် ဓာတ်ပုံဖမ်းယူ ရရှိသည်။[၁၄] ဆစ်ကင်း(Sikkim)၊ ခန်ချန်ဒဇုံဂါ ဇီဝဘေးမဲ့တော၌ ပင်လယ်ရေမျက်နှာပြင်မှအမြင့်(elevation) မီတာ ၃၉၆၀(၁၂၉၉၀ ပေ)အရောက်တွင် ဓာတ်ပုံရိုက်ယူ ရသည်။၃,၉၆၀ m (၁၂,၉၉၀ ft)

မျိုးစိတ် သုံးမျိုးကို အသိအမှတ်ပြုထားသည်။[၁၅] ၎င်းတို့မှာ

  • ဟိမဝန္တာ၊ အရှေ့တောင်အာရှနှင့် ဆူမားတြားတို့ရှိ ပါဒိုဖလိစ် တမ်းမစ်ကီး တမ်းမစ်ကီးPardofelis temminckii temminckii
  • တရုတ်ပြည် အရှေ့တောင်၌ တွေ့ရသော ပါဒိုဖလိစ် တမ်းမစ်ကီး ဒိုမီနကနရမ်Pardofelis temminckii dominicanorum
  • တရုတ်ပြည် အနောက်တောင်၌ တွေ့ရသော ပါဒိုဖလိစ် တမ္မစ်ကီး ထရိစတစ်Pardofelis temminckii tristis

တို့ ဖြစ်သည်။

ကျက်စားပုံနှင့် သားပေါက်ခြင်းပြင်ဆင်ရန်

 
A gray morph of the Asian golden cat, Arunachal Pradesh, India

အာရှရွှေကြောင်၏ လှုပ်ရှားမှုသည် အလွန်သိုသိပ်၍ သုတေသီများ ပြောသည်မှာ ၎င်းသည် အဓိကအားဖြင့် ညအခါ၌သာ လှုပ်ရှားသွားလာလေ့ရှိသည်။ မည်သို့ လှုပ်ရှားမည်ဟုလည်း စည်းကမ်းသတ်မှတ်ချက် မရှိပေ။ ထီးတည်းနေတတ်သော သတ္တဝါမျိုး ဖြစ်သည်။

မြေပြင်၌ သားကောင် ဖမ်းခြင်းကို ကြိုက်သော်လည်း အမြင့်နေရာများကို တက်ရောက်နိုင်သည်။ ယင်းတို့၏ သားကောင်ဖမ်းပုံ နည်းစနစ်သည် စံပြကြောင်မျိုးများနှင့် ဆင်တူသည်။ များသောအားဖြင့် ငှက်၊ ပုတက်မျိုး၊ ကိုက်ဖြတ်သတ္တဝါမျိုးနှင့် အခြားနို့တိုက်သတ္တဝါများကို အစာအဖြစ် ဖမ်းစားတတ်ပြီး၊ ရံခါ၌ သမင်ပေါက်စများကိုလည်း ဖမ်းစားတတ်သည်။ ရွှေကြောင်နှစ်ကောင်ပေါင်း၍လည်း မိမိထက်ကြီးသော သတ္တဝါများကို ဖမ်းဆီးမှု ရှိသည်။

 
Asian golden cat with a piece of meat

အာရှရွှေကြောင်းများသည် ပိုင်နက်နယ်မြေသတ်မှတ်ထားတတ်ခြင်းနှင့် ထီးတည်းနေတတ်ခြင်းတို့ ရှိသည်။ ယခင်လေ့လာမှုများအရ ၎င်းတို့သည် ညမှသာ လှုပ်ရှားသွားလာတတ်သည်။ အချို့မျိုးစိတ်များမှာ နေ့ရောညပါ လှုပ်ရှားတတ်သည်။ အချို့ကမူ နေဝင်လထွက် အချိန်မျိုးမှသာ ထွက်လာတတ်ပြီး၊ ညနက်သော် မလှုပ်ရှားမသွားလာတတ်သည်လည်း ရှိသည်။ လေ့လာမှုများအရ ရွှေကြောင်ထီး၏ နယ်ပယ်မှာ အရွယ်အစားအားဖြင့် ၄၇.၇ km2 (၁၈.၄ sq mi) ရှိပြီး၊ မုတ်သုံမိုးရာသီ၌ ၁၅ ရာခိုင်နှုန်း ပိုကျယ်ပြန့်သည်။ အမ၏စားကျက်နယ်မှာ အရွယ်အစားအားဖြင့် ၃၂.၆ km2 (၁၂.၆ sq mi) ဖြစ်သည်။ ကြောင်ထီးရော ကြောင်မ ပါ တနေ့အတွင်း ၅၅ m (၁၈၀ ft)ကြား နှင့် ၉ km (၅.၆ mi)အတွင်းသာ သွားလာလေ့ရှိသည်။ မတ်လထက် ဇူလိုင်လတွင် ပိုလှုပ်ရှားသည်။ [၁၆]

လိုအပ်ပါက သစ်ပင်တက်နိုင်သည်။ ငှက်ယုန်၊ ကိုက်ဝါးတတ်သော ကြွက်မျိုး၊ တွားသွားမျိုးနှင့် ဆတ်ချေတို့ကဲ့သို့သော ခွာပါအကောင်ငယ်မျိုးတို့ကို အမဲလိုက်သည်။ အိမ်မွေးကျွဲပေါက်ကဲ့သို့သော မိမိထက်ကြီးသည့် သားကောင်ကိုလည်း ဖမ်းဆီးနိုင်သည်။[၁၇] ဆစ်ကင်းတောင်တန်းများတွင် ရွှေကြောင်သည် ဂိုရယ်ဆိုသော သမင်နှင့်တူသော အကောင်တမျိုးကိုပင် သားကောင်အဖြစ် ဖမ်းဆီးသည်ဟု ဆိုကြသေးသည်။[၁၈]

လှောင်အိမ်သွင်းထားသော ရွှေကြောင်များသည် အိမ်ကြောင်များကဲ့သို့ပင် မိမိသွားဖြင့် သားကောင်ကိုကိုက်ဖြတ်သည်။ အစာကျွေးခြင်း မစတင်မီ၊ ခိုထက်ကြီးသော ငှက်များကို ဖမ်းစားသည်။ သူတို့အော်သံများတွင် နှာချေသံ၊ အော့အန်သံ၊ မိညောင်အော်သံ၊ အမွေးပွသံ၊ မာန်ဖီသံ နှင့် ဂဏာမငြိမ်သံတို့ ပါဝင်သည်။ အခြားကူးလူးဆက်ဆံပုံမှာ ရနံ့ဖြင့် အမှတ်အသားလုပ်ခြင်း၊ သစ်ပင်သစ်တုံးများကို လက်သည်းဖြင့် ကုတ်ခြစ်ခြင်း နှင့် အရာဝတ္ထုအမျိုးမျိုးကို ခေါင်းဖြင့် လိုက်ပွတ်ခြင်းတို့ ဖြစ်ကာ၊ အိမ်ကြောင်များ ပြုမူပုံနှင့် လွန်စွာတူလေသည်။

မျိုးပွားပုံပြင်ဆင်ရန်

ဤရှားပါးတွေ့ရခဲသော ကြောင်၏ တောတွင်းကာလ မျိုးပွားပုံအပြုအမူနှင့် စပ်လျဉ်း၍ မသိကြချေ။ သိရှိရသမျှမှာ ထိန်းသိမ်းစောင့်ရှောက်ထားသော ရွှေကြောင်များဆီမှသာ ဖြစ်သည်။ [၁၉]အဖိုက ၂၄ လနှင့် ရင့်ကျက်သည်ဆိုလျှင် အာရှရွှေကြောင်မသည် ၁၈ လ နှင့် ၂၄ လအကြား လိင်ပိုင်းဆိုင်ရာ ရင့်မာပြီ ဖြစ်သည်။ ၃၉ ရက်ကြာတိုင်း အမသည် လိင်ဆက်ဆံလိုသော အာသီသ ရှိလာသည်။ ထိုသောအခါ လက်ခံလိုသော အမူအရာပြသခြင်းဖြင့် အမှတ်အသား ထား၍ အထီးနှင့် ဆက်ဆံရရန် ရှာဖွေသည်။[၂၀] မိတ်လိုက်စဉ်၊ အမ၏ လည်ကုပ်ကို အထီးက သွားဖြင့် ကိုက်ဆွဲထားတတ်သည်။ ၇၈ ရက်မှ ရက် ၈၀ အတွင်း ကိုယ်ဝန်ဆောင်ပြီး၊ တခါပေါက်လျှင် တကောင်မှ သုံးကောင်ဖြစ်ကာ သစ်ခေါင်း၊ ကျောက်ဂူစသော သိုဝှက်သော၊ အမိုးအကာရှိသော နေရာများ၌ မွေးဖွားသည်။ မွေးကင်းစကြောင်လေးများသည်၂၂၀ to ၂၅၀ g (၇.၈ to ၈.၈ oz) လေးသည်။ သို့သော် ပထမရှစ်ပတ်ကျော်သော် ဖွားစကထက် သုံးဆ ထွားလာသည်။ မွေးကတည်းကပင် ကြောင်ကြီးတကောင်၏ သားမွေးပုံစံ ပါလာပြီး၊ ခြောက်ရက်မှ ဆယ့်နှစ်ရက်အတွင်း မျက်လုံးပွင့်လေသည်။ ရွှေကြောင်ကို လုံခြုံစွာ စောင့်ရှောက်မွေးမြူသော် သက်တမ်း အနှစ် ၂၀ ထိ ရှည်နိုင်သော်လည်း တောတွင်းတိရစ္ဆာန်တို့သက်တမ်းသည် ပိုတိုသည်က များလေသည်။[၂၁]

ခြိမ်းခြောက်ခံနေရခြင်းပြင်ဆင်ရန်

အာရှရွှေကြောင်များသည် ကမ္ဘာမှာ ဖွံ့ဖြိုးမှုအမြန်ဆုံးနိုင်ငံများထဲမှ အချို့တွင် နေထိုင်သည် ဖြစ်ရာ ထိုနိုင်ငံများတွင် သစ်တောများလျင်မြန်စွာ ပြုန်းတီးလာခြင်း၊ သားကောင်များ ရှာဖွေရခက်ခဲလာခြင်းနှင့် အတူ လိုက်ပါလာသော နေထိုင်ကျက်စားရာ ဘုံပျောက်ခြင်းတို့ဖြင့် ကျယ်ပြန့်စွာ ခြိမ်းခြောက်ခံနေရပေသည်။ အခြားကြီးစွာသော ခြိမ်းခြောက်မှုတခုမှာ တရားမဝင်တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ခြင်းပင် ဖြစ်ကာ၊ အချိန်တိုအတွင်း အန္တရာယ် အရှိဆုံး ဖြစ်နိုင်ခြေ အလားအလာများနေပေသည်။ အိမ်မွေးတိရစ္ဆာန်များ အဆွဲခံရခြင်း၊ ကျွဲပေါက်စများ၊ ဆိတ်များ စသည့် ပိုကြီးသည့် တိရစ္ဆာန်များ အဆွဲခံရခြင်းကြောင့် လက်စားချေသည့်အနေဖြင့် ရွှေကြောင်များကို လိုက်လံပစ်ခတ် ဖမ်းဆီးသည်လည်း ရှိသည်ဟု ဆိုကြသည်။

တရားမဝင်တောရိုင်းတိရစ္ဆာန်များကုန်သွယ်ခြင်းပြင်ဆင်ရန်

သားမွေးများကိုလိုခြင်းကြောင့် အာရှရွှေကြောင်များသည် အမဲလိုက်ခြင်း၊ သတ်ဖြတ်ခုတ်ထစ်ခြင်းကို ခံရသည်။[၁၁] မြန်မာနိုင်ငံ၌၊ ၁၉၉၁ နှင့် ၂၀၀၆ အတွင်း စုံစမ်းစစ်ဆေးသိရှိရသော ဈေးကွက်လေးခုတွင် အနည်းဆုံး အကောင် ၁၁၀ မှ ခန္ဓာကိုယ်အစိတ်အပိုင်း ၁၁၁ ခုကို တွေ့ရှိရသည်။ ထိုအရေအတွက်သည် မခြိမ်းခြောက်ခံရသော မျိုးစိတ်များနှင့် စာလျှင် သိသာစွာ များပြားနေသည်။ တွေ့ရှိရသမျှထဲတွင် အလွန့်အလွန် ရှားပါးသော အကွက်ပုံအလွန်လှပသည့် ကျားသစ်ကွက်တောကြောင်နှင့် အလားတူသော မျိုးစိတ်ကို ရင်ထိုးပုံလုပ်ထားသည်ကိုလည်း တွေ့ရသည်။ အာရှရွှေကြောင်ကို မြန်မာ့ဥပဒေက လုံးဝဥဿုံ ကာကွယ်စောင့်ရှောက်ထားသော်လည်း၊ စစ်ဆေးတွေ့ရှိရသော ဈေးကွက်များမှ သုံးခုသည် ထိုင်းနှင့်တရုတ်တို့ရှိ နိုင်ငံတကာနယ်စပ်များ၌ တည်ရှိကာ၊ နိုင်ငံတကာမှ ဝယ်လက်များစွာသို့ ရောင်းချနေသည်။ CITES ဟူသော အန္တရာယ်ကျရောက်နေသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်များအပေါ် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကွန်ဗင်းရှင်း၏ သဘောတူညီချက်စာချုပ်သည် အကောင်အထည်ဖော်မှု အသက်ဝင်မှု အားနည်းသည်ဟု လူများစွာက ထောက်ပြကြသည်။ ရွှေကြောင်များကို မျိုးမတုံးအောင် ထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်နေသည်။ [၂၂]

ထိန်းသိမ်းခြင်းပြင်ဆင်ရန်

ပါဒိုဖလိစ် တမ်းမစ်ကီး သည် နိုင်ငံတကာကုန်သွယ်ရေးသဘောတူညီချက်(နောက်ဆက်တွဲ ၁)တွင် ပါဝင်ပြီး၊ ၎င်းအတန်းအစားအများစုကို ပြည့်ပြည့်ဝဝကာကွယ်ပေးထားသည်။ အမဲလိုက်ခြင်းကို ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယအင်ဒိုနီးရှားမလေးရှားမြန်မာနီပေါထိုင်းနှင့် ဗီယက်နမ်တို့၌ တားမြစ်ထားသည်။ လာအို မပါချေ။ ကမ္ဘောဒီးယားတွင် ကာကွယ်ပေးမှု မပေးမှုအကြောင်း စိုးစဉ်းမျှ မသိရ။ ဘူတန်တွင် ကြိုးဝိုင်းဧရိယာနယ်နိမိတ်အတွင်း၌သာ ရွှေကြောင်ကို ကာကွယ်ထိန်းသိမ်းသည်။

အာရှရွှေကြောင်၏ ဦးရေမှာ ခန့်မှန်းရခက်ခဲလှသည်။ ယခင်က နိုင်ငံတိုင်း၌ ပေါများသော်လည်း၊ ကျား၊ ကျားသစ်များကို အမဲမလိုက်တော့ဘဲ ဤကြောင်မျိုးစိတ်ကို စတင်အမဲလိုက်လာသည့် ပြီးခဲ့သည့်ရာစုနှစ် နှောင်းပိုင်းမှစ၍ ရှားပါးလာတော့သည်။ တရုတ်တွင် ကျားနှင့် ကျားသစ်ပြီးနောက် နောက်ထပ် အရှားပါးဆုံး ကြောင်မျိုး ဖြစ်လာတော့မည်ဟု ဆိုသည်။

မွေးမြူခြင်းပြင်ဆင်ရန်

၂၀၀၈ ဒီဇင်ဘာအထိ သိရသမျှမှာ၊ ဥရောပအန္တရာယ်ကျရောက်နေသော မျိုးစိတ်များအစီအစဉ်၌ ပါဝင်သော ဥရောပတိုက်ရှိ တိရစ္ဆာန်ဥယျာဉ် ရှစ်ရုံမှ အာရှရွှေကြောင် အကောင် ၂၀ သာ ရှိသည်။ ၂၀၀၇ နှင့် ၂၀၀၈ ဇူလိုင်၌ ဂျာမနီဝပ္ပာတယ်တိရစ္ဆာန်ဥယျာဉ်ရှိ အထီးအမ တစုံမှ အောင်မြင်စွာ သားပေါက်နိုင်ခဲ့သည်။ ကြောင်ကလေးနှစ်ကောင်သာ ပေါက်သည်။ ၂၀၀၈ တွင် ပြင်သစ်ပါဒက်ဖယ်လင်ဥယျာဉ်၌ ကြောင်မလေးတကောင် ပေါက်သည်။ ဤမျိုးစိတ်ကို စင်္ကာပူတိရိစ္ဆာန်ဥယျာဉ်၌လည်း ထိန်းသိမ်းစောင့်ရှောက်ထားပေသည်။[၂၃] ၎င်းတို့မှ လွဲလျှင် ကျန်အရှေ့တောင်အာရှနှင့် ဩစတြေးလျရှိ တိရိစ္ဆာန်ဥယျာဉ်များ၌လည်း အာရှရွှေကြောင်များကို အရေအတွက် အလွန်နည်းပါးစွာ ထိန်းသိမ်းစောင့်ရှောက်နေရလေသည်။

ရုပ်သွင်ခွဲခြမ်းပညာပြင်ဆင်ရန်

အာရှရွှေကြောင်များသည် အာဖရိကရွှေကြောင်များနှင့် ကြီးစွာ ဆင်ဆင်တူသည်နှင့်ပင် ထိုမျိုးစိတ်နှစ်ခု နီးကပ်စွာ ဆက်စပ်မှု ရှိသည်ဟု မဆိုနိုင်သေးချေ၊ အဘယ်ကြောင့်ဆိုသော် အာဖရိကနှင့် အာရှရှိ တောအုပ်များသည် နှစ်သန်း ၂၀ ကျော်အောင်ပင် ဆက်စပ်မှု မရှိခဲ့သောကြောင့်ပင် ဖြစ်သည်။ သူတို့ ဆင်တူမှုသည် မျိုးစိတ်ဆင့်ကဲပြောင်းလာခြင်း၏ အကောင်းဆုံးဥပမာ ဖြစ်တန်ရာလေသည်။

အာရှရွှေကြောင်သည် ဘော်နီယိုကျွန်းပေါ်ရှိ ကြောင်နီနှင့် ပုံပန်းကော အပြုအမူပါ တူညီသည်။ မျိုးဗီဇလေ့လာမှုက ၎င်းမျိုးစိတ်နှစ်ခု နီးကပ်စွာ ဆက်စပ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ အာရှရွှေကြောင်ကို ဘော်နီယိုမှ လွန်ခဲ့သော နှစ် ၁၀၀၀၀ မှ ၁၅၀၀၀ လောက်မှ ကွဲထွက်သွားသော စူမတ်တြားနှင့် မလေးရှားတွင် တွေ့ရသည်။ ဤလေ့လာတွေ့ရှိချက်များက ဘော်နီယိုကြောင်နီသည် အာရှရွှေကြောင်၏ သီးခြားနောက်ကျကျန်ခဲ့သော မျိုးစိတ်ခွဲတခု ဖြစ်သည်ဟု ယုံကြည်လာကြစေသည်။ မျိုးဗီဇခွဲခြမ်းစိတ်ဖြာမှုက ပြသနေသည်မှာ ကြောင်နီ၊ မာဘယ်ကြောင်တို့နှင့် အပြိုင် ရွှေကြောင်သည် လွန်ခဲ့သော ၉.၄ သန်းလောက်တွင် အခြားကြောင်မျိုးများမှ ကွဲထွက်လာကြောင်း၊ ရွှေကြောင်နှင့် ကြောင်နီသည် လွန်ခဲ့သော နှစ် လေးသန်းလောက် အကြာကတည်းက ကွဲထွက်လာကြောင်း၊ ကြောင်နီသည် ဘော်နီယိုကျွန်း သီးခြားမဖြစ်မီ အချိန်ကတည်းကပင် သီးခြားမျိုးစိတ်တခု ဖြစ်ခဲ့သည်ဟု ယုံကြည်ရကြောင်းတို့ ဖြစ်သည်။ မည်သို့ဆိုစေ၊ မာဘယ်ကြောင်မျိုးနှင့် သိသာနီးကပ်စွာ ဆက်နွယ်မှု ရှိ၍ ၎င်းမျိုးစိတ် သုံးမျိုးလုံးကို ပါဒိုဖလိစ် ဆိုသော မျိုးစု(genus)ထဲ တအုပ်စုထားသင့်ကြောင်း ပညာရှင်များက အကြံပြုသည်။[၂၄]

ဒဏ္ဍာရီပြင်ဆင်ရန်

ထိုင်းနိုင်ငံ အချို့ဒေသများ၌ အာရှရွှေကြောင်ကို မီးကျား(Seua fai)ဟု ခေါ်ကြသည်။ ဒေသခံများပြောကြားသော ဒဏ္ဍာရီပုံပြင်အရဆိုလျှင်၊ ရွှေကြောင်၏ အမွေးကို မီးရှို့လိုက်လျှင် ကျားများကို မောင်းထုတ်နိုင်သည်ဆို၏။ ရွှေကြောင်၏ အသားကို စားလျှင်လည်း အလားတူ ကျားပြေးစေသည်ဟု ယုံကြည်သည်။ ထိုသို့ ဖြစ်စေရန် ကြောင်မွေး တပင်သာ လိုအပ်သည်ဟု ကရင်လူမျိုးများက ယုံကြည်ကြလေသည်။ [၂၅] တောသူတောင်သားများစွာက ၎င်းကြောင်သည် အလွန်တရာ ရက်စက်ကြမ်းကြုတ်သည်ဟု ယုံနေကြသော်လည်း၊ အမှန်စင်စစ်မတော့ နူးညံ့သိမ်မွေ့လှပြီး တည်ငြိမ်သူ ဖြစ်သည်။

တရုတ်နိုင်ငံ၌ အာရှရွှေကြောင်ကို ကျားသစ်တမျိုးဟု သတ်မှတ်ပြီး၊ ကျောက်ကြောင် (ခ) ကျားသစ်ဝါ"rock cat" or "yellow leopard"ဟု သိကြသည်။ မတူညီသော ရောင်စဉ်အရ ခေါ်တွင်သော အမည်လည်း ကွဲပြားသည်။ သားမွေးများ မည်းနေလျှင် မင်ကျားသစ်(inky leopards)ဟု ခေါ်ပြီး၊ အစက်အပြောက်ပါလျှင် နှမ်းကျားသစ်(sesame leopards)ဟု ခေါ်လေသည်။

ကိုးကားပြင်ဆင်ရန်

  1. မောင်ဝင်းနိုင်၏ တိရစ္ဆာန်ရုံနှင့် တိရစ္ဆာန်များ စာအုပ်မှ၊ ၁၉၆၉၊ နိုဝင်ဘာ
  2. Pocock, R.I. (1939). The Fauna of British India, including Ceylon and Burma. Mammalia. – Volume 1. Taylor and Francis, Ltd., London. Pp 259–264
  3. Nowell, K., Jackson, P. (1996). 'Wild Cats: status survey and conservation action plan. IUCN/SSC Cat Specialist Group, Gland, Switzerland.
  4. Choudhury, A. (2007). "Sighting of Asiatic golden cat in the grasslands of Assam's Manas National Park". Cat News 47. 
  5. Bashir, T., Bhattacharya, T., Poudyal, K. and Sathyakumar, S. (2011). "Notable observations on the melanistic Asiatic Golden cat (Pardofelis temminckii) of Sikkim, India". NeBIO 2 (1): 2–4. 
  6. Nadig, S., R., N., Silva, A. P. (2016). "Small cats in the Himalayan foothills: the Asian Golden Cat of Nongkhyllem Wildlife Sanctuary, India". Small Wild Cat Conservation News 2. 
  7. Gouda, J., Sethy, J. and Chauhan, N. P. S. (2016). "First photo capture of Asiatic golden cat in Dampa Tiger Reserve, Mizoram, India". Cat News 64: 26–27. 
  8. Duckworth, J. W., Salter, R. E. and Khounboline, K. (compilers) (1999). Wildlife in Lao PDR: 1999 Status Report. Vientiane: IUCN – The World Conservation Union / Wildlife Conservation Society / Centre for Protected Areas and Watershed Management.
  9. Holden, J. (2001). Small cats in Kerinci Seblat National Park, Sumatra, Indonesia. Cat News 35: 11–14.
  10. Johnson, A., Vongkhamheng, C., Saithongdam, T. (2009). The diversity, status and conservation of small carnivores in a montane tropical forest in northern Laos. Oryx 43: 626–633 doi:10.1017/S0030605309990238
  11. ၁၁.၀ ၁၁.၁ Lynam, A. J., Round, P. and Brockelman, W. Y. (2006). Status of birds and large mammals of the Dong Phayayen-Khao Yai Forest Complex, Thailand. Biodiversity Research and Training Program and Wildlife Conservation Society, Bangkok, Thailand.
  12. Rao, M., Myint, T., Zaw, T., Htun, S. (2005). Hunting patterns in tropical forests adjoining the Hkakaborazi National Park, north Myanmar. Oryx 39(3): 292–300.
  13. Mishra, C., Madhusudan, M. D., Datta, A. (2006). Mammals of the high altitudes of western Arunachal Pradesh, eastern Himalaya: An assessment of threats and conservation needs. Oryx 40: 29–35.
  14. Wang, S. W. (2007). A rare morph of the Asiatic golden cat in Bhutan's Jigme Singye Wangchuck National Park. Cat News 47: 27–28.
  15. Wozencraft, W.C. (2005). "Order Carnivora", Mammal Species of the World: A Taxonomic and Geographic Reference, 3rd, Johns Hopkins University Press. ISBN 978-0-8018-8221-0. OCLC 62265494. 
  16. Grassman Jr., L. I., Tewes, M. E., Silvy, N. J., Kreetiyutanont, K. (2005). Ecology of three sympatric felids in a mixed evergreen forest in North-central Thailand. Journal of Mammalogy 86: 29–38
  17. Tun Yin (1967). Wild animals of Burma. Rangoon Gazette Ltd., Rangoon.
  18. Biswas, B. and Ghose, R.K. (1982). Progress report 1 on pilot survey of the WWF-India/Zoological Survey of India collaborative project on the status survey of the lesser cats in eastern India. Zoological Survey of India, Calcutta.
  19. Jones, M.L. (1977). Record keeping and longevity of felids in captivity. In: Eaton, R.L. (ed.) The World’s Cats. Vol. 3, no. 3. Seattle: Carnivore Research Institute, Burke Museum, University of Washington.
  20. Mellen, J. (1989). Reproductive behaviour of small captive cats (Felis ssp.). Ph.D. thesis, University of California, Davis.
  21. Prator, T., Thomas, W.D., Jones, M. and M. Dee (1988). A twenty-year overview of selected rare carnivores in captivity. pp 191–229. In B. Dresser, R. Reece and E. Maruska, (eds.) Proceedings of 5th world conference on breeding endangered species in captivity. Cincinnati, Ohio.
  22. Shepherd, C. R., Nijman, V. (2008). The wild cat trade in Myanmar. TRAFFIC Southeast Asia, Petaling Jaya, Selangor, Malaysia.
  23. EAZA Felid TAG (2009). EAZA Felid TAG Annual Report 2007–2008 Archived July 20, 2011, at the Wayback Machine.. In: EAZA Yearbook 2007/2008. European Association of Zoos and Aquaria
  24. Johnson, W. E., Eizirik, E., Pecon-Slattery, J., Murphy, W. J., Antunes, A., Teeling, E., O'Brien, S. J. (2006). The late miocene radiation of modern felidae: A genetic assessment. Science 311: 73–77
  25. Lekagul, B. (1977). Mammals of Thailand. Bangkok: Association for the Conservation of Wildlife.