အိုင် (အက္ခရာ)

လက်တင်အက္ခရာ

I သည် အခြေခံလက်တင်အက္ခရာတွင် ကိုးလုံးမြောက် အက္ခရာဖြစ်သည်။ ထို့ပြင် I သည် အင်္ဂလိပ်သဒ္ဒါတွင် နာမ်စားအဖြစ် အသုံးပြုသော အက္ခရာ တစ်ခုဖြစ်သည်။ ဤနေရာတွင် I (နာမ်စား) ကို ကြည့်ရှု့ပါ။ စီမီတစ်ဘာသာရှိ လက်မောင်းနှင့်လက်ဖဝါးပုံ နံရံဆေးရေး ပန်းချီပုံ တစ်ခုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည် ဟု သတ်မှတ်ကြသည်။ ထိုရုပ်ပုံအား အီဂျစ် အရုပ်စာသင်္ကေတတွင် ရှိသော လည်ချောင်းဖြင့် ပွတ်တိုက်ဗျည်းသံ (/ʕ/) အား ကိုယ်စားပြုထားသည့် အီဂျစ်အရုပ်စာသင်္ကေတမှ ရရှိခဲ့ခြင်းဖြစ်သည်မှ သေချာသလောက် ရှိသည်ဟု ယူဆကြသည်။ j သည် i မှ ပြောင်းလဲဖြစ်ပေါ်လာသော အက္ခရာတစ်ခုဖြစ်သည်။ ထိုအက္ခရာနှစ်ခု စလုံးကို ၁၆ ရာစုမှစ၍ အသံရော ဗျည်းပါ ခွဲခြားပေးခဲ့သည်။ အောက်ဖော်ပြပါ ပုံများမှာ ဘာသာစကားတစ်ခု၏ မူလ သင်္ကေတပုံများ ဖြစ်သည်။

I
I
အခြေခံ လက်တင်အက္ခရာ
Aa Bb Cc Dd    
Ee Ff Gg Hh
Ii Jj Kk Ll Mm Nn
Oo Pp Qq Rr Ss Tt
Uu Vv Ww Xx Yy Zz

သမိုင်း ပြင်ဆင်ရန်

အီဂျစ်အရုပ်စာသင်္ကေတ ˁ Proto-Semitic Y Phoenician
yodh
ဩရုစကမ်I Ii ဂရိ
Iota
D36
       

အသုံးပြုပုံ ပြင်ဆင်ရန်

အိုင် (အက္ခရာ) ကို အခြားနည်းဖြင့် ဖေါ်ပြချက်များ
NATO phonetic မောရ်စ်၏ သင်္ကေတ
India ··
     
အချက်ပြအလံ Flag semaphore မျက်မမြင် သင်္ကေတ
  • ၁၉၉၀ ခုနှစ်ကတည်းကပင် < i > (အက္ခရာသေးဖြင့်) ကို Apple Corporation မှ ထုတ်ကုန်ပစ္စည်းအမည်ရှေ့တွင် အသုံးပြုခဲ့ကြသည်မှ ယနေ့တိုင်ဖြစ်သည်။
  • ကွန်ပျူတာတွင် I အက္ခရာအကြီးတွင် ယူနီကုဒ်အမှတ် U+0049 ဖြစ်ပြီး အက္ခရာ အသေးအတွက်ကိုမူ ယူနီကုဒ်အမှတ် U+0069 အဖြစ် သတ်မှတ်ထားသည်။
  • ASCII ကုဒ်တွင် I အက္ခရာအကြီးအတွင် ၇၃ ဖြစ်ပြီး i အက္ခရာအသေးအတွက် ၁၀၅ ဖြစ်သည်။

အင်္ဂလိပ်ဘာသာတွင် နာမ်စားတစ်ခုဖြစ်သည့် I ကို အောက်ပါအတိုင်း အသုံးပြုကြသည်။

  • "I Love You"
  • "You and I can walk to the store"
  • "She and I are Friends."
  • ထို့အပြင် ဓာတုဗေဒ ဘာသာရပ်တွင် I သည် Iodine(အိုင်အိုဒင်း) ကို ကိုယ်စားပြုသော သင်္ကေတ တစ်ခုဖြစ်သည်။
  • ရောမသင်္ချာဂဏန်းတွင် I သည် တစ် ဖြစ်သည်။
  • သင်္ချာဗေဒတွင် I သည် imaginary units ဟုခေါ်သော square root ၏ အနုတ်လက္ခနာတစ်ခုဖြစ်သည်။
  • ဇီဝ-ဓာတုဘာသာရပ်တွင် I ကို အိုင်ဆိုလီယူဆင်(Isoleucin) အဖြစ် ကိုယ်စားပြုသည်။
  • နိုင်ငံတကာ ခရီးသွားလုပ်ငန်း မှတ်ပုံတင်အမှတ်တွင် I သည် အီတလီနိုင်ငံသား(အီတာလျံလူမျိုး)ကို ကိုယ်စားပြုဖော်ပြပေးသည်။