အေးသာယာမြို့
အေးသာယာမြို့ သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်တွင် တည်ရှိသည်။ ၁၉၈၉ခုနှစ်တွင် တောင်ကြီးမြို့မှခွဲထွက်၍ တောင်ကြီးမြို့သစ်အဖြစ် မြို့ပေါ်ရပ်ကွက်၁၂ခု ဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ တောင်ပေါ်တောင်ကြီးမြို့ပေါ်တွင်ပအိုဝ်းလူမျိုးများအစဉ်အဆက်နေထိုင်လာခဲ့ပြီး နောက်ပိုင်းတွင် တခြားသော လူမျိုးစုများ အများအပြား လာရောက်နေထိုင်လာသောကြောင့် ပအိုဝ်းလူမျိုးတို့ သီးသန့်နေထိုင်ရန် အေးသာယာမြို့ကို တည်ထောင်ခဲ့သည်။ အေးသာယာမြို့သည် တောင်ကြီးမြို့၏ မြို့သစ်ဟုလည်း သတ်မှတ်သည့်အလျောက် တောင်ကြီးမြို့၏ အဝေးပြေးကွင်း၊ စက်မှုဇုန်၊ ဂေါက်ကွင်း၊ ကုန်ကားကြီးဂိတ်များလည်းရှိသည်။ ယခုအခါ အေးသာယာမြို့တွင် ပအိုဝ်း ၊ဗမာ ၊ထနော့(ပအိုဝ်းတနိုး)၊ရှမ်း ၊အင်းသား ၊တောင်ရိုး ၊ဓနု ၊လီဆူ၊ကရင်၊ကရင်နီ စသော တိုင်းရင်းသားများ အပြင် တရုတ်နွယ်ဖွားများနှင့်ဂေါ်ရခါးလူမျိုးများလည်း စုံလင်စွာ နေထိုင်ကြသည်။ [၁][၂] နည်းပညာတက္ကသိုလ်(တောင်ကြီး) သည် ဤအေးသာယာမြို့တွင် တည်ရှိသည်။[၃]
အေးသာယာ ဝေင်ꩻခွꩻသာႏယာႏ | |
---|---|
မြို့ | |
အေးသာယာမြို့တည်နေရာ | |
ကိုဩဒိနိတ်: 20°46′38″N 96°59′56″E / 20.77722°N 96.99889°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်းပြည်နယ် |
ခရိုင် | တောင်ကြီးခရိုင် |
မြို့နယ် | တောင်ကြီးမြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကိုးကား
ပြင်ဆင်ရန်- ↑ Klinkmüller၊ Volker (November 2003)။ Myanmar.။ DuMont Reiseverlag။ p. 363။ ISBN 978-3-7701-6147-8။ 28 September 2011 တွင် ပြန်စစ်ပြီး။
- ↑ Gensbichler၊ Georg။ Golf 2008 Southeast Asia။ Bangkokbooks။ p. 398။ ISBN 978-974-8278-44-5။ 28 September 2011 တွင် ပြန်စစ်ပြီး။
- ↑ Burma. Cī maṃ kinʻʺ nhaṅʻʹ Bhaṇḍā reʺ Vanʻ krīʺ Ṭhāna (1993)။ Review of the financial, economic and social conditions for ...။ Ministry of Planning and Finance။ p. 246။ 28 September 2011 တွင် ပြန်စစ်ပြီး။