၁၉၉၀ အာရှ အားကစားပြိုင်ပွဲ
၁၉၉၀ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1990 Asian Games) သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ ၌ ၁၉၉၀ပြည့်နှစ် စက်တင်ဘာ ၂၂ရက်နေ့မှ အောက်တိုဘာ ၇ရက်နေ့အထိ ကျင်းပခဲ့သော ၁၁ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ တရုတ်နိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ သမ္မတ ယန်ရှန်ကွန်မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | ပေကျင်းမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | Unity, friendship and progress (တရုတ်: 团结、友谊、进步; ပင်ယင်: Tuánjié, yǒuyì, jìnbù)[၁] | ||
ပါဝင်သော နိုင်ငံများ | ၃၆ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၆,၁၂၂ | ||
ကစားပွဲအမျိုးအစား | ၃၀၈ (၂၇နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၂၂ စက်တင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၇ အောက်တိုဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ယန်ရှန်ကွန် (သမ္မတ) | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | Roy de Silva အာရှ အိုလံပစ်ကောင်စီ၏ ယာယီဥက္ကဋ္ဌ | ||
Athlete's Oath | Chen Longcan | ||
အဓိကအားကစားကွင်း | အလုပ်သမား အားကစားကွင်း | ||
|
နိုင်ငံ (၃၆)နိုင်ငံမှ အားကစားသမား (၆,၁၂၂)ဦးတို့သည် အားကစားနည်း (၂၇)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အလုပ်သမား အားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
ထိုင်ဝမ်သည် တရုတ် (ထိုင်ပေ) အနေဖြင့် အာရှအားကစားပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယခုပွဲတော်သည် တရုတ်နိုင်ငံ၏ အားကစား ကွင်း၊ ရုံများကို အဆင့်မြှင့်တင်မှု၏ အစဖြစ်သည်။ ထို့နောက် ၁၉၉၃ခုနှစ်တွင် ၂၀၀၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ အတွက် အိမ်ရှင်လျှောက်ထားခဲ့သည်။ သို့သော် ရှုံးနိမ့်ခဲ့ပြီး ၂၀၀၈ပွဲတော်ကိုသာ လက်ခံကျင်းပနိုင်ခဲ့သည်။
လက်ခံကျင်းပခြင်း
ပြင်ဆင်ရန်အိမ်ရှင်ရွေးချယ်ခြင်း
ပြင်ဆင်ရန်၁၉၈၃ခုနှစ်တွင် အာရှရှိ မြို့နှစ်မြို့ဖြစ်သော ပေကျင်းမြို့နှင့် ဟီရိုရှီးမားမြို့တို့သည် ၁၉၉၀ပွဲတော်ကို လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ ထို့နောက် မဲပေးရွေးချယ်ခဲ့ကြရာ ပေကျင်းမြို့က အနိုင်ရခဲ့သည်။[၂] သို့သော် ဟီရိုရှီးမားသည် မြင့်မားသော နည်းပညာပိုင်းဆိုင်ရာများ ပါဝင်သည့် အိမ်ရှင်လျှောက်လွှာကို တင်သွင်းခဲ့သဖြင့် ၁၉၉၄ပွဲတော်ကို ကျင်းပခွင့် ရခဲ့သည်။
၁၉၉၀ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ် | ||||||
---|---|---|---|---|---|---|
မြို့ | အမျိုးသားအိုလံပစ်ကော်မတီ | မဲရလဒ် | ||||
ပေကျင်းမြို့ | တရုတ် | ၄၄ | ||||
ဟီရိုရှီးမားမြို့ | ဂျပန် | ၂၃ |
အားကစားကွင်းများ
ပြင်ဆင်ရန်- အလုပ်သမား အားကစားကွင်း (ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ဘောလုံး -အမျိုးသား)
- အလုပ်သမား အားကစားရုံ (စားပွဲတင်တင်းနစ်)
- ပေကျင်းသေနတ်ပစ်ကွင်း (မြားပစ်၊ သေနတ်ပစ်)
- ပေကျင်း ဂေါက်ကွင်း (ဂေါက်)
- ပေကျင်း အားကစားရုံ (ကြက်တောင်ရိုက်)
- ပေကျင်းအားကစားတက္ကသိုလ် အားကစားရုံ (လက်ဝှေ့)
- ပေကျင်း နိုင်ငံတကာ တင်းနစ်ကွင်း (တင်းနစ်)
- ပေကျင်းတက္ကသိုလ် ကျောင်းသားအားကစားရုံ (ဘတ်စကက်ဘော)
- ပေကျင်း ရေကူးကန် (ဝါတာပိုလို)
- ကယ်ပီတယ် ကာယပညာသိပ္ပံ အားကစားကွင်း (Kabaddi)
- ချာယောင်း အားကစားရုံ (ဘော်လီဘော)
- ကယ်ပီတယ် မိုးလုံလေလုံအားကစားရုံ (ကျွမ်းဘား၊ ဘတ်စကက်ဘော၊ ဘော်လီဘော)
- ချန်ပင် စက်ဘီးစီးအားကစားကွင်း (စက်ဘီးစီး - track)
- ဒီတန်အားကစားရုံ (အလေးမ)
- ဖန်တိုင် အားကစားရုံ (ပိုက်ကျော်ခြင်း)
- ဖန်တိုင် ဘေ့စ်ဘောကွင်း (ဘေ့စ်ဘော)
- ဖန်တိုင် အားကစားကွင်း (ဘောလုံး - အမျိုးသား)
- Guangcai အားကစားရုံ (ဓားသိုင်း)
- ဟိုင်ဒန် အားကစားရုံ (ဝူရှူး)
- ဟိုင်ဒန်အားကစားကွင်း (ဘောလုံး - အမျိုးသမီး)
- ဂျင်ဟိုင်ရေကန် (ကနူးလှေ၊ လှေလှော်)
- အိုလံပစ် အားကစားကွင်း (ပြေးခုန်ပစ်)
- အိုလံပစ် အားကစားရုံ (Handball)
- အိုလံပစ် ဟော်ကီကွင်း (ဟော်ကီ)
- Qinhuangdao Marine အားကစားကွင်း (ရွက်လှေ)
- ရှီကျင်ဆန်း အားကစားကွင်း (ဘောလုံး - အမျိုးသမီး)
- ရှီကျင်ဆန်း အားကစားရုံ (နပန်း)
- Xiannongtan အားကစားကွင်း (ဘောလုံး - အမျိုးသား)
- Ying Tung Natatorium (ဒိုင်ဗင်၊ ရေကူး)
- ယူတန်အားကစားရုံ (ဂျူဒို)
- Huairou-Miyun and Changping Xiezishi အဝေးပြေးလမ်း (စက်ဘီးစီး - road)
ပြိုင်ပွဲအထိမ်းအမှတ်များ
ပြင်ဆင်ရန်အထိမ်းအမှတ်တံဆိပ်
ပြင်ဆင်ရန်၁၉၉၀ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ တရုတ်နိုင်ငံ မဟာတံတိုင်းကို ပုံဖော်ထားသည်။ အပေါ်တွင် အာရှအိုလံပစ်ကောင်စီ၏ အမှတ်အသားဖြစ်သော နေဝန်းနီကြီး ပါဝင်သည်။
လာဘ်ကောင်
ပြင်ဆင်ရန်၁၉၉၀ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ ပန်ပန် ဟုအမည်ရသော ပန်ဒါဝက်ဝံဖြစ်သည်။
တံဆိပ်ခေါင်း
ပြင်ဆင်ရန်၁၉၈၈၊ ၁၉၈၉ နှင့် ၁၉၉၀ ပြည့်နှစ်များတွင် တံဆိပ်ခေါင်း အတွဲလိုက် (၃)တွဲ ထုတ်ဝေခဲ့သည်။ ၁၉၈၈ခုနှစ် ဇူလိုင် ၂၀ရက်နေ့တွင် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများမှာ အထိမ်းအမှတ်တံဆိပ်နှင့် လာဘ်ကောင်တို့ ဖြစ်သည်။ ၁၉၈၉ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့တွင် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများမှာ ပြိုင်ပွဲကျင်းပမည့် အားကစားကွင်းများအနက် ထင်ရှားသော အားကစားကွင်း (၄)ခုပုံများ ဖြစ်သည်။ အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့ဖြစ်သော ၁၉၉၀ပြည့်နှစ် စက်တင်ဘာ ၂၂ရက်နေ့တွင် အားကစားနည်းများကို သရုပ်ဖော်ထားသော ပုံများပါသည့် တံဆိပ်ခေါင်း (၁၂)ခုကို ထုတ်ဝေခဲ့သည်။[၃]
ပွဲများနှင့်အားကစား
ပြင်ဆင်ရန်ပါဝင်သော အားကစားနည်းများ
ပြင်ဆင်ရန်- ရေပိုင်းဆိုင်ရာအားကစားနည်းများ
- မြားပစ်
- ပြေးခုန်ပစ်
- ကြက်တောင်ရိုက်
- ဘတ်စကက်ဘော
- လက်ဝှေ့
- ကနူးလှေ
- စက်ဘီးစီး
- ဓားသိုင်းအတတ်
- ဟော်ကီ
- ဘောလုံး
- ဂေါက်သီးရိုက်
- ကျွမ်းဘား
- Handball
- ဂျူဒို
- Kabaddi
- လှေလှော်
- ရွက်လှေ
- ပိုက်ကျော်ခြင်း
- သေနတ်ပစ်
- Softball
- စားပွဲတင်တင်းနစ်
- တင်းနစ်
- ဘော်လီဘော
- အလေးမ
- နပန်း
- ဝူရှူး
- ဘေ့စ်ဘော
- Sift tennis
ပါဝင်သည့်နိုင်ငံများ
ပြင်ဆင်ရန်အီရတ်နိုင်ငံသည် ပင်လယ်ကွေ့ စစ်ပွဲ အတွင်း အာရှအိုလံပစ်ကောင်စီ၏ ပထမဆုံးဥက္ကဋ္ဌ Fahad AI-Ahmed AI-Jaber AI-Sabah ကို သတ်ဖြတ်ခဲ့သည့်အတွက် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပိတ်ပင်ခံရသည်။ အီရတ်နိုင်ငံသည် ၂၀၀၆ခုနှစ်တွင်မှ ပြန်လည်ယှဉ်ပြိုင်ခွင့် ရခဲ့သည်။
IOC | နိုင်ငံ | အားကစားသမားဦးရေ |
---|---|---|
AFG | အာဖဂန်နစ္စတန် | |
BRN | ဘာရိန်း | |
BAN | ဘင်္ဂလားဒေ့ရှ် | |
BHU | ဘူတန် | |
BRU | ဘရူနိုင်း | |
CHN | တရုတ် (အိမ်ရှင်) | |
HKG | ဟောင်ကောင် | |
IND | အိန္ဒိယ | |
INA | အင်ဒိုနီးရှား | |
IRI | အီရန် | |
JPN | ဂျပန် | |
KUW | ကူဝိတ် | |
LAO | လာအို | |
LBN | လက်ဘနွန် | |
MAC | မကာအို | |
MAL | မလေးရှား | |
MDV | မော်လဒိုက် | |
MGL | မွန်ဂိုးလီးယား | |
MYA | မြန်မာ | |
NEP | နီပေါ | |
PRK | မြောက်ကိုရီးယား | |
OMA | အိုမန် | |
PAK | ပါကစ္စတန် | |
PLE | ပါလက်စတိုင်း | |
PHP | ဖိလစ်ပိုင် | |
QAT | ကာတာ | |
KST | ဆော်ဒီအာရေးဘီးယား | |
SGP | စင်ကာပူ | |
KOR | တောင်ကိုရီးယား | |
SRI | သီရိလင်္ကာ | |
SYR | ဆီးရီးယား | |
TPE | တရုတ် တိုင်ပေ | |
THA | ထိုင်း | |
UAE | အာရပ်စော်ဘွားများပြည်ထောင်စု | |
VIE | ဗီယက်နမ် | |
YEM | ယီမင် |
ဆုတံဆိပ်ဇယား
ပြင်ဆင်ရန်- Key
* အိမ်ရှင်
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | တရုတ်* | ၁၈၃ | ၁၀၇ | ၅၁ | ၃၄၁ |
၂ | တောင်ကိုရီးယား | ၅၄ | ၅၄ | ၇၃ | ၁၈၁ |
၃ | ဂျပန် | ၃၈ | ၆၀ | ၇၆ | ၁၇၄ |
၄ | မြောက်ကိုရီးယား | ၁၂ | ၃၁ | ၃၉ | ၈၂ |
၅ | အီရန် | ၄ | ၆ | ၈ | ၁၈ |
၆ | ပါကစ္စတန် | ၄ | ၁ | ၇ | ၁၂ |
၇ | အင်ဒိုနီးရှား | ၃ | ၆ | ၂၁ | ၃၀ |
၈ | ကာတာ | ၃ | ၂ | ၁ | ၆ |
၉ | ထိုင်း | ၂ | ၇ | ၈ | ၁၇ |
၁၀ | မလေးရှား | ၂ | ၂ | ၄ | ၈ |
၁၁ | အိန္ဒိယ | ၁ | ၈ | ၁၄ | ၂၃ |
၁၂ | မွန်ဂိုးလီးယား | ၁ | ၇ | ၉ | ၁၇ |
၁၃ | ဖိလစ်ပိုင် | ၁ | ၂ | ၇ | ၁၀ |
၁၄ | ဆီးရီးယား | ၁ | ၀ | ၂ | ၃ |
၁၅ | အိုမန် | ၁ | ၀ | ၀ | ၁ |
၁၆ | တရုတ် တိုင်ပေ | ၀ | ၁၀ | ၂၁ | ၃၁ |
၁၇ | ဟောင်ကောင် | ၀ | ၂ | ၅ | ၇ |
၁၈ | သီရိလင်္ကာ | ၀ | ၂ | ၁ | ၃ |
၁၉ | စင်ကာပူ | ၀ | ၁ | ၄ | ၅ |
၂၀ | ဘင်္ဂလားဒေ့ရှ် | ၀ | ၁ | ၀ | ၁ |
၂၁ | မြန်မာ[၄] | ၀ | ၀ | ၂ | ၂ |
၂၂ | လာအို | ၀ | ၀ | ၁ | ၁ |
မကာအို | |||||
နီပေါ | |||||
ဆော်ဒီအာရေးဘီးယား | |||||
စုစုပေါင်း (25 NOCs) | ၃၁၀ | ၃၀၉ | ၃၅၇ | ၉၇၆ |
ကိုးကား
ပြင်ဆင်ရန်- ↑ History။ 20 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။
- ↑ The 11th Asian Games : Beijing, China။ Hangzhou 2022 Official Website (4 September 2018)။ 28 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။
- ↑ 1990 Asian Games။
- ↑ နှစ် ၂၀အတွင်း အဆိုးဆုံးရပ်တည်မှုနဲ့ အာရှအားကစားပြိုင်ပွဲဝင် မြန်မာ။ 9 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။