၁၉၉၄ အာရှ အားကစားပြိုင်ပွဲ
၁၉၉၄ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1994 Asian Games) သည် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ ၌ ၁၉၉၄ခုနှစ် အောက်တိုဘာ ၂ရက်နေ့မှ အောက်တိုဘာ ၁၆ရက်နေ့အထိ ကျင်းပခဲ့သော ၁၂ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဂျပန်နိုင်ငံသည် ၁၉၅၈ နှင့် ၁၉၈၆ ပွဲတော်များကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၉၄ခုနှစ်တွင် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဧကရာဇ် အာကီဟီတိုမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | ဟီရိုရှီးမားမြို့ | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၄၂ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၆,၈၂၈ | ||
ကစားပွဲအမျိုးအစား | ၃၃၇ (၃၄နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၂ အောက်တိုဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၆ အောက်တိုဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | အာကီဟီတို (ဧကရာဇ်) | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | Ahmad Al-Fahad Al-Sabah အာရှ အိုလံပစ်ကောင်စီ၏ ဥက္ကဋ္ဌ | ||
Athlete's Oath | Ryohei Koba | ||
Torch Lighter | Aki Ichijo Yasunori Uchitomi | ||
အဓိကအားကစားကွင်း | ဟီရိုရှီးမားဥယျာဉ် ပင်မအားကစားကွင်း]] | ||
|
နိုင်ငံ (၄၂)နိုင်ငံမှ အားကစားသမား (၆,၈၂၈)ဦးတို့သည် အားကစားနည်း (၃၄)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဟီရိုရှီးမားဥယျာဉ် ပင်မအားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
ယခုပွဲတော်၏ အဓိက ရည်ရွယ်ချက်မှာ အာရှနိုင်ငံများအကြား ငြိမ်းချမ်းမှုနှင့် သဟဇာတရှိမှုကို ဖော်ညွှန်းသည်။[၁] ၁၉၄၅ခုနှစ်တွင် ဟီရိုရှီးမားမြို့ ဗုံးကြဲခံခဲ့ရပြီး ယခုပွဲတော်ကျင်းပသည့် ၁၉၉၄ခုနှစ်သည် (၄၉)နှစ်ပြည့်သည့် ခုနှစ်လည်းဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ကာဇက်စတန်နိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ တာ့ခ်မင်နစ္စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ တို့၏ အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။[၂]
လက်ခံကျင်းပခြင်း
ပြင်ဆင်ရန်အိမ်ရှင်ရွေးချယ်ခြင်း
ပြင်ဆင်ရန်၁၉၈၃ခုနှစ်တွင် အာရှရှိ မြို့နှစ်မြို့ဖြစ်သော ပေကျင်းမြို့နှင့် ဟီရိုရှီးမားမြို့တို့သည် ၁၉၉၀ပွဲတော်ကို လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ ထို့နောက် မဲပေးရွေးချယ်ခဲ့ကြရာ ပေကျင်းမြို့က အနိုင်ရခဲ့သည်။[၃] သို့သော် ဟီရိုရှီးမားသည် မြင့်မားသော နည်းပညာပိုင်းဆိုင်ရာများ ပါဝင်သည့် အိမ်ရှင်လျှောက်လွှာကို တင်သွင်းခဲ့သဖြင့် ၁၉၉၄ပွဲတော်ကို ကျင်းပခွင့် ရခဲ့သည်။
၁၉၉၀ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ် | ||||||
---|---|---|---|---|---|---|
မြို့ | အမျိုးသားအိုလံပစ်ကော်မတီ | မဲရလဒ် | ||||
ပေကျင်းမြို့ | တရုတ် | ၄၄ | ||||
ဟီရိုရှီးမားမြို့ | ဂျပန် | ၂၃ |
ပြိုင်ပွဲအထိမ်းအမှတ်များ
ပြင်ဆင်ရန်အထိမ်းအမှတ်တံဆိပ်
ပြင်ဆင်ရန်၁၉၉၄ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အင်္ဂလိပ်အက္ခရာ H ကို ငြိမ်းချမ်းရေးသင်္ကေတဖြစ်သော ချိုးငှက်ပုံစံ ပုံဖော်ထားခြင်းဖြစ်သည်။ ထို H မှာ ပြိုင်ပွဲကျင်းပရာ ဟီရိုရှီးမားမြို့ကို ကိုယ်စားပြုကာ ဟီရိုရှီးမားမြို့၏ ငြိမ်ချမ်းရေးအတွက် ဆန္ဒကို ဆိုလိုသည်။ အပေါ်တွင် အာရှအိုလံပစ်ကောင်စီ၏ အမှတ်တံဆိပ်ဖြစ်သော နေဝန်းနီကြီးရှိပြီး အမှတ်တံဆိပ်ကို ခြုံ၍ကြည့်ပါက လှုပ်ရှားနေသော အားကစားသမားတစ်ဦးနှင့် ဆင်တူသည်။[၄]
လာဘ်ကောင်
ပြင်ဆင်ရန်၁၉၉၄ အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ Poppu နှင့် Cuccu ဟု အမည်ရသော ချိုးငှက်တစ်စုံဖြစ်သည်။ ယခုနှစ် အားကစားပွဲတော်၏ အဓိကရည်ရွယ်ချက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကို ရည်ညွှန်းသည်။[၁]
ပွဲများနှင့်အားကစား
ပြင်ဆင်ရန်ပါဝင်သော အားကစားနည်းများ
ပြင်ဆင်ရန်- ရေပိုင်းဆိုင်ရာအားကစားနည်းများ
- မြားပစ်
- ပြေးခုန်ပစ်
- ကြက်တောင်ရိုက်
- ဘေ့စ်ဘော
- ဘတ်စကက်ဘော
- ဘိုလင်း
- လက်ဝှေ့
- ကနူးလှေ
- ဘိလိယက်
- စက်ဘီးစီး
- Road
- Track
- မြင်းစီး
- ဓားသိုင်းအတတ်
- ဟော်ကီ
- ဘောလုံး
- ဂေါက်သီးရိုက်
- ကျွမ်းဘား
- Handball
- ဂျူဒို
- Kabaddi
- ကရာတေး
- ခေတ်သစ် အားကစားနည်း၅မျိုးလက်ဆင့်ကမ်း
- လှေလှော်
- ရွက်လှေ
- ပိုက်ကျော်ခြင်း
- သေနတ်ပစ်
- Softball
- Soft tennis
- စားပွဲတင်တင်းနစ်
- တိုက်ကွမ်ဒို
- တင်းနစ်
- ဘော်လီဘော
- ကမ်းခြေ ဘော်လီဘော
- ရုံတွင်း ဘော်လီဘော
- အလေးမ
- နပန်း
- ဝူရှူး
ပါဝင်သည့်နိုင်ငံများ
ပြင်ဆင်ရန်ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် သီးခြား ရပ်တည်လာကြသည့် ကာဇက်စတန်နိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ တာ့ခ်မင်နစ္စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ တို့သည် အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
IOC | နိုင်ငံ | အားကစားသမားဦးရေ |
---|---|---|
AFG | အာဖဂန်နစ္စတန် | |
BRN | ဘာရိန်း | |
BAN | ဘင်္ဂလားဒေ့ရှ် | |
BHU | ဘူတန် | |
BRU | ဘရူနိုင်း | |
CAM | ကမ္ဘောဒီးယား | |
CHN | တရုတ် | |
HKG | ဟောင်ကောင် | |
IND | အိန္ဒိယ | |
INA | အင်ဒိုနီးရှား | |
IRI | အီရန် | |
JPN | ဂျပန်(အိမ်ရှင်) | |
JOR | ဂျော်ဒန် | |
KAZ | ကာဇက်စတန် | |
KUW | ကူဝိတ် | |
KGZ | ကာဂျစ္စတန် | |
LAO | လာအို | |
LBN | လက်ဘနွန် | |
MAC | မကာအို | |
MAS | မလေးရှား | |
MDV | မော်လဒိုက် | |
MGL | မွန်ဂိုးလီးယား | |
MYA | မြန်မာ | |
NEP | နီပေါ | |
OMA | အိုမန် | |
PAK | ပါကစ္စတန် | |
PLE | ပါလက်စတိုင်း | |
PHP | ဖိလစ်ပိုင် | |
QAT | ကာတာ | |
KST | ဆော်ဒီအာရေးဘီးယား | |
SGP | စင်ကာပူ | |
KOR | တောင်ကိုရီးယား | |
SRI | သီရိလင်္ကာ | |
SYR | ဆီးရီးယား | |
TPE | တရုတ် တိုင်ပေ | |
TJK | တာဂျစ်ကစ္စတန် | |
THA | ထိုင်း | |
TKM | တာ့ခ်မင်နစ္စတန် | |
UAE | အာရပ်စော်ဘွားများပြည်ထောင်စု | |
UZB | ဥဇဘက်ကစ္စတန် | |
VIE | ဗီယက်နမ် | |
YEM | ယီမင် |
ဆုတံဆိပ်ဇယား
ပြင်ဆင်ရန်- Key
* အိမ်ရှင်
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | တရုတ် | ၁၂၆ | ၈၃ | ၅၇ | ၂၆၆ |
၂ | ဂျပန်* | ၆၄ | ၇၅ | ၇၉ | ၂၁၈ |
၃ | တောင်ကိုရီးယား | ၆၃ | ၅၆ | ၆၄ | ၁၈၃ |
၄ | ကာဇက်စတန် | ၂၇ | ၂၅ | ၂၇ | ၇၉ |
၅ | ဥဇဘက်ကစ္စတန် | ၁၁ | ၁၂ | ၁၉ | ၄၂ |
၆ | အီရန် | ၉ | ၉ | ၈ | ၂၆ |
၇ | တရုတ် တိုင်ပေ | ၇ | ၁၃ | ၂၄ | ၄၄ |
၈ | အိန္ဒိယ | ၄ | ၃ | ၁၆ | ၂၃ |
၉ | မလေးရှား | ၄ | ၂ | ၁၃ | ၁၉ |
၁၀ | ကာတာ | ၄ | ၁ | ၅ | ၁၀ |
၁၁ | အင်ဒိုနီးရှား | ၃ | ၁၂ | ၁၁ | ၂၆ |
၁၂ | ထိုင်း | ၃ | ၉ | ၁၄ | ၂၆ |
၁၃ | ဆီးရီးယား | ၃ | ၃ | ၁ | ၇ |
၁၄ | ဖိလစ်ပိုင် | ၃ | ၂ | ၈ | ၁၃ |
၁၅ | ကူဝိတ် | ၃ | ၁ | ၅ | ၉ |
၁၆ | ဆော်ဒီအာရေးဘီးယား | ၁ | ၃ | ၅ | ၉ |
၁၇ | တာ့ခ်မင်နစ္စတန် | ၁ | ၃ | ၃ | ၇ |
၁၈ | မွန်ဂိုးလီးယား | ၁ | ၂ | ၆ | ၉ |
၁၉ | ဗီယက်နမ် | ၁ | ၂ | ၀ | ၃ |
၂၀ | စင်ကာပူ | ၁ | ၂ | ၅ | ၇ |
၂၁ | ဟောင်ကောင် | ၀ | ၆ | ၇ | ၁၃ |
၂၂ | ပါကစ္စတန် | ၀ | ၄ | ၆ | ၁၀ |
၂၃ | ကာဂျစ္စတန် | ၀ | ၄ | ၅ | ၉ |
၂၄ | ဂျော်ဒန် | ၀ | ၂ | ၂ | ၄ |
၂၅ | အာရပ်စော်ဘွားများပြည်ထောင်စု | ၀ | ၁ | ၃ | ၄ |
၂၆ | မကာအို | ၀ | ၁ | ၁ | ၂ |
သီရိလင်္ကာ | ၀ | ၁ | ၁ | ၂ | |
၂၈ | ဘင်္ဂလားဒေ့ရှ် | ၀ | ၁ | ၀ | ၁ |
၂၉ | ဘရူနိုင်း | ၀ | ၀ | ၂ | ၂ |
မြန်မာ[၅] | |||||
နီပေါ | |||||
တာဂျစ်ကစ္စတန် | |||||
စုစုပေါင်း (32 NOCs) | ၃၃၉ | ၃၃၇ | ၄၀၃ | ၁၀၇၉ |
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ 12th Asian Games Hiroshima 1994 - Poppo & CuCCu။ GAGOC။ gz2010.cn (official website of 2010 Asian Games) (April 27, 2008)။ 7 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။
- ↑ Past Asian Games – Hiroshima 1994 Asian Games။ beijing2008.cn (official website of 2008 Beijing Olympics) (November 22, 2006)။ 17 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။
- ↑ The 11th Asian Games : Beijing, China။ Hangzhou 2022 Official Website (4 September 2018)။ 28 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။
- ↑ Outline။ 5 February 1998 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။
- ↑ နှစ် ၂၀အတွင်း အဆိုးဆုံးရပ်တည်မှုနဲ့ အာရှအားကစားပြိုင်ပွဲဝင် မြန်မာ။ 9 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။