၂၀၁၇ အာဆီယံထိပ်သီးအစည်းအဝေး

၂၀၁၇ အာဆီယံထိပ်သီးအစည်းအဝေး (အင်္ဂလိပ်: 2017 ASEAN Summit) သည် ၂၀၁၇ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော အကြိမ် (၃၀)နှင့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲများဖြစ်သည်။ အာဆီယံကိုတည်ထောင်သည့် နှစ် (၅၀)ပြည့်မြောက်သည့်နှစ်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ကျင်းပသော ထိပ်သီးအစည်းအဝေးပွဲများဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသမ္မတ ရော်ဒရီဂို ဒူတာတေးက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အာဆီယံနိုင်ငံများ၊ ဆွေးနွေးဘက်နိုင်ငံများမှ အစိုးရအဖွဲ့အကြီးအကဲများ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

၃၁ကြိမ်​မြောက် အစည်းအ​ဝေး တက်​ရောက်လာသည့် ​ခေါင်း​ဆောင်များ

အထိမ်းအမှတ်များ ပြင်ဆင်ရန်

၂၀၁၇ အစည်းအဝေးများအတွက် အထိမ်းအမှတ်တံဆိပ်မှာ ၂၀၁၇အစည်းအဝေးများ၏ ရည်မှန်းချက်များကို ထင်ဟပ်ရန် ရေးဆွဲထားသည်။ တောက်ပနေသော အဝါရောင် နေလုံးမှာ အာဆီယံနိုင်ငံများ၏ သာယာဝပြောရေးနှင့် အာဆီယံ နှစ်(၅၀)ပြည့်အတွက် မျှော်လင့်ချက်များစတင်ခြင်းဖြစ်သည်။ အပြာရောင်လက်မှာ အာဆီယံနိုင်ငံများအကြား စည်းလုံးညီညွတ်သောအမြင်ကို ပြသည်။ အနီရောင်နှင့်အဖြူရောင် ပေါင်းစပ်ထားသော ချိုးငှက်မှာ ရဲစွမ်းသတ္တိနှင့် ဖျက်လက်မှုကိုပြသည်။ အဝါရောင်ကြယ် ၁၀လုံးကို တစ်တန်းတည်းထားခြင်းမှာ အာဆီယံ (၁၀)နိုင်ငံ၏ တန်းတူရှိမှုနှင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုကိုပြသသည်။[၁]

အစည်းအဝေးပွဲများ ပြင်ဆင်ရန်

၂၀၁၇ခုနှစ် ဧပြီ (၂၈)ရက်နေ့တွင် မြောက်ကိုရီးယားနိုင်ငံ၏ နယူးကလီးယားလက်နက် စမ်းသပ်မှုကြောင့် ကိုရီးယားကျွန်းဆွယ်အရေး တင်းမာနေမှုများကို ပါဝင်သည့်နိုင်ငံများအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ၂၀၂၅ အာဆီယံအသိုက်အဝန်းဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးကြသည်။[၂]

အာဆီယံ၏ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနှင့် ပက်သက်၍ ကိုင်တွယ်မှုကို ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်မှလွဲ၍ ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှုမှာ အောင်မြင်သည်ဟု သတ်မှတ်ကြသည်။

တက်ရောက်သူများ ပြင်ဆင်ရန်

မြန်မာနိုင်ငံမှလွဲ၍ ကျန်အာဆီယံနိုင်ငံအားလုံးမှ အစိုးရအဖွဲ့အကြီးအကဲ အားလုံး တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ အစိုးရအဖွဲ့အကြီးအကဲ သမ္မတ ဦးထင်ကျော် တက်ရောက်ခြင်းမရှိပဲ အစိုးရအဖွဲ့၏ လက်တွေ့အကြီးအကဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။[၃][၄]

 
၃၁ကြိမ်​မြောက် အစည်းအ​​ဝေးတက်လာ​သော ​ဒေါ်​​အောင်ဆန်းစုကြည်
အာဆီယံ
အဖွဲ့ဝင်နိုင်ငံ တက်​ရောက်သူ ရာထူး
  ဘရူနိုင်း ဟန်ဆာနယ် ဘိုကီယက် ဘုရင်
  ကမ္ဘောဒီးယား ဟွန်ဆန် ဝန်ကြီးချုပ်
  အင်ဒိုနီးရှား ဂျိုကို ဝီဒိုဒို သမ္မတ
  လာအို သွန်းလူ ဆီဆိုလစ် ဝန်ကြီးချုပ်
  မလေးရှား နာဂျစ် ရာဇက် ဝန်ကြီးချုပ်
  မြန်မာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
  ဖိလစ်ပိုင် ရော်ဒရီဂို ဒူတာတေး သမ္မတ
  စင်ကာပူ လီရှန်လုံး ဝန်ကြီးချုပ်
  ထိုင်း ပရာယွတ်ချန်အိုချာ ဝန်ကြီးချုပ်
  ဗီယက်နမ် ငုယင်စွမ်းဖု ဝန်ကြီးချုပ်
ဆွေး​နွေးဘက်နိုင်ငံများ
အဖွဲ့ဝင် တက်​ရောက်သူ ရာထူး
  ဩစတြေးလျ Malcolm Turnbull ဝန်ကြီးချုပ်
  ကနေဒါ Justin Trudeau ဝန်ကြီးချုပ်
  တရုတ် လီခကျန်း ဝန်ကြီးချုပ်
  အိန္ဒိယ မိုဒီ ဝန်ကြီးချုပ်
  ဂျပန် ရှင်ဇို အာဘေး ဝန်ကြီးချုပ်
  နယူးဇီလန် Jacinda Ardern ဝန်ကြီးချုပ်
  ရုရှား Dmitry Medvedev ဝန်ကြီးချုပ်
  တောင်ကိုရီးယား မွန်ဂျေအင်း သမ္မတ
  အမေရိကန် ဒေါ်နယ်လ် ထရန့် သမ္မတ
နိုင်ငံတကာအဖွဲ့အစည်းများ
အဖွဲ့ဝင် တက်​ရောက်သူ ရာထူး
  အီးယူ Donald Tusk ဥက္ကဋ္ဌ
  ကုလသမဂ္ဂ António Guterres အထွေထွေအတွင်းရေးမှူးချုပ်
[၅][၆]

ကိုးကား ပြင်ဆင်ရန်

  1. ASSOCIATION OF SOUTHEAST ASIAN NATIONS (ASEAN)
  2. အာဆီယံ ထိပ်သီး ညီလာခံမှာ ဘယ်အကြောင်းအရာတွေ လွှမ်းမိုးမလဲ
  3. "Manila is ready for 30th ASEAN Summit"၊ The Myanmar Times၊ 26 April 2017။ 10 January 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 10 January 2022။ 
  4. 30th ASEAN Summit Opening Ceremony။ Department of Foreign Affairs of the Philippines။ 15 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. II၊ Paterno Esmaquel။ LIST: World leaders attending ASEAN 2017 in the Philippines
  6. Gita၊ Ruth Abbey (16 November 2017)။ Palace: PH earns 'global admiration' for successful Asean summit