၂၀၂၃
လက်ရှိပြက္ခဒိန်နှစ်
၂၀၂၃ (MMXXIII) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် တနင်္ဂနွေနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၂၃ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၃ ထောင်စုနှစ်၏ ၂၃ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၂၃ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၂၀ ဆယ်စုနှစ်၏ ၄ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။
ထောင်စုနှစ်: | ၃ ထောင်စုနှစ် |
---|---|
ရာစုနှစ်များ: | |
ဆယ်စုနှစ်များ: | |
ခုနှစ်များ: |
ဖြစ်ရပ်များ
ပြင်ဆင်ရန်ဇန်နဝါရီ
ပြင်ဆင်ရန်- ၃၁ ဇန်နဝါရီ - ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနို်င်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၃) ကို ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ပြီး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကျန်းမာရေးကြောင့် ခွင့်ပန်ကြားခဲ့သည်။
ဖေဖော်ဝါရီ
ပြင်ဆင်ရန်- ၁ ဖေဖော်ဝါရီ - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်လိုက်သည်။
- ၁ ဖေဖော်ဝါရီ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်ကာလအခြေအနေ ထပ်မှန် ကြေညာပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို ဒုတိယဝန်ကြီးချုပ်ရာထူး (၅) ခုနှင့်အတူ အဖွဲ့ဝင် ၃၂ ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ဧပြီ
ပြင်ဆင်ရန်- ၁၁ ဧပြီ – ပြည်သူ့ခုခံတော်လှန်စစ်: ပဇီကြီးရွာတွင် ပြုလုပ်သော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဖွင့်ပွဲတွင် တပ်မတော် (လေ)၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။[၁]
ဇူလိုင်
ပြင်ဆင်ရန်ဩဂုတ်
ပြင်ဆင်ရန်- ၉ ဩဂုတ် - ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၇၈/၂၀၂၃ ဖြင့် ဒေါက်တာရီအေး၊ ဦးတင်မြင့်နှင့် ဒေါက်တာလှညွန့်တို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
အောက်တိုဘာ
ပြင်ဆင်ရန်- ၉ အောက်တိုဘာ – ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ရှောင်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် ကလေးသူငယ် ၁၁ ဦးအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။[၂]
ဒီဇင်ဘာ
ပြင်ဆင်ရန်- ၂၄ ဒီဇင်ဘာ - ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အား စစ်ကောင်စီနှင့် ပူးပေါင်းကာ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သည်ဟု သုံးသပ်ပြီး အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၃ ဖြင့် ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ "Myanmar's junta kills over 100 including women, children in a deadly airstrike on village: Report" (in en)၊ India TV News၊ 12 April 2023။
- ↑ "လိုင်ဇာအနီး ဒုက္ခသည်စခန်း ဗုံးကြဲခံရပြီး ကလေးသူငယ်တွေအပါအဝင် သုံးဆယ်နီးပါး သေဆုံး" (in my)၊ Radio Free Asia၊ ၁၀ အောက်တိုဘာ ၂၀၂၃။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အား ဖျက်သိမ်းခြင်း။ အမျိုးသားညီညွတ်ရေးအစိုးရ။ 2025-6-15 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-15 တွင် ပြန်စစ်ပြီး။