ခက်အောင်
ဦးခက်အောင် သည် ကချင်လူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မတ်လ ၃၀ ၂၀၁၆ခုနှစ်မှ ဖေဖော်ဝါရီ ၁ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ယခင်က သွားဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်မှ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များသကဲ့သို့ ဖမ်းဆီးခံခဲ့ရသည်။[၂][၃] ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ရက် တွင် လွတ်ငြိမ်းဖြင့် ပြန်လွတ်သည်။
ဒေါက်တာ ခက်အောင် | |
---|---|
ကချင်ပြည်နယ် ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း မတ် ၃၀၊ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
ခန့်အပ်သူ | မြန်မာနိုင်ငံ၏ သမ္မတ |
သမ္မတ |
|
ယခင်လူ | လဂျွန်ငန်ဆိုင်း |
ဆက်ခံသူ | ဦးခက်ထိန်နန် (ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အဖြစ်) |
ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၈ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
ဆက်ခံသူ | ကိုယ်တိုင် (ရွေးကောက်ပွဲရလဒ်ပယ်ဖျက်) |
မဲဆန္ဒနယ် | မြစ်ကြီးနားမြို့နယ် အမှတ် (၁) |
အနိုင်ရမဲ အရေအတွက် | ၂၅,၄၆၃ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၄၆ မူဆယ်မြို့၊ ရှမ်းပြည်နယ်[၁] |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော် | ဒေါက်တာ ဂျေကော့ဘူ |
သွေးသားတော်စပ်သူ | ဦးခက်ထိန်နန် (ညီ) |
သားသမီး | ဒေါက်တာ Hဆိုင်းရာ ဒေါက်တာ Hမွန်းအောန် ဒေါက်တာ Hအောင်မိုင် ဦးHထွယ်ဆပ်အောင် |
မိဘ | ဦးခက်လ (ဖခင်) ဒေါ်အင်လမ်းပရီ (မိခင်) |
အစိုးရအဖွဲ့ | ကချင်ပြည်နယ် အစိုးရအဖွဲ့ |
အစောပိုင်းဘဝနှင့်ပညာရေး
ပြင်ဆင်ရန်ဦးခက်အောင်သည် ပြင်ဦးလွင်မြို့၊ ဗန်းမော်မြို့၊ ကွတ်ခိုင်မြို့၊ တောင်ငူမြို့၊ မြစ်ကြီးနားမြို့များတွင် အခြေခံပညာကို သင်ယူခဲ့သည်။ ၁၉၆၆ခုနှစ်တွင် မြစ်ကြီးနားမြို့ အ.ထ.က (၁)မှ တက္ကသိုလ်ဝင်တန်းကို ဓာတုဗေဒဘသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ထို့နောက် ၁၉၇၂ခုနှစ်တွင် ရန်ကုန်မြို့ရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
ဘွဲ့ရပြီးနောက် ဒေါက်တာဂျေကော့ဘူနှင့် လက်ထပ်ကာ မြောင်းမြ၊ လပွတ္တာ၊ ပေါင်းတလည်မြို့များတွင် ဆေးခန်းဖွင့်ခဲ့သည်။ ၁၉၇၅ခုနှစ်မှ ၁၉၉၃ခုနှစ်အထိ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ဗန်းမော်မြို့တို့ရှိ ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်မှ ပြည်သူ့ဆေးရုံများ၊ ဒေသန္တရဆေးပေးခန်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့တွင် နုတ်ထွက်ခဲ့သည်။ ထို့နောက် ၁၉၉၄ခုနှစ်မှ ၂၀၀၁ခုနှစ်အထိ ဆိုင်းဘွမ်းကုမ္ပဏီ၏ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။[၄]
နိုင်ငံရေး
ပြင်ဆင်ရန်ဒေါက်တာခက်အောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေးသူဖြစ်ခဲ့ကာ ၂၀၁၂ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်မှစ၍ နိုင်ငံရေးကို တက်ကြွစွာ လုပ်ကိုင်လာခဲ့သည်။ ၂၀၁၅ရွေးကောက်ပွဲမတိုင်မီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။
ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်လွှတ်တော် မြစ်ကြီးနားမြို့နယ်မဲဆန္ဒနယ် အမှတ် (၁)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ ဒုတိယမဲအများဆုံးရရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းထက် မဲအရေအတွက် (၁၆,၀၀၀) ကျော် အသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။[၅]
ပြည်နယ်ဝန်ကြီးချုပ်
ပြင်ဆင်ရန်ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် သမ္မတ ဦးထင်ကျော်မှတင်သွင်းသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် (၁၄)ဦး၏ အမည်စာရင်းတွင် ဒေါက်တာခက်အောင်လည်း ပါဝင်ခဲ့သည်။ ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒေါက်တာခက်အောင်မှ ပြည်နယ်ဝန်ကြီး ၃ ဦးကို ခေါ်ယူတွေ့ဆုံကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်ဖြင့်ဟုဆိုကာ နုတ်ထွက်စေပြီးနောက် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် ဦးမြသိန်းနှင့် ဒေါက်တာသင်းလွင်ကို ရာထူးမှနုတ်ထွက်ခွင့်ပြုကြောင်းနှင့် ဦးHလအောင်ကို တာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။ ဒေါက်တာခက်အောင်မှ ကျန်းမာရေးကိုအကြောင်းပြ၍ နုတ်ထွက်ရန် ပြောကြားခဲ့ကြောင်း ဝန်ကြီးအချို့ကဆိုခဲ့ကြသည်။[၆][၇][၈]
၂၀၂၀ရွေးကောက်ပွဲနှင့် ဖမ်းဆီးခံရခြင်း
ပြင်ဆင်ရန်၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနားမဲဆန္ဒနယ် အမှတ် (၁)မှပင် ပြန်လည်ယှဉ်ပြိုင်ခဲ့ရာ ဆန္ဒမဲ (၃၄,၉၂၆) မဲ၊ ရာခိုင်နှုန်း (၅၄.၆၁%) ဖြင့် အနိုင်ရခဲ့သည်။[၉] ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးနောက် ဒေါက်တာခက်အောင်အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လည်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။[၁၀] ၂၀၂၁ခုနှစ် ဩဂုတ်လတွင် ဒေါက်တာခက်အောင်အား ကချင်ပြည်နယ်အတွင်းရှိ လုပ်ငန်းများဆောင်ရွက်ရာတွင် တင်ဒါမခေါ်ခဲ့ခြင်းများ၊ ဥပဒေနှင့် မညီညွတ်မှုများဟု ဆိုကာ စစ်ကောင်စီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုခဲ့သည်။[၁၁]
ယင်းနောက် ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ဒေါက်တာခက်အောင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် ကချင်ပြည်နယ်တရားလွှတ်တော်က အမိန့်ချခဲ့သည်။[၁၂]
ဒေါက်တာခက်အောင်နှင့်အတူ ထောင်နှစ်ရှည်ကျခံရသည့်ထဲတွင် အခြားသော ကချင်ပြည်နယ်ဝန်ကြီးဟောင်းများဖြစ်ကြသော ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း(ခ)ဦးဒါရှီလဆိုင်း၊ ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် တို့လည်း ပါဝင်ခဲ့သည်။[၁၃] သူသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ရက်တွင် လွတ်ငြိမ်းဖြင့် အကျဉ်းထောင်မှပြန်လည် လွတ်မြောက်သည်။[၁၄]
ပုဂ္ဂိုလ်ရေးဘဝ
ပြင်ဆင်ရန်ဒေါက်တာခက်အောင်သည် ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။ ၁၉၇၃ခုနှစ်တွင် ဒေါက်တာဂျေကော့ဘူနှင့် လက်ထပ်ခဲ့သည်။ ၎င်းတို့တွင် ဒေါက်တာ အိပ်ချ်ဆိုင်းရာ၊ ဒေါက်တာ အိပ်ချ်မွန်းအောန် အမည်ရှိ သမီး နှစ်ဦး နှင့် ဒေါက်တာအိပ်ချ် အောင်မိုင် နှင့် ဦးအိပ်ချ်ထွယ်ဆပ်အောင် အမည်ရှိ သားနှစ်ဦး ထွန်းကားခဲ့သည်။ ၎င်း၏ညီဖြစ်သူမှာ ဦးခက်ထိန်နန်ဖြစ်ပြီး ၂၀၁၁ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ကာ စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ပါတီမှ ဖြစ်သည်။[၁၅] ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဒေါက်တာခက်အောင်အား ဖမ်းဆီးပြီး ၎င်း၏နေရာကို ညီဖြစ်သူ ဦးခက်ထိန်နန်အား ပြည်နယ်ကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ပေးခဲ့ပြီး၊ နောက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်ဟု စစ်ကောင်စီမှ ခန့်အပ်တာဝန်ပေးခဲ့သည်။
ဒေါက်တာခက်အောင်သည် ရန်ကုန်မြို့၌ ၁၉၆၆ခုနှစ်တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့သော ပထမအကြိမ် ပြည်နယ်နှင့်တိုင်း စက်ဘီးစီးပြိုင်ပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြုအဖြစ် ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခုနှင့် တတိယဒိုင်းဆုရရှိခဲ့သည်။[၄]
ကိုးကား
ပြင်ဆင်ရန်- ↑ Frangos၊ Alex။ "Once-Shunned Quarters Becomes Tourist Mecca"၊ Wall Street Journal၊ 30 March 2012။ 2 April 2012 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ Kachin State Government။ 22 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ဝန်ကြီးချုပ်။ 26 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 May 2021 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ NLD အမတ် ၁၄ ဦးကို ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် များအဖြစ် အဆိုပြု ခန့်အပ်ပြီ။
- ↑ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ။ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 February 2022 တွင် ပြန်စစ်ပြီး။
- ↑ "ကချင် ဝန်ကြီး သုံးဦးကို ဘာကြောင့် နုတ်ထွက်စာ တင်ခိုင်းသလဲ"၊ ဧရာဝတီဂျာနယ်၊ ၂၁ ဇန်နဝါရီ ၂၀၁၉။
- ↑ "ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၂/ ၂၀၁၉ ကချင်ပြည်နယ် ဝန်ကြီး ရာထူးမှနုတ်ထွက်ခွင့်ပြုခြင်း"၊ နိုင်ငံတော်သမ္မတရုံး၊ ၂၁ ဇန်နဝါရီ ၂၀၁၉။ Archived from the original on 1 February 2021။
- ↑ "ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၃/ ၂၀၁၉ ကချင်ပြည်နယ်ဝန်ကြီး တာဝန်မှရပ်စဲခြင်း"၊ နိုင်ငံတော်သမ္မတရုံး၊ ၂၁ ဇန်နဝါရီ ၂၀၁၉။ Archived from the original on 1 February 2021။
- ↑ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ။ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 February 2022 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်၊ ဝန်ကြီးတချို့ ယနေ့ ပြန်လွတ်လာ။
- ↑ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီး(ဟောင်း) (၆) ဦးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ။
- ↑ ဒေါက်တာခက်အောင် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရ (in my)။ ၂၆ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ခက်အောင်အား အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်နှင့် ပြည်နယ်ဝန်ကြီး(ဟောင်း) ခြောက်ဦးနှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့အား ထောင်ဒဏ်များ ချမှတ် (in my)။ 23 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၆ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် နိုင်ကျဉ်း ၆၀၀ ခန့် လွှတ်ပေးမည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းပြော။ Mizzima Burmese (၄ ဇန်နဝါရီ ၂၀၂၅)။ ၄ ဇန်နဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ "ကချင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်သူ"။ 8 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 7 February 2022။
ဤ မြန်မာနိုင်ငံ နိုင်ငံရေးသမား ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |