ဒုတိယဗိုလ်ချုပ်ကြီး ညိုစော သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဖြစ်သည်။ထိုရာထူးကို ၂၀၂၃ စက်တင်ဘာလ ၂၅ ရက်တွင် စတင်ထမ်းဆောင်သည်။ [၁] သူသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်သည်။[၂] ထိုရာထူးကို ပြည်ထောင်စုဝန်ကြီးအဆင့်ဖြင့် ထမ်းဆောင်သည်။[၃]

ဒုတိယဗိုလ်ချုပ်ကြီး

ညိုစော
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ အဖြစ် စတင် တာဝန်ထမ်းဆောင်သည့် ၂၀၁၄ ခုနှစ်ကပုံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၅ စက်တင်ဘာ ၂၀၂၃
ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ အကြံပေးပုဂ္ဂိုလ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၅ ဇူလိုင် ၂၀၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ( MEC ) ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၁၄
စစ်ထောက်ချုပ်
တာဝန်သက်တမ်း
၂၀၁၄ – ၂၀၂၀
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်စန်းစန်းမြင့်
သားသမီး
မိခင်ကျောင်းစစ်တက္ကသိုလ် အမှတ်စဉ်(၂၃)
ဆုတံဆိပ်များသရေစည်သူဘွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
ရာထူးဒုတိယဗိုလ်ချုပ်ကြီး

စစ်မှုထမ်းခြင်း ပြင်ဆင်ရန်

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ဗိုလ်လောင်းသင်တန်းဆင်းအရာရှိတစ်ဦးဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ်နှင့် စစ်တက္ကသိုလ်တို့တွင် ကျောင်းအုပ်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တို့တွင်လည်း တိုင်းမှူး တာဝန်များကိုထမ်းဆောင်ခဲ့ပြီး စစ်ထောက်ချုပ်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း( MEC ) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။[၄] [၅] [၆]စစ်တပ်ပိုင် အင်းဝဘဏ် ၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။[၇] သူသည် ရုရှားထံမှ ဆီဝယ်ယူရေးကို ဦးဆောင်ရသည်။[၈] [၉] ၂၀၂၃ ဇူလိုင်လ ၅ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရသည်။[၁၀]ထိုရာထူးကို စစ်ကောင်စီက ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်သည်။

မိသားစုဘဝ ပြင်ဆင်ရန်

သူသည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး သားသမီး ၃ဦးရှိသည်။[၁၁]

ရရှိခဲ့သောဆု ပြင်ဆင်ရန်

နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် တည်ထားကိုးကွယ်သည့်ကိစ္စတွင် ပါဝင်ကူညီခဲ့မှုနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၎င်းအား သရေစည်သူဘွဲ့ ပေးအပ်သည်။[၁၂]

ကိုးကား ပြင်ဆင်ရန်

  1. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်းMOI Myanmar (၂၅ စက်တင်ဘာ ၂၀၂၃)။ ၂၆ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. အကြံပေးပုဂ္ဂိုလ် ခန့်အပ်တာဝန်ပေးအပ်ခြင်းMinistry of Information(Myanmar) (၅ ဇူလိုင် ၂၀၂၃)။ ၅ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ဒုတိယဗိုလ်ချုပ်ကြီး ညိုစော စစ်ခေါင်းဆောင်ရဲ့ အကြံပေးဖြစ်လာBBC Burmese (၅ ဇူလိုင်၂၀၂၃)။ ၅ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ငွေရှာကောင်းသည့် ဗိုလ်ချုပ်ကြီးကို မင်းအောင်လှိုင် အကြံပေးခန့်Myanmar Now (၅ ဇူလိုင် ၂၀၂၃)။ ၆ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. Governance Structure of MEHL and MECOHCHR (August 2019)။ 5 July 2023 တွင် ပြန်စစ်ပြီး။
  6. စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစောဧရာဝတီသတင်းဌာန (၁၆ ဩဂုတ် ၂၀၂၂)။ ၅ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံMWD Webportal (၄ ဖေဖော်ဝါရီ ၂၀၂၁)။ ၅ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. The junta chief appoints MEHL boss Lieutenant General Nyo Saw to spearhead Organizing Committee for Russian Oil Purchase and Distributionthechindwin (16 August 2022)။ 5 July 2023 တွင် ပြန်စစ်ပြီး။
  9. ရုရှားမှ စက်သုံးဆီဝယ်ယူရန် ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဦးဆောင်သည့် ဆီဝယ်ယူရေး ဦးဆောင်ကော်မတီဖွဲ့စည်းYangon Media Group (၁၆ ဩဂုတ် ၂၀၂၂)။ ၅ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ဒုတိယဗိုလ်ချုပ်ကြီး ညိုစော - စစ်ခေါင်းဆောင်ရဲ့ အကြံပေးအသစ်BBC Burmese (၅ ဇူလိုင် ၂၀၂၃)။ ၆ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. ညိုစော (ဒုတိယဗိုလ်ချုပ်ကြီး)နွေဦးမြန်မာ(၂၀၂၁ တော်လှန်ရေး) (၂၅ ဖေဖော်ဝါရီ ၂၀၂၁)။ 5 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ / ၂၀၂၃cincdsmyanmar (၂၃ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။