တည်ရှိလောက
ပါဠိကျမ်းဂန်လာ ရှေးနက္ခတ္တဗေဒသုံး "စကြဝဠာ (လောကအစိတ်အပိုင်း)" နှင့်မူ ထပ်တူမကျသော၊ သိပ္ပံပညာအရ ဖြစ်တည်လောက (သို့) တည်ရှိလောက (သို့) လောက (အင်္ဂလိပ်: Universe) ဆိုသည်မှာ ခပ်သိမ်းသောနေရာရပ်ဝန်း၊ အချိန်ကာလတို့နှင့်တကွ ၎င်းတို့အတွင်း ပါဝင်သမျှ ဒြပ်-စွမ်းအင် (mass energy) တို့ ခြုံငုံအကျုံးဝင်သည့် အဝန်းအဝိုင်းပမာဏ တစ်ခုလုံး ဖြစ်သည်။[၇]
- ရှေးအိန္ဒိယ ကျမ်းဂန်လာ "စကြဝဠာ (စက္ကဝါဠ)" ဟူသည်မှာ (မြင်းမိုရ်တောင် ဗဟိုပြု၊ နေတစ်စင်း၊ လတစ်စင်း၊ ကျွန်းကြီးလေးကျွန်းနှင့် သမုဒ္ဒရာကြီး လေးစင်း ပါရှိလျက်သော) အချင်းအကျယ် ယူဇနာပေါင်း ၁,၂၀၃,၄၅၀ ခန့် ရှိသည့် ရပ်ဝန်းပမာဏ[၈][၉] ဖြစ်ကာ၊ တစ်ယူဇနာလျှင် အများဆုံးအားဖြင့် ၁၅ ကီလိုမီတာ ရှိသော်[၁၀][၁၁]၊ "စကြဝဠာ တစ်ခု၏ အကျယ်အလျားမှာ ကီလိုမီတာပေါင်း ၁၈ သန်းခန့် ဖြစ်သည်။ ၎င်းသည် နေလုံးနှင့် ကမ္ဘာဂြိုဟ်ကြား ခရီးအကွာအဝေးထက် သေးငယ်နေသည်။
- ဤ သိပ္ပံအရ လောက (Universe) မှာမူကား၊ ၎င်း၏ တစိတ်တပိုင်းသဖွယ်သာ ဖြစ်သည့် သက်ရောက် လောကဝန်း (Obserbable Universe) ၏ အချင်းသည် ၂၈.၅ gigaparsec (အလင်းနှစ် ၉၃ ဘီလီယံ) ရှိသည်ဟူ၏။ [၁၂]
ဤဓာတ်ပုံသည် Hubble Ultra Deep Field ဓာတ်ပုံဖြစ်ပြီး ဘီလီယံပေါင်းများစွာသော ကြယ်တို့ပါဝင်သည့် အမျိုးမျိုးသော ကြယ်စု(galaxies)တို့ကို ပြသထားသည်။ ပြသထားသော ညဖက်ကောင်းကင်၏ အရွယ်အစားကို ဘယ်ဖက် အောက်ဆုံးထောင့်တွင် ပြသထားသည်။ အသေးဆုံးနှင့် အနီရဲဆုံး အခု ၁၀၀ ခန့်မျှသော ကြယ်စုတို့မှ အလင်းသုံး တယ်လီစကုပ်ဖြင့် မှတ်တမ်းတင်ထားသည့် ကြယ်များတွင် အဝေးကွာဆုံးသော ကြယ်စုတို့ဖြစ်ပြီး လောက(Universe) ဖြစ်ပေါ်ကာစအချိန်က အစောဆုံးကြယ်များ ဖြစ်ပေါ်မှု ပုံရိပ် (နှင့် သက်ရောက်ချက်များ) ဖြစ်သည်။[၁] | |
သက်တမ်း | ၁၃.၇၉၉ ± ၀.၀၂၁ ဘီလီယံနှစ် |
---|---|
အချင်း | အနည်းဆုံး ၉၁ ဘီလီယံ အလင်းနှစ် (၂၈ ဘီလီယံ parsec)[၂] |
ထုထည် (သာမန် အရာဝတ္ထု) | အနည်းဆုံး ၁၀၅၃ kg[၃] |
ပျမ်းမျှ သိပ်သည်းမှု | ၄.၅ x ၁၀−၃၁ g/cm3[၄] |
ပျမ်းမျှ အပူချိန် | ၂.၇၂၅၄၈ K[၅] |
ဒြပ်-စွမ်းအင် (mass-energy) ပါဝင်မှု အချိုးအစား | သမားရိုးကျ ဒြပ်သားများ (4.9%) ကိုယ်ပျောက် ဒြပ်ဆန်း (dark matter) (26.8%) လောက နှံ့စွမ်းအင် (dark energy) (68.3%) |
(နေရာရပ်ဝန်း+အချိန်) ဖြစ်အင်ထု၏ သင်္ချာသရုပ်အားဖြင့် ပုံသဏ္ဌာန် | တပြန့်ညီလျက်ရှိ။ မှားနိုင်ခြေ ၀.၄ ရာခိုင်နှုန်း [၆] |
ဖွဲ့စည်းပုံ အကြမ်းဖျင်း
ပြင်ဆင်ရန်- လောက(Universe) အတွင်း၌ ဂြိုဟ်အချို့က ကြယ် တစ်ခု၊ သို့မဟုတ် နှစ်ခုခန့်ကို ဗဟိုပြုလှည့်ခြင်းအားဖြင့် ဂြိုဟ်စု (planetary system) များ ပေါ်ပေါက်နေသည်။ နေအဖွဲ့အစည်း ဆိုသည့်မှာ ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်နှင့်တကွ အခြားဂြိုဟ် ၇လုံးကို နေကို ဗဟိုပြု လှည့်ပတ်နေသည့် ဂြိုဟ်စုတစ်ခု ဖြစ်သည်။
- ဂြိုဟ်စုများ၊ ကြယ်များက တစ်ဖန် ဒြပ်ထုကြီးမားလှသော အရာကြီးတခုခု၊ များသောအားဖြင့် ဒြပ်ထုကြီးလှသော တွင်းနက်ကြီး တခုခုကို ဗဟိုပြုလျက် လှည့်ပတ်နေကြသေးသည်။ ထို (ဂြိုဟ်များလည် ပါဝင်သော) ကြယ်ဝဲဂယက်ကြီး တခုစီကို ကြယ်စု(galaxy)တစ်ခု ဟု ခေါ်သည်။ ကျွန်ုပ်တို့ ပါဝင်တည်ရှိရာ ကြယ်စု (ဂယ်လက်စီ) ကို မစ်လ်ကီဝေးကြယ်စု (Milky Way galaxy) ဟု အမည်ပေးထားသည်။
- ရာနှင့် ထောင်နှင့် ချီသော ကြယ်စုကြီးများက တစ်ဖန် ပိုမိုနီးကပ်စွာ စုဝေးနေမှုလည်း လောက(Universe) အတွင်း ရှိသေးပေရာ ၎င်းတို့ကို ကြယ်စုထွေးကြီး (galaxy cluster) ဟု ခေါ်နိုင်သည်။ ၎င်းတို့ကလည်း ဒြပ်ဆွဲမှုကြောင့် နီးစပ်ရာ ဒြပ်ထုကြီးများ ပိုမို စုဝေးမိနေခြင်း ဖြစ်သည်။
သို့ဖြင့် လောက(Universe)ထဲတွင် အဓိက ပါဝင်နေကြသည်မှာ ဂြိုဟ်များ၊ ကြယ်များ၊ (တွင်းနက်၊ နျူထရွန်ကြယ်၊ ကြယ်ဖြူပုတို့ ဖြစ်နိုင်သည့်) ကြယ်ကြွင်းများ၊ ကိုယ်ပျောက်ဒြပ်ဆန်းများ၊ ကြယ်ကြား ဓာတ်ငွေ့များ (interstellar gases)၊ ကြယ်ကြား အမှုန့်အစများ (interstellar dusts)၊ နက်ဘျူလာ(nebula) ခေါ် အာကာသတိမ်တိုက်ကြီးများ စသည့် အရာများဖြစ်သည်။
ရှေးရိုးရူပဗေဒတွင် ဒြပ်(mass) နှင့် စွမ်းအင်(energy) တို့မှာ သီးခြားတိုင်းဖွယ်များ ဖြစ်သော်လည်း နှိုင်းရသီအိုရီများတွင် ၎င်းတို့က အာကာသ(ရပ်ဝန်း) နှင့် အချိန်၏ ဆက်စပ်သွားမှုအတိုင်း ဒြပ်စွမ်းအင်(mass-energy) ဟူသော ဘုံတိုင်းဖွယ်ကြီးသဖွယ် ဆက်စပ်သွားလေရာ လောက(Universe) အတွင်း ပါဝင်သမျှသော ဒြပ်-စွမ်းအင်တို့အနက် အချိုးအစားပမာဏ အများဆုံးမှာ လောကနှံ့စွမ်းအင် (dark energy) ဖြစ်ပြီး ရှိရှိသမျှ၏ 68% ခန့်အထိ ရှိလျက်၊ ကိုယ်ပျောက်ဒြပ်ဆန်း (dark energy) တို့က 26% ခန့်ကို၊ ကျွန်ုပ်တို့ ကောင်းစွာနားလည်သော သမားရိုကျ ဒြပ်သား တို့က 5% ခန့်ကို၊ အခြားသော လွင့်မျော ဖှိုတွန် နှင့် နျူထြီးနို အမှုန်များက ကျန်ရာ 1% ကို ဖွဲ့စည်းထားသည်ဟု ခန့်မှန်းတွက်ချက်ကြသည်။[၁၃][၁၄][၁၅][၁၆]
အမည်မှည့်ခေါ်ခြင်း၊ အမည်တူများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ
ပြင်ဆင်ရန်အင်္ဂလိပ် စကားလုံး Universe သည် ရှေးဟောင်း ပြင်သစ်စကားလုံး Univers မှ ဆင်းသက်လာပြီး ထိုစကားလုံးမှာ လက်တင်စကားလုံး universum မှ တဆင့် ဆင်းသက်လာခြင်း ဖြစ်သည်။ လက်တင်စကားလုံးကို စီဆာရိုက အသုံးပြုခဲ့ပြီး နောက်ပိုင်းကျသော လက်တင်စာရေးဆရာများမှာလည်း ခေတ်သစ် အင်္ဂလိပ်စကားလုံးနှင့် တူညီသော အဓိပ္ပာယ်ရှိသည့် အသုံးအနှုန်း အဖြစ် သုံးနှုန်းကြသည်။ လက်တင်စကားလုံးကို လူခရီတီးယတ်စ် (Lucretius) က De rerum natura ( အရာဝတ္ထုတို့၏ သဘာဝ) စာအုပ်အမှတ် ၄ စာကြောင်းရေအမှတ် ၂၆၂တွင် စတင်အသုံးပြုခဲ့ပြီး ကဗျာဆန်ဆန် စကားလုံးနှစ်လုံးကို ပေါင်းစပ်သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ un, uni ဆိုသည်မှာ တစ်ခုတည်းဟု အဓိပ္ပာယ်ရပြီး vorsum, versum မှာ လည်ပတ်နေသော ပြောင်းလဲနေသော အရာတစ်ခု ဟု အဓိပ္ပာယ်ရသည်။ လူခရီတီးယတ်စ် သုံးနှုန်းခဲ့သော အဓိပ္ပာယ်မှာ အရာအားလုံးသည် တစ်ခုတည်းအဖြစ် လည်ပတ်ပေါင်းစည်းသွားသည် ဆိုသော အဓိပ္ပာယ် ဖြစ်သည်။
(တည်ရှိ)လောက၏ ဖြစ်တည်မှု သမိုင်းကြောင်း
ပြင်ဆင်ရန်၂၀၁၅ ခုနှစ်၌ ထုတ်ပြန်သော သုတေသနတစ်ခုအရ လောက(Universe)ကြီး၏ စတင်မှုသည် လွန်ခဲ့သော နှစ်ပေါင်း 13,800,000,00 ခန့်က (မှန်းခြေနှင့် နှစ်ပေါင်း 21,000,000 ခန့်သာ အတိုးအလျော့ အမှားအယွင်းဖြစ်သည်ဟု ၆၈% သော ရေရာမှုဖြင့်) မှန်းရသည်။[၁၇] ထိုအဖြစ်အပျက်ကို မဟာပေါက်ကွဲမှုကြီး (the Big Bang) ဟု အမည်ပေးကြသည်။
အကိုးအကား
ပြင်ဆင်ရန်- ↑ Hubble sees galaxies galore။ spacetelescope.org။ 4 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-04-30 တွင် ပြန်စစ်ပြီး။
- ↑ Itzhak Bars; John Terning (2009)။ Extra Dimensions in Space and Time။ Springer။ pp. 27ff။ ISBN 978-0-387-77637-8။ 2011-05-01 တွင် ပြန်စစ်ပြီး။
- ↑ Paul Davies (2006)။ The Goldilocks Enigma။ First Mariner Books။ p. 43ff။ ISBN 978-0-618-59226-5။ 2013-07-01 တွင် ပြန်စစ်ပြီး။
- ↑ NASA/WMAP Science Team (24 January 2014)။ Universe 101: What is the Universe Made Of?။ NASA။ 2015-02-17 တွင် ပြန်စစ်ပြီး။
- ↑ "The Temperature of the Cosmic Microwave Background" (2009). The Astrophysical Journal 707 (2): 916–920. doi: . Bibcode: 2009ApJ...707..916F.
- ↑ NASA/WMAP Science Team (24 January 2014)။ Universe 101: Will the Universe expand forever?။ NASA။ 16 April 2015 တွင် ပြန်စစ်ပြီး။
- ↑ Zeilik, Michael; Gregory, Stephen A. (1998). Introductory Astronomy & Astrophysics (4th ed.)
- ↑ http://tibetanbuddhistencyclopedia.com/en/index.php/Cakkavala
- ↑ ပဏ္ဍိတဝေဒနီယဒီပနီကျမ်း
- ↑ Thapar၊ Romila (1997)။ Aśkoa and the decline of the Mauryas (PDF) (Revised ed.)။ Oxford University Press။ pp. 250–266။
- ↑ Gupta, C. C. Das (1951). ""939 A NOTE ON AN EXPRESSION IN ROCK EDICT XIII OF AŚOKA". Proceedings of the Indian History Congress 14: 68–71. ISSN 2249-1937.
- ↑ Itzhak Bars; John Terning (November 2009)။ Extra Dimensions in Space and Time။ Springer။ pp. 27–။ ISBN 978-0-387-77637-8။ 1 May 2011 တွင် ပြန်စစ်ပြီး။
- ↑ "Planck 2013 results. I. Overview of products and scientific results – Table 9" (22 March 2013). Astronomy and Astrophysics 571: A1. doi: . Bibcode: 2014A&A...571A...1P.
- ↑ "Planck 2013 Results Papers" (31 March 2013). Astronomy and Astrophysics 571: A1. doi: . Bibcode: 2014A&A...571A...1P. Archived 13 August 2016 at the Wayback Machine.
- ↑ First Planck results: the Universe is still weird and interesting (21 March 2013)။ 2 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 June 2017 တွင် ပြန်စစ်ပြီး။
- ↑ Sean Carroll, Ph.D., Caltech, 2007, The Teaching Company, Dark Matter, Dark Energy: The Dark Side of the Universe, Guidebook Part 2 page 46. Retrieved 7 October 2013, "...dark energy: A smooth, persistent component of invisible energy, thought to make up about 70 percent of the current energy density of the universe. Dark energy is known to be smooth because it doesn't accumulate preferentially in galaxies and clusters..."
- ↑ Planck Collaboration (October 2016). "Planck 2015 results. XIII. Cosmological parameters". Astronomy & Astrophysics 594. doi: . Bibcode: 2016A&A...594A..13P. The Planck Collaboration in 2015 published the estimate of 13.799 ± 0.021 billion years ago (68% confidence interval). See PDF: page 32, Table 4, Age/Gyr, last column.