တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် (အင်္ဂလိပ်: Tipitakadhara Dhammabhandagarika) သည် မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာန မှ ဆက်ကပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော်များအနက် တစ်ခု ဖြစ်သည်။ ဤဘွဲ့တံဆိပ်တော်ကို တိပိဋကဓရ တိပိဋကကောဝိဒ အောင်မြင်ပြီး (၅)နှစ်ပြည့်သောအခါမှသာ ဆက်ကပ်သော ဘွဲ့တံဆိပ်တော်ဖြစ်သည်။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်၏ ဂုဏ်အင်္ဂါအရည်အချင်းများမှာ :
- ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်စွမ်းနိုင်၍ တိပိဋကဓရဘွဲ့တံဆိပ်တော် ဆက်ကပ် ခံရပြီးဖြစ်ခြင်း။
- ပိဋကတ်သုံးပုံ၏ ခဲရာခဲဆစ်မေးခွန်းတို့ကို ဖြေစွမ်းနိုင်၍ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။
- တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးနောက် (၅)နှစ် သက်တမ်း ပြည့်မြောက်ခြင်း။
- သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံခြင်း စသည်တို့ဖြစ်ကြသည်။[၁]
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ
ပြင်ဆင်ရန်တိပိဋကဓရ တိပိဋကကောဝိဒ အောင်မြင်ပြီး (၅)နှစ်သက်တမ်းပြည့်မြောက်သဖြင့် ဘွဲ့တံဆိပ်တော် ဆပ်ကပ်ခြင်းခံရသော ဆရာတော်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
- ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ တိပိဋက ဓမ္မနာဒ စာသင်တိုက်၊ မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
- ဘဒ္ဒန္တနေမိန္ဒ၊ မဟာဝိသုတာရာမဓမ္မဗိမာန်ကျောင်းတိုက်၊ တောင်ဝိုင်းရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်
- ဘဒ္ဒန္တကောသလ္လ၊ ပဉ္စနိကာယသာသနာ့ဗိမာန်ကျောင်းတိုက်၊ အမှတ်(၁၁)ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
- ဘဒ္ဒန္တဒေါက်တာသုမင်္ဂလာလင်္ကာရ၊ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ အမှတ်(၉)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
- ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊ မဟာဝိသုဒ္ဓါရုံပါဠိတက္ကသိုလ်ရွှေကျင်တိုက်သစ်၊ ရေတာရှည်ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
- ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၊ တိပိဋကမဟာဂန္ထဝင်နိကာယ်စာသင်တိုက်၊ အမှတ်(၁၃)ရပ်ကွက်၊ ဒဂုံ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
- ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ ပိဋကတ်သုံးပုံနိကာယ်ကျောင်းတိုက်၊ အမှတ်(၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
- ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊ တိပိဋကနိကာယကျောင်းတိုက်၊ မိုးမိတ်ကုန်းမြေ၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
- ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ၊ တိပိဋက-ဓမ္မနာဒစာသင်တိုက်၊ မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
- ဘဒ္ဒန္တသုန္ဒရ၊ စွန်းလွန်းဂူဝိပဿနာကျောင်းတိုက်၊ အမှတ်(၁၆/၂)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
- ဘဒ္ဒန္တဣန္ဒပါလ၊ တိပိဋကပုလဲရောင်ရှိန်စာသင်တိုက်၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
- ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသ၊ သဒ္ဓမ္မဇောတကသုဗောဓါရုံကျောင်းတိုက်၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
- ဘဒ္ဒန္တဣန္ဒာစရိယ၊ တိပိဋကစိန်ရွှေဖူးကျောင်းတိုက်၊ သင်္ဃန်းကျွန်းကြီးစံပြကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
- ဘဒ္ဒန္တဝီရိယာနန္ဒ၊ တိပိဋက ကမ္ဘောဇ ကျောင်းတိုက်၊ နားရှိုးကျေးရွာ၊ နောင်ချိုမြို့နယ်၊ ရှမ်းပြည်နယ်
ကိုးကား
ပြင်ဆင်ရန်- ↑ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ပြဋ္ဌာန်းခြင်းဆိုင်ရာ ဂုဏ်အင်္ဂါအရည်အချင်းများအား အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြခြင်း (၂၉ နိုဝင်ဘာ ၂၀၁၆)။ ၂၀ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။