နေပြည်တော်တိုင်းစစ်ဌာနချုပ်

နေပြည်တော်အခြေစိုက် တိုင်းစစ်ဌာနချုပ်

နေပြည်တော်တိုင်းစစ်ဌာနချုပ် (အတိုကောက် နပတ) သည် ပျဉ်းမနားမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်​စောသန်းလှိုင် ဖြစ်သည်။[၁]

နေပြည်တော်တိုင်းစစ်ဌာနချုပ်
နပတ
နေပြည်တော်တိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်ဂျိုကာအပြာ
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်မှူးချုပ်​စောသန်းလှိုင်
အဆောင်အယောင်များ
အလံတော်

သမိုင်း ပြင်ဆင်ရန်

၁၉၆၁ ခုနှစ် မတိုင်မီတွင် မြန်မာနိုင်ငံ၌ တောင်ပိုင်းတိုင်း နှင့် မြောက်ပိုင်းတိုင်းဟူ၍ တိုင်းစစ်ဌာနချုပ် နှစ်ခုသာရှိခဲ့ရာမှ ၁၉၆၁ ခုနှစ် အောက်တိုဘာလတွင် အနောက်မြောက်အလယ်ပိုင်းအရှေ့တောင်အနောက်တောင်အရှေ့ပိုင်းဟူ၍ (၅)ခုအထိ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ခွဲခြားကာ မုံရွာမြို့သို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းအား မန္တလေးသို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ဖွဲ့စည်းခဲ့သည်။၂၀၀၆ ခုနှစ်၌ မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပျဉ်းမနားဒေသအား နေပြည်တော်တိုင်းစစ်ဌာနချုပ်ဟူ၍ ခွဲထုတ်ခဲ့သည်။[၂][၃][၄]

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။

အမှတ်(၁)စစ်ဗျူဟာအဖွဲ့ ပြင်ဆင်ရန်

အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။

  1. ခလရ/ ခမရ (၄)ရင်း

အမှတ်(၂)စစ်ဗျူဟာအဖွဲ့ ပြင်ဆင်ရန်

အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ (၃)ရင်း

အမှတ်(၃)စစ်ဗျူဟာအဖွဲ့ ပြင်ဆင်ရန်

အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ (၃)ရင်း

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပြင်ဆင်ရန်

အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ ပြင်ဆင်ရန်

  • ဗိုလ်ချုပ် ​ဝေလွင်
  • ဗိုလ်ချုပ် ဇော်မျိုးတင်[၅]
  • ဗိုလ်ချုပ် ဇော်ဟိန်း
  • ဗိုလ်မှူးချုပ် ဝေလင်း(ယခင် အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး) [၆]
  • ဗိုလ်ချုပ် ​စောသန်းလှိုင်[၇]

ဗိုလ်ချုပ် ​မောင်​မောင်​အေး (ယခု ဗိုလ်ချုပ်ကြီး -(ညှိ /ကွပ်) ဗိုလ်ချုပ် မြင့်​မော်(ယခု ဒု ဗိုလ်ချုပ်ကြီး-ငြိမ်း) ဗိုလ်ချုပ် ​သောင်းထိုက်​ရွှေ (ယခု - မသိ)

ကိုးကား ပြင်ဆင်ရန်

  1. "၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်"။ 
  2. "ဗိုလ်ချုပ်မှူးကြီးစောမောင်ကို နဝတဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားခဲ့စဉ်က"။ 
  3. ကိုဝင်း(အမရပူရ)။ အကွဲအပြဲနှင့် မသဲမကွဲမြန်မာပြည်
  4. မြဝင်း။ တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း (၁၉၄၁-၁၉၉၈)
  5. "ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာကစားပွဲ"။ 
  6. KNU နယ်မြေကို ကိုင်တွယ်တဲ့ ကစထမှူး အလဲခံရBBC Burmese (၃၁မတ်၂၀၂၃)။ ၁ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. "နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်"။ 

နောက်ထပ်ကြည့်ရန် ပြင်ဆင်ရန်