ပေါက်မြို့သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်တွင်ပါဝင်၍ ပေါက်မြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်။

ပေါက်မြို့
မြန်မာနိုင်ငံရှိ မြို့များ
ပေါက်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပေါက်မြို့
ပေါက်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 21°27′N 94°28′E / 21.450°N 94.467°E / 21.450; 94.467
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
ခရိုင်ပခုက္ကူခရိုင်
မြို့နယ်ပေါက်မြို့နယ်
လတ္တီကျု(၂၁)ဒီဂရီ၊ (၂၇)မိနစ်
လောင်ဂျီကျု(၉၄)ဒီဂရီ၊ (၂၈)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ပေါက်မြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

တည်နေရာနှင့် အကျယ်အဝန်း ပြင်ဆင်ရန်

ပေါက်မြို့နယ်သည် ပခုက္ကူခရိုင်၏ အလယ်တွင် ရှိ၍ စတုရန်းမိုင် (၉၁၀) ကျယ်ဝန်းသည်။ ပေါက်မြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၇,၂၈၆ ဦး[၁] ဖြစ်သည်။ မြို့နယ်၏ တစ်ဘက်တစ်ချက်တွင် တောင်ကုန်းတောင်တန်းများ ရှိ၍ မြို့နယ်၏ မြေမျက်နှာပြင်သည် ညီညာပြန့်ပြူးခြင်း မရှိပေ။ မြို့နယ်အတွင်း၌ ယောချောင်း နှင့် ကျောချောင်းတို့ ဖြတ်သန်း စီးဆင်းကြသည်။ ပေါက်မြို့သည် ယောချောင်း နှင့် ကျောချောင်းတို့ ပေါင်းဆုံသည့်နေရာနှင့် မနီးမဝေးတွင် တည်ရှိသည်။ ပခုက္ကူမြို့မှ အနောက်ဘက် (၄၇)မိုင်ခန့် ကွာဝေးသည်။ မြို့၏ မြောက်ဘက်တွင် ပေါက်ချောင်းငယ် ဖြတ်သန်းစီးဆင်းသွားပြီးလျှင် ယင်း၏မြောက်ဘက်ရှိ ကျောချောင်းထဲသို့ ပေါင်းဆုံ စီးဝင်သည်။ မြို့၏ အနောက်ဘက်တွင် ရန်ကင်းတောင် ရှိသည်။ ထိုတောင်သည် မြို့ကို ဖီလာခံလျှက် အနောက်မျက်နှာသို့ တောင်ဦးပြုနေသည်။ မြို့၏ အရှေ့တောင်ဘက်တွင် ဆင်ဇာချောင်း ရှိ၍ ပခုက္ကူသို့သွားသော ကားလမ်းမကြီးသည် ဆင်ဇာချောင်းကို ဖြတ်ကျော်သွားသည်။ အရှေ့ဘက်ဤ ကျားသိုက်ချောင်းငယ်ရှိ၍ ယင်း၏ အရှေ့ဘက်တွင် လေယာဉ်ကွင်း ရှိသည်။ ပေါက်မှ ပခုက္ကူသွား ကားလမ်းမကြီး၏ တောင်ဘက်တွင် လေသာတောင် ရှိလေသည်။ ပေါက်မြို့သည် မြို့ကွင်းမြို့ကွက်ကောင်း၍ ကျယ်ဝန်းသည်။ လူနေအိမ်ခြေ တစ်ထောင်ကျော်ခန့်ရှိ၍ လူဦးရေ ၁,၀၅၅ ယောက်ခန့်ရှိလေသည်။ မြို့သူမြို့သားများမှာ များသောအားဖြင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသာ ဖြစ်ကြလေသည်။

မြို့ပေါ်နေရာဒေသများ ပြင်ဆင်ရန်

ပေါက်မြို့သည် နယ်ပိုင်ရုံးစိုက်မြို့ ဖြစ်သည့် အားလျော်စွာ နယ်ပိုင်ရုံး၊ မြို့ပိုင်ရုံး၊ ငွေတိုက်တရားမရုံးသစ်တောရုံးရဲဌာန စသည့် အစိုးရအဆောက်အအုံများ ရှိ၍ ယင်းတို့သည် မြို့၏ အနောက်ဘက်ပိုင်းတွင် တည်ရှိကြသည်။ မြို့၏ တောင်ဘက် မြို့ရိုးသဖွယ် အနောက်မှ အရှေ့သို့ တန်းလျက် ရှိသော တောင်ရိုး၏ အနောက်ဘက်ဆုံးတွင် တိုင်းရင်းဆေးရုံ ရှိသည်။ ထို့အပြင် အစိုးရတန်းမြင့်ကျောင်း၊ အလယ်တန်းကျောင်းမူလတန်းကျောင်းစာတိုက်ဈေး စသည့်အဆောက်အအုံများဖြင့်လည်း ပေါက်မြို့သည် သိုက်မြိုက်စွာ ရှိလေသည်။

လမ်းပန်းဆက်သွယ်ရေး ပြင်ဆင်ရန်

ပေါက်မြို့သည် ယောနယ်များသို့ သွားရာတံခါးဝမြို့ ဖြစ်သည်။ ထီးလင်းဂန့်ဂေါ စသော အထက်ယောနယ်များသို့ ပေါက်မြို့မှတစ်ဆင့် မော်တော်ကားလမ်းများဖြင့် သွားလာကြရသည်။ ပခုက္ကူမှတစ်ဆင့် ရန်ကုန်မန္တလေး စသော မြို့ကြီးများနှင့် ယောနယ်များ၏ ကုန်စည် ဖလှယ်မှု ရောင်းဝယ်ဖောက်ကားမှုတို့ကို ဆက်သွယ်ပြုလုပ်ရာ၌ ပေါက်မြို့မှ တစ်ဆင့် ပြုလုပ်ကြရသည်။ ပခုက္ကူမြို့မှတစ်ဆင့် ရန်ကုန်မြို့နှင့် တစ်ပါတ်လျှင် တစ်ကြိမ် လေကြောင်း အဆက်အသွယ် ရှိသည်။

စီးပွားရေး ပြင်ဆင်ရန်

ပေါက်မြို့နယ်သည် မိုးပါးရေရှားဒေသဖြစ်သည့် အတိုင်း ပဲအမျိုးမျိုး၊ ပြောင်းဖူးဖက်(ယောဖက်)၊ ငရုတ်မန်ကျည်းနှမ်း နှင့် ဆီးသီး စသော အပူပိုင်းရပ်ဝန်းထွက်ကုန်သီးနှံများ ထွက်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

ပုဂံခေတ်က ထင်ရှားခဲ့သော သောင်းထွတ်မြို့ဟောင်းတည်နေရာသည် ယခုပေါက်မြို့၏ တောင်ဘက် (၆)မိုင်ခန့်အကွာ ကျောက်ကာရွာကြီး၏ အရှေ့ဘက်တွင် ဖြစ်သည်။ ပေါက်မြို့ဟူ၍ ခေါ်တွင်ခြင်းမှာ ပေါက်ပင်ပေါက်တောကိုထွင်၍ မြို့တည်ခဲ့ခြင်းကို အစွဲပြု၍ ပေါက်မြို့ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ဟန်တူလေသည်။

ထင်ရှားသည့်နေရာများ ပြင်ဆင်ရန်

သာသနိကအဆောက်အအုံစေတီပုထိုးများမှာ မြို့၏ အနောက်တောင်ဘက် တောင်ပူစာထိပ်တွင် မြို့ပန္နဘုရား ဖြစ်သော ရွှေပေါက်ပင်ဘုရားရှိသည်။ မြို့၏အရှေ့တောင်ဘက်ရှိ လေသာတောင်တွင်လည်း လေသာတောင်ဘုရား ရှိသည်။ ပေါက်ချောင်း၏ မြောက်ဘက်ကမ်းတွင် တောင်ရိုးတစ်ခုရှိရာ ထိုတောင်ရိုး၏ အရှေ့ဘက်တောင်စွယ်တွင် လောကဒီပဘုရား ရှိသည်။ ထို့အပြင် ထိုအနီးအနားတစ်ဝိုက်တွင် ဘုန်းကြီးကျောင်းများနှင့် အခြားစေတီပုထိုးငယ်များ ရှိလေသည်။ လောကဒီပဘုရား၏ အရှေ့ဘက်တွင် ပေါက်မှ ဂန့်ဂေါသို့သွားသော မော်တော်ကားလမ်း ရှိလေသည်။

မြို့နယ်အတွင်း ထင်ရှားသောစေတီပူထိုးများမှာ ပေါက်မြို့နှင့် (၈)မိုင်ခန့် ကွာဝေးသော ဘုရားတောင်ရွာနှင့် ကျူတောရွာများ အနီးရှိ ရွှေပေါက်လောင်စေတီ နှင့် ရွှေမုဌောစေတီ နှစ်ဆူ ဖြစ်သည်။ ထိုဘုရားစေတီများ၏ ပွဲတော်များကို နှစ်စဉ် တပေါင်းလတွင် ကျင်းပသည်။ မြို့ပေါ်၌ အစည်ကားဆုံးသော ပွဲတော်မှာ သီတင်းကျွတ်ပွဲတော် ဖြစ်သည်။ အထူးသဖြင့် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့တွင် နယ်ရှိကျေးရွာများမှ ရဟန်းရှင်လူတို့က မြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများအား လာရောက် ကန်တော့ရာတွင် တိုးရုပ်ဘိုးဘရုပ်ဒေါင်းရုပ်ကိန္နရာရုပ် စသော အရုပ်မျိုးစုံအကများကို တစ်ရွာနှင့်တစ်ရွာ ယှဉ်ပြိုင် ကပြကြရာ ထူးထူးခြားခြား စည်ကားသိုက်မြိုက်လှသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၇။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၆)၊ စာမျက်နှာ (၄၁၄)။