ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် တပ်မတော်မှ အရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။ ယခင်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁)၏ ပြည်ထောင်စုဝန်ကြီး နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်[၂] ဖြစ်ခဲ့သည်။ [၃]

ဒုတိယဗိုလ်ချုပ်ကြီး

ရာပြည့်
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဖေဖော်ဝါရီ ၂၀၂၂
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်​ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၁၁ မေ ၂၀၂၁ – ၃ ဩဂုတ် ၂၀၂၃
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်
ဆက်ခံသူဦးအောင်နိုင်ဦး
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်
တာဝန်သက်တမ်း
၂၂ ​မေ ၂၀၂၁ – ၈ ဇန်နဝါရီ ၂၀၂၄
ယခင်လူဦး​သောင်းထွန်း
ဆက်ခံသူဗိုလ်ချုပ်ကြီး မိုးအောင် [၁]
ကိုယ်ရေး အချက်အလက်များ
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဒုတိယဗိုလ်ချုပ်ကြီး

အလုပ်အကိုင် ပြင်ဆင်ရန်

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် စစ်တက္ကသိုလ် အပတ်စဉ်(၂၂)မှ သင်တန်းဆင်းလာသူဖြစ်ပြီး တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဥပဒေချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်တာဝန်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်တို့ကိုလည်း ထမ်းဆောင်ခဲ့ပြီး လက်ရှိ၌ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။၂၀၂၀ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီး တပ်မတော်မှဖွဲ့စည်းခဲ့သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလတွင် တပ်မတော်အရံအင်အားသို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီ သီးခြားတပ်တာဝန် မရှိတော့​ပေ။

အစိုးရအဖွဲ့ရာထူးများ ပြင်ဆင်ရန်

၂၀၂၁ခုနှစ် မေလ၁၁ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဖြစ်လာသည်။[၄] ထို့အပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ခန့်အပ်ခံခဲ့ရသည်။[၂] ပြည်​ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအား အမှတ် (၁) နှင့် အမှတ် (၂)ဟူ၍ ခွဲခြားပြီး​နောက် အမှတ် (၁)၏ ဝန်ကြီးဖြစ်လာခဲ့သည်။ ၎င်း၏လက်​အောက်ရှိ ဌာနများတွင် ယခင်က နိုင်ငံ​တော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနလက်​အောက်မှ ဌာနတစ်ခုဖြစ်​သော အမျိုးသားစည်းလုံးညီညွတ်​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုဦးစီးဌာနလည်း တစ်ခုအပါအဝင်ဖြစ်သည်။

၂၀၂၂ခုနှစ် ​ဖေ​ဖော်ဝါရီလ ၈ရက်​နေ့တွင် ၎င်းအား နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ၏ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။[၅] သူသည် ၂၀၂၃ ဩဂုတ် ၃ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီးအဖြစ်မှ  ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၆]

ကိုးကား ပြင်ဆင်ရန်

  1. ရေချုပ် အပါအဝင် ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်BBC Burmese (၈ ဇန်နဝါရီ ၂၀၂၄)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ "စစ်ကောင်စီ ဥက္ကဋ္ဌ၏ လုံခြုံရေးဆိုင်ရာ အကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဖြစ်လာ"။ 
  3. "ဒုတိယဗိုလ်ချုပ်ကြီးများ ပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်း"။ 
  4. "ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဖြစ်လာ"။ 
  5. မြန်မာ့အလင်းသတင်းစာ (၉.၂.၂၀၂၂)
  6. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းMOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။