ပြည်သူ့ရှေ့ဆောင်ပါတီ

မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ

ပြည်သူ့ရှေ့ဆောင်ပါတီ (အင်္ဂလိပ်: People's Pioneer Party, PPP) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ ပါတီတည်ထောင်သူ ၁၉ ဦးတွင် ထက်ဝက်ကျော်မှာ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြပြီး သမ္မတဦးသိန်းစိန်အစိုးရ၏ စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ဒေါက်တာ ဦးမြင့်၊ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးတို့သည်လည်း ပါတီ၏စီးပွားရေးနှင့် မူဝါဒပိုင်းဆိုင်ရာ အကြံပေးများအဖြစ် ဆောင်ရွက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့သော ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် တည်ထောင်သူအဖြစ်ပါဝင်သည့် ပါတီလည်းဖြစ်သည်။[၄]

ပြည်သူ့ရှေ့ဆောင်ပါတီ
ဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်
ဒုတိယဥက္ကဋ္ဌ(၁)ဦးမြင့်မောင်ထွန်း
ဒုတိယဥက္ကဋ္ဌ (၂)ဦးစောဟန်အေး
တည်ထောင်ခြင်း၂၃ အောက်တိုဘာ ၂၀၁၉ (၂၀၁၉-၁၀-၂၃)[၁][၂]
ဌာနချုပ်စမ်းချောင်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီး[၃]
အဖွဲ့ဝင်၁၀၀၀+[၁]
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ပါတီတည်ထောင်ရာတွင် စီးပွားရေးလုပ်ငန်းရှင်အများစု ပါဝင်ရခြင်းက နိုင်ငံ၏ ကျဆင်းနေသည့် စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်ရန်အတွက်ဟု ဆိုသည်။[၅] ပြည်သူ့ရှေ့ဆောင်ပါတီ ကို နယ်ပယ် ပေါင်းစုံ၊ ဘာသာရပ်ပေါင်းစုံမှ ကျွမ်းကျင်သူများ၊ အစိုးရ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် လုပ်ငန်းအတွေ့အကြုံရှိသူများနှင့် စတင်တည်ထောင်ခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် လုပ်ငန်းစဉ်ရှိသောပါတီ (Programmatic Party) အဖြစ် စွန့်ဦးတီထွင် မိတ်ဆက်ခဲ့သည်။[၆]

ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါတီရုံးများ မဖွင့်နိုင်သေးသော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်များမှအပ ကျန်တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် ကိုယ်စားလှယ်လောင်း ၂၃၀ ကျော်ဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်သွားမည်ဟု ကြေညာခဲ့သည်။[၇]

သမိုင်းကြောင်း ပြင်ဆင်ရန်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို သတင်းမီဒီယာများမှတဆင့် လူသိရှင်ကြား ဝေဖန်ခြင်းအတွက်ကြောင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ဒဂုံမြို့နယ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ခံရပြီးနောက် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ဒေါက်တာသက်သက်ခိုင်သည် NLD ပါတီမှ တရားဝင် နုတ်ထွက်ခဲ့ပြီး ပြည်သူ့ရှေ့ဆောင်ပါတီတွင် သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။[၁]

ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ တရားဝင် နိုင်ငံရေးပါတီ မှတ်ပုံတင်ရရှိခဲ့သည်။[၃]

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို မကြာခဏ ထုတ်ဖော်ဝေဖန်ပြောကြားလေ့ရှိသူ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးကျော်ဇေယျသည် NLD ပါတီမှ တရားဝင် ထုတ်ပယ်ခံရပြီးနောက် ၂၀၂၀ ဇန်နဝါရီ ၂၅ ရက်တွင် PPP ပါတီသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ မှ ထုတ်ပယ်ခံရသည်။ [၈]

၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထွက်ပေါ် လာပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင်ရန် ပြင်ဆင်နေကြောင်း ၂၀၂၀၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ကြေငြာခဲ့သည်။

ပါတီ ဖွဲ့စည်းပုံ ပြင်ဆင်ရန်

  • ဥက္ကဋ္ဌ - ဒေါက်တာသက်သက်ခိုင်[၉]
  • ဒုတိယဥက္ကဋ္ဌ(၁) - ဦးမြင့်မောင်ထွန်း (မြန်မာ့စီးပွားစီမံ အမှုဆောင်များအသင်း ဥက္ကဋ္ဌဟောင်း)[၁၀]
  • ဒုတိယဥက္ကဋ္ဌ (၂) - ဦးစောဟန်အေး
  • အထွေထွေအတွင်းရေမှူး - ဒေါက်တာမျိုးဆက်သွေး
  • ဗဟိုအလုပ်အမှုဆောင်အဖွဲ့(CEC)ဝင် -

ပါတီမူဝါဒ ပြင်ဆင်ရန်

တိကျသော မူဝါဒမူဘောင်နှင့် လုပ်ငန်းစဉ်များအပေါ် အခြေခံပြီး တည်ဆောက်သွားမည့် Programmatic Party ဖြစ်သည်။ လူတစ်စုတစ်ယောက်၏ ထင်မြင်ယူဆချက်အပေါ် အခြေမခံဘဲ ယုံကြည်စိတ်ချရသည့် သုတေသန တွေ့ရှိချက်များ၊ လက်တွေ့ကျသည့် သုံးသပ်ချက်များအပေါ် အခြေခံပြီး မူဝါဒများချမှတ်ခြင်း၊ နိုင်ငံတော်မှ လက်ရှိ အကောင်အထည်ဖော်နေသည့် လုပ်ငန်းစီမံချက်များအပေါ် သင်ခန်းစာယူပြီး အနာဂတ်မူဝါဒများ ချ မှတ်သွားမည်ဟု ပြောဆိုသည်။[၁၁]

ဆက်လေ့လာရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ အင်ကြင်းနိုင် (၁ ဒီဇင်ဘာ ၂၀၁၉)။ ပြည်သူ့ရှေ့ဆောင်ပါတီ မိတ်ဆက်ပွဲ ပါတီမူဝါဒ အကြမ်းဖျင်းထွက်ပေါ်ဗွီအိုအေ မြန်မာပိုင်း။ ၁၁ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. ဇူးဇူး (၃၀ နိုဝင်ဘာ ၂၀၁၉)။ ပြည်သူ့ရှေ့ဆောင်ပါတီသည် ခေါင်းဆောင်တဦးတည်းကို အားကိုးမည့်ပါတီ မဟုတ်ဟုဆို။ ဧရာဝတီ သတင်းဌာန။ ၁၁ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ဆန်းထူးအောင် (၁၅ ဒီဇင်ဘာ ၂၀၁၉)။ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးခုနစ်ခု၌ ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားထား။ Eleven Media။ ၁၁ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. https://myanmar-now.org/mm/news/2710
  5. https://myanmar-now.org/mm/news/2828
  6. https://burmese.voanews.com/a/people-pioneer-party-press-conference/5188041.html
  7. https://www.rfa.org/burmese/news/peoples-pioneer-party-08092020072822.html
  8. https://www.bbc.com/burmese/burma-51249652
  9. မော်ကွန်းတင်ပြီးမိတ္တူ။ 18 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2020 တွင် ပြန်စစ်ပြီး။
  10. မော်ကွန်းတင်ပြီးမိတ္တူ။ 18 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2020 တွင် ပြန်စစ်ပြီး။
  11. https://burma.irrawaddy.com/news/2019/11/30/209582.html

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်