လေးကေ့ကော်

ကရင်ပြည်နယ်ရှိ မြို့

လေးကေ့ကော်မြို့သစ် သို့မဟုတ် ငြိမ်းချမ်းရေးမြို့သစ်[]သည် မြန်မာနိုင်ငံကရင်ပြည်နယ် မြဝတီမြို့နယ်တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။

လေးကေ့ကော်
ငြိမ်းချမ်းရေးမြို့သစ်[]
မြန်မာနိုင်ငံရှိ မြို့များ
လေးကေ့ကော်မြို့သစ်
လေးကေ့ကော်မြို့သစ်
လေးကေ့ကော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လေးကေ့ကော်
လေးကေ့ကော်
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 16°35′57″N 98°31′27″E / 16.599205000403824°N 98.52423176384484°E / 16.599205000403824; 98.52423176384484ကိုဩဒိနိတ်: 16°35′57″N 98°31′27″E / 16.599205000403824°N 98.52423176384484°E / 16.599205000403824; 98.52423176384484
နိုင်ငံ မြန်မာ
ပြည်နယ် ကရင်
ခရိုင်မြဝတီခရိုင်
မြို့နယ်မြဝတီမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

သမိုင်းကြောင်း

ပြင်ဆင်ရန်

လေးကေကော်မြို့သစ်ကို ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်ပြည်နယ်အစိုးရတို့က ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့က ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၅ တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။[] လူနေရပ်ကွက် ခြောက်ခုရှိပြီး အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ခန့်‌နေထိုင်သည်။ လေးကေကော်မြို့သစ်၏ လုံခြုံရေးကို ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်က တာဝန်ယူ ထားသည်။ ကရင်အမျိုးသားအစည်းအရုံး၏ တပ်များ အဓိက လှုပ်ရှားပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) နှင့် အာဏာသိမ်း စစ်တပ်တို့လည်း ရှိသည်။

၂၀၂၁ နှောင်းပိုင်း ဖြစ်ရပ်

ပြင်ဆင်ရန်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူအချို့ လေးကေ့ကော်တွင် လာရောက်တိမ်းရှောင်ခဲ့ကြသည်။[] ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်များက လေးကေ့ကော်မြို့သစ်သို့ ဝင်ရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအပါအဝင် ၃၂ ဦးကို ဖမ်းဆီးခဲ့သည်။[] ထိုသို့ဝင်ရောက်ပြီး နောက်တစ်ရက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် လေးကေ့ကော်မြို့ထဲတွင် တိုက်ပွဲများစတင်ဖြစ်ပွားသည်။ မြို့အနီး မဲ့ထော်သလေးရွာနှင့် ပဟိကလော်ရွာများအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA-PDF ပူးပေါင်းတပ်များအကြား ၂၀၂၁ ဒီဇင်ဘာ ၁၆ ရက် တိုက်ပွဲများဖြစ်ပွားပြီး မြို့လုံးကျွတ်နီးပါး ထွက်ပြေးစစ်ဘေးရှောင်နေရသည်။[]

 
လေးကေ့ကော်မြို့သစ်မှ အိမ်ရာများ
  1. ၁.၀ ၁.၁ ၁.၂ လေးကေ့ကော် စစ်မီးစ (16 ဒီဇင်ဘာ 2021)။ ၁၇ ဒီဇင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ လေးကေကော်တွင် လွှတ်တော်အမတ် အပါအဝင် ၃၂ ဦး ဖမ်းခံရ (14 ဒီဇင်ဘာ 2021)။ ၁၇ ဒီဇင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. https://www.rfa.org/burmese/news/laykaykaw-refugees-flee-12162021013723.html/ampRFA