သိုမှီးသိမ်းဆည်းခြင်း
ခဲဖွယ်ဘောဉ်ကို အပ်စပ်အောင် သိမ်းဆည်းခြင်း
ပြင်ဆင်ရန်အကပ်ခံထားသော ခဲဖွယ် ဘောဇဉ်ကို သိုမှီးသိမ်းဆည်း၍ ဘုဉ်းပေးလျှင် အာပတ်သင့်၏။ ယနေ့နံနက်က အကပ်ခံထားသော ခဲဖွယ်ဘောဇဉ်ကို နက်ဖြန်နံနက်၌ စားလျှင် သိုမှီးသိမ်းဆည်း၍ စားသည် မည်၏။ နံနက်ခင်း၌ သုံးဆောင်စေကာမူ သိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ်များ ဖြစ်သောကြောင့် သန္နိဓိကာရကသိက္ခာပုဒ်အရ အပြစ် သင့်၏၊ မွန်းလွဲမှ ဘုဉ်းပေးလျှင်မူကား ဝိကာလေဘာဇနသိက္ခာပုဒ်အရ အာပတ် တိုး၍ သင့်နိုင်ပြန်၏။သို့ဖြစ်၍ ရဟန်းတော်များ အာပတ်မသင့်၊ အပြစ် မဖြစ်စေရေးအတွက် ကပ္ပိယကာရကတို့က သိမ်းဆည်းမှုတာဝန်ကို စနစ်တကျ ယူတတ်ကြရပေမည်။ [၁]
ကာလိကလေးပါးကို သုံးဆောင်မှုနှင့် ပတ်သက်၍ ကပ္ပိယကာရကတို့ အကျဉ်းချုပ် မှတ်မိရန် ထပ်မံ ရေးသားပါ ဦးမည်။ ယာဝကာလိက ခဲဖွယ်ဘောဇဉ်များကို နေမွန်းလွဲအခါ စားသောက်လျှင် အပြစ်သင့်သည်။
ယာမကာလိကအဖျော်ရည်နှင့် သတ္တာဟကာလိကတွင် ပါဝင်သော ကြံရည်၊ ထန်းရည်ချိုဖျော်ရည် စသည်ကို မွတ်သိပ်ခြင်း အကြောင်းကြောင့် ဆာ၍ သောက်လျှင် အပြစ် မရှိပါ၊ အကြောင်းမဲ့သက်သက် သောက်လျှင် အာဟာရ အကျိုးငှာ သောက်ရာရောက်၍ အပြစ်ရှိပါသည်။
သတ္တာဟကာလိကဆေးဝါး၊ ယာဝဇီဝိက လျက်ဆား စသည်တို့ကို လေထခြင်း၊ လေနာခြင်း၊ အားနည်းခြင်း စသော ရောဂါကြောင့် စားသုံးလျှင် အပြစ်မရှိပါ။ အကြောင်းမဲ့ ဖြစ်စေ၊ ဆာလောင်ခြင်းကြောင့်ဖြစ်စေ စားသုံးလျှင်မူ အပြစ်ရှိပါသည်။
ဤအပိုင်းမှာ ရဟန်းတော်တို့အပိုင်း ဖြစ်ပါသည်။ ကပ္ပိယကာရကတို့အနေဖြင့် သိရှိထားရန် အတွက်သာ ဖြစ်ပါသည်။ ထိုသို့သိရှိထားမှသာ အချိန်ကာလအလိုက် သင့်လျော်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ခဲဖွယ်ဘောဇဉ်နှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ ရဟန်းတော်များနှင့် ပတ်သက်၍ အဓိကအားဖြင့်-
ဝိကာလဘောဇနသိက္ခာပုဒ်အရ ကာလိကလေးပါး၊
ဘူတဂါမသိက္ခာပုဒ်အရ ကပ္ပိခြင်း၊
ဒန္တပေါဏသိက္ခာပုဒ်အရ ဆက်ကပ်ခြင်း၊ သန္နိဓိကာရကသိက္ခာပုဒ်အရ သိမ်းဆည်းခြင်း-
တို့သည် အရေးပါလှသည်။ ကပ္ပိယကာရကတို့အနေဖြင့် အထူးသဖြင့် ထိုအချက် လေးချက်တို့ကို ပီပြင်စွာ နားလည် ထားမှ လုပ်ငန်းဆောင်ရွက်ရန် ကြိုတင်စီမံနိုင်ပါလိမ့်မည်။ [၁]
သိုမှီးသိမ်းဆည်းခြင်း
ပြင်ဆင်ရန်အကပ်ခံပြီးသော ခဲဖွယ်ဘောဇဉ်များကို လူသာမဏေတို့အား မစွန့်ဘဲ တစ်ညဥ့်လွန်အောင် ကိုယ်တိုင်သိမ်းဆည်း၍ ရဟန်းတော်များ မသုံးဆောင်ကောင်းပေ။ ထိုခဲဖွယ်ဘောဇဉ်တို့ကို ရဟန်းတော်ကိုယ်တိုင် သိမ်းဆည်းထားလျှင် သန္နိ ဖြစ်သည်ဟု ခေါ်သည်။ ရဟန်းတော်တို့သည် ယာဝကာလိက ဆွမ်း ဘောဇဉ် ခဲဖွယ် မုန့်ပဲ သွားရေစာ အသီးအနှံတို့ကို အကပ်ခံပြီးနောက် ကပ္ပိယတို့အား မစွန့်ဘဲ နောက်တစ်နေ့ထိ သိမ်းထားမိလျှင် သန္နိဓိ ဖြစ်သွားသည်။ ကပ္ပိယကာရကတို့က ရဟန်းတော်အရေအတွက်ကို လိုက်၍ဖြစ်စေ၊ ရဟန်းတော်တစ်ပါး၏ ဘုဉ်းပေးသုံးဆောင်နိုင်မှုကို လိုက်၍ဖြစ်စေ လိုသလောက်ကိုသာ ခွဲဝေစိစစ်၍ ဆက်ကပ်ကြရပေမည်။
အလှူအတန်း ပွဲလမ်းသဘင်များ၌လည်း ယာဝကာလိက အစားအစာများကို တစ်ခါတည်း မဆက်ကပ်မိကြရန် စီမံကြရပေမည်။ မုန့်ဘူးများ၊ အသားဘူးများ၊ ငါးသေတ္တာ၊ ငါးခြောက်၊ ပုဇွန်ခြောက်များ၊ ငါးပိ ငံပြာရည်များ စသည့် ယာဝကာလိက ပစ္စည်း ဝတ္ထုများမှာ အကပ်ခံပြီးပါက မျှော်လင့်ချက်မထားဘဲ ကပ္ပိယတို့ကို မစွန့်လျှင် သန္နိဓိ ဖြစ်သွားပါသည်။ သံဃာတော်တို့ကို လွယ်လင့်တကူ သုံးစွဲစေ လိုသော စေတနာ၊ သာဟတ္ထိက ကိုယ်ထိလက်ရောက် လှူလိုသော သဒ္ဓါတို့ကြောင့် ရဟန်းတော်များအဖို့ အပြစ် ရတတ်ကြပါသည်။ ထိုသို့ သန္နိအပြစ် မဖြစ်စေရေးအတွက် ကပ္ပိယကာရကတို့က စနစ်တကျ သိုမှီး သိမ်းဆည်းတတ်ရ ပေမည်။ ကပ္ပိယတို့ စနစ်တကျ သိမ်းဆည်းပေးခြင်း၊ နောက် တစ်နေ့တွင် ပြုပြင် ခြင်းဖြင့် ရဟန်းတော်တို့လည်း နေ့စဉ် ဘုဉ်းပေးနိုင်ပြီး အပြစ်လည်း ကင်းစင်နိုင်သဖြင့် သာသနာတော်အတွက် အလေးအနက်ထားကာ လိုက်နာ သင့်ကြပေသည်။ [၁]
သပိတ် ပန်းကန် စင်ကြယ်အောင် ဆေးပါ
ပြင်ဆင်ရန်သပိတ် ပန်းကန်တို့၌ ထည့်၍ စားပြီးနောက် စင်ကြယ်စွာ မဆေးလျှင် ဆီစသော အာမိသကလေးများသည် ငြိကပ် ကျန်နေတတ်၏။ ထိုဆီ စသော အာမိသတို့သည် သန္နိဓိ ဖြစ်သွားကြပြီ ဖြစ်သည်။ ထိုသန္နိဓိအာမိသများသည် နက်ဖြန်နံနက်၌ ဆွမ်းပူ ဟင်းပူနှင့် ရောမိကာ ရဟန်းတော်၏ ခံတွင်းသို့ ဝင်သွားလျှင် သန္နိဓိအာမိသတို့အတွက် အပြစ်သင့်လေသည်။ ထို့ကြောင့် သပိတ် ပန်းကန်တို့၌ ဆီ စသော အာမိသ မကျန်ရအောင် စင်ကြယ်စွာ ဆေးကြရသည်။ ကွဲအက်ကြောင်းရှိသော သပိတ်ပန်းကန်များကိုလည်း ဖာထေး၍မှ အကောင်းမဖြစ်လျှင်တော့ စွန့်ပစ်ကြရမည်။ [၁]
စွန့်လျှင် သန္နိဓိ မဖြစ်
ပြင်ဆင်ရန်အကပ်ခံပြီးနောက် ခဲဖွယ်ဘောဇဉ်များကို လူ သာမဏေတို့အား အာလျပြတ်ငဲ့ကွက်မှုမရှိဘဲ စွန့်ပေး လိုက်လျှင် သန္နိဓိ မဖြစ်တော့ပေ။ နက်ဖြန်နံနက်၌ ထိုလူ သာမဏေတို့ သိမ်းဆည်းထားအပ်သော အာမိသကို ထိုလူ သာမဏေတို့ထံမှတဖန် အကပ်ခံ၍ စားကောင်း၏။ သို့သော် စွန့်သောအခါ၌ကား အနပေက္ခဝိသဇ္ဇန” “ထိုအာမိသကို ငါမစားတော့ပြိ”ဟု မငဲ့မကွက် (ငဲ့ကွက်စိတ် လုံးဝ မရှိဘဲ) စွန့်လိုက်ပေးလိုက်မှသာ စွန့်ရာရောက်သည်။
သန္နိဓိနှင့် စပ်၍ အောက်ပါအချက်များကို သတိပြုရပေမည်။ သပိတ်၊ ပန်းကန်ခွက်၊ လက်ဖက်ရည်ကရား စသည် များ၌ ထည့်၍ စားသောက် ဘုဉ်းပေးပြီးနောက် သပိတ် ခွက် စသည်နှင့်တကွ အကြွင်းအကျန်ကို လူသာမဏေ ကပ္ပိယတို့အား မပေးမစွန့်ဘဲ ထိုသပိတ်ခွက် စသည်တို့ကို ကိုယ်တိုင် ဆေးရာဝယ် မစင်ကြယ်၍ အာမိသကျန်နေလျှင် နက်ဖြန် နံနက်၌ အခြားအာမိသနှင့် ရောနှော၍ ဝမ်းတွင်းသို့ ပါသွားပါက အပြစ်ရှိလေသည်။ ထို့ကြောင့်ပင် အချို့ကျောင်းများ၌ ညနေတိုင်း သပိတ်ပန်းကန်ခွက်တို့ကို ဆေးကြောခြင်းကို ဝတ်တစ်ခုအနေဖြင့် ဆေးကြောရလေသည်။
ထို့ပြင် သပိတ် ခွက် စသည်တို့ကို လူသာမဏေတို့အား ပေးစွန့်လိုက်လျှင် ထိုသူတို့ ဆေးကြော၍ မစင် ကြယ်သော်လည်း သန္နိဓိ မဖြစ်တော့ပေ။ သို့ရာဝယ် ထိုအာမိသအဆီ ကပ်ကျန်နေခဲ့သော သပိတ် ပန်းကန်တို့ကို အသုံးပြုလိုလျှင် အကပ်ခံရမည်။ အကပ်မခံဘဲ ကိုင်တွယ်လျှင် အပြစ်ရှိနိုင်သည်။ အကပ်မခံဘဲ ထိုသပိတ် ခွက် စသည်တို့ကို အသုံးပြု၍ ဘုဉ်းပေးလျှင် အပြစ်ရှိနိုင်သဖြင့် ကပ္ပိယကာရကတို့က အမြဲတမ်း သင့်ပေသည်။ [၁]
ဖျော်ရည်တို့ကို အပ်စပ်အောင်သိမ်းဆည်းခြင်း
ပြင်ဆင်ရန်အကပ်ခံထားသော ယာမကာလိက ဖျော်ရည်များကိုလည်း တစ်ညဥ့်လွန်ပြီးနောက် နောက်တစ်နေ့နံနက်၌ စားသောက်လျှင် သန္နိဓိ ဖြစ်နိုင်သည်။ သို့ဖြစ်၍ ဖျော်ရည်များကို ဆက်ကပ်ရာ၌ ကုန်နိုင်သလောက် ချင့်ချိန်၍ လိုအပ် သလောက်ကိုသာ ဆက်ကပ်ရပေမည်။ အလှူပွဲများ၌လည်း ယာမကာလိကဖျော်ရည်ဘူးများကို တခါတည်း ဆက်ကပ်မှု မပြုလုပ်ကြဘဲ ကပ္ပိယမှတဆင့် လှူဒါန်းကြရန် သင့်လှပေသည်။ အများအပြား တစ်ခါတည်း ဆက်ကပ်လိုက်ပါက စွန့်လျှင် စွန့်၊ မစွန့်လျှင် သန္နိဓိ ဖြစ်နိုင်ပေသည်။
ကပ္ပိယကာရကတို့အနေဖြင့် ရဟန်းတော်များအတွက် ရည်မှန်းထားသောဖျော်ရည်များ၊ ဖျော်ရည်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန် အထူးလိုအပ်ပေသည်။ သံဃာတော်များအတွက် ရည်မှန်းထားသော ဖျော်ရည်များ မဖိတ်မစဉ် မလွင့်မပျောက် မပျက်မစီး အချီးနှီး ဖြစ်မသွား စေရန် ကြိုးပမ်းရပေမည်။ အချိန်မီ သံဃာတော်တို့ ဘုဉ်းပေး နိုင်ရန် စီမံရမည်။ [၁]
ဆေးပစ္စည်းတို့ကို အပ်စပ်အောင် သိမ်းဆည်းခြင်း
ပြင်ဆင်ရန်သတ္တာဟကာလိကဖြစ်သော ဆေး(၅) မျိုးနှင့် ယခု ခေတ်ပေါ်ဆေးမျိုးများသည် တစ်ခါ အကပ်ခံပြီးပါက (၇) ရက်ထိ သုံးစွဲနိုင်သည်။ ထိုရက်ကို ကျော်လွန်သွားပါက သန္နိဓိ ဖြစ်သွားလေသည်။ သန္နိဓိဖြစ်ပြီးသောဆေးဝါးများကို သံဃာတော်တို့ မသုံးဆောင်ကောင်းပေ။ သို့ဖြစ်၍ ကပ္ပိယ ကာရကတို့သည် ဆေးဝါးများကို စနစ်တကျ ဆက်ကပ်ရန်နှင့် သိမ်းဆည်းရန် တာဝန်ရှိလာပါသည်။
ကပ္ပိယကာရကတို့သည် သဒ္ဓါ၊ စေတနာ၊ ဉာဏ်ပညာ၊ ကြိုးစားမှု ဝီရိယနှင့် အစဉ်သတိရှိသော သူများ ဖြစ်သင့် ကြသည်။ သံဃာ့တာဝန်ကို ထမ်းဆောင်ရာ၌ မညည်းမညူ ကြည်ဖြူစွာ ထမ်းဆောင်သင့်ကြသည်၊ စေတနာ သဒ္ဓါ အပြည့်ဖြင့် ထမ်းဆောင်သင့်ကြသည်။ သံဃာတော်တို့ အပြစ် ကင်းစင်ရေးသည် ကပ္ပိယတို့အပေါ်တွင် တည်မှီနေသည်။ သို့ဖြစ်၍ ဆွမ်း၊ ကွမ်း၊ ဖျော်ရည်တို့ကို စနစ်တကျ သိမ်းဆည်းသလိုပင် ဆေးပစ္စည်းများကို ဆက်ကပ်ရာ၊ သိမ်းဆည်းရာ၌လည်း စနစ်တကျ ရှိရပေမည်။ [၁]