ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန်

ဗဟိုဥရောပ နွေရာသီစံတော်ချိန်(အင်္ဂလိပ်: Central European Summer Time)(CEST)၊ အချို့အခြေအနေများ၌ ဗဟိုဥရောပ နေ့အလင်းရောင်ထိန်းသိမ်းသော စံတော်ချိန်(Central European Daylight Time၊ CEDT))ဟု ညွှန်းဆို၊ ကို ဗဟိုဥရောပ စံတော်ချိန်(CET; UTC+01:00)အား အသုံးပြုသော အချို့သော ဥရောပနိုင်ငံများတွင် နွေရာသီ နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်အဖြစ် အသုံးပြုကြသည်။ ၎င်းသည် UTC+02:00နှင့် ကိုက်ညီမှရှိပြီး အရှေ့ဥရောပ စံတော်ချိန်ဗဟိုအာဖရိက စံတော်ချိန်တောင်အာဖရိက စံတော်ချိန်အီဂျစ် စံတော်ချိန်နှင့် ရုရှားနိုင်ငံတွင် အသုံးပြုသော ကာလင်နင်ဂရတ်ဒေသစံတော်ချိန်တို့နှင့်လည်း တူညီသည်။[၁]

ဥရောပတိုက်ရှိ အချိန်ဇုန်များ:
ခရမ်းရောင်ဖျော့ဖျေ အနောက်ဥရောပ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC)
ခရမ်းရောင် အနောက်ဥရောပဒေသ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC)
အနောက်ဥရောပဒေသ နွေရာသီစံတော်ချိန် / ဗြိတိသျှ နွေရာသီစံတော်ချိန် / အိုင်းရစ် စံတော်ချိန် (UTC+1)
အနီရောင် ဗဟိုဥရောပဒေသ စံတော်ချိန် (UTC+1)
ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+2)
အဝါရောင် အရှေ့ဥရောပဒေသ စံတော်ချိန် / ကာလင်နင်ဂရတ်ဒေသ စံတော်ချိန် (UTC+2)
ရွှေ အရှေ့ဥရောပဒေသ စံတော်ချိန် (UTC+2)
အရှေ့ဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+3)
အစိမ်းရောင်ဖျော့ဖျော့ မော်စကို စံတော်ချိန် / တူရကီ စံတော်ချိန် (UTC+3)
အရောင်ဖျော့များသည် တနှစ်ပတ်လုံး စံတော်ချိန် တစ်ခုတည်းသာ အသုံးပြုသော ဒေသများအား ရည်ညွှန်းပြီး အရောင်ရင့်များသည် နွေရာသီစံတော်ချိန်အား အသုံးပြုသော ဒေသများအား ရည်ညွှန်းသည်။

အမည်များ ပြင်ဆင်ရန်

ဗဟိုဥရောပ နွေရာသီစံတော်ချိန်အား အခြားသောအမည်များအဖြစ် အလယ်ဥရောပ နွေရာသီစံတော်ချိန်(Middle European Summer Time၊ MEST)[၂]၊ ဗဟိုဥရောပ နေ့အလင်းရောင်ထိန်းသိမ်းသော စံတော်ချိန်(Central European Daylight Saving Time၊ CEDT)[၃] နှင့် ဘရာဗိုချိန် (နေတိုး သဒ္ဒဗေဒအက္ခရာ၏ ဒုတိယမြောက်အက္ခရာ) အစရှိသဖြင့် အသုံးပြုကြသည်။[၄]

အသုံးပြုသည့်ကာလ ပြင်ဆင်ရန်

၁၉၉၆ ခုနှစ်မှစ၍ ဥရောနွေရာသီစံတော်ချိန်အား 01:00 UTC (02:00 CET နှင့် 03:00 CEST) တွင် မတ်လ နောက်ဆုံးတနင်္ဂနွေနေ့နှင့် 01:00 UTC တွင် အောက်တိုဘာလ နောက်ဆုံးတနင်္ဂနွေနေ့အတွင်း ဥရောပသမဂ္ဂအတွင်းရှိ နိုင်ငံများတွင် တသမတ်တည်းမဟုတ်ပဲ သတ်မှတ်ခဲ့သည်။[၅]

၂၀၂၁ မှစ၍ ဥရောပတွင် နွေရာသီစံတော်ချိန်အား ပယ်ဖျက်ပြီး ဆောင်းရာသီစံတော်ချိန်အား တနာရီရှေ့တိုး၍ တနှစ်ပတ်လုံး အချိန်အား ထိန်းသိမ်းရန် အဆိုပြုချက်များ ရှိခဲ့သည်။[၆]


အသုံးပြုမှုများ ပြင်ဆင်ရန်

ဖော်ပြပါနိုင်ငံများနှင့် ဒေသများအတွင် ပုံမှန်အားဖြင့် ဗဟိုဥရောပ နွေရာသီစံတော်ချိန်အား အသုံးပြုကြသည်။[၇]

ဖော်ပြပါနိုင်ငံများတွင် ယခင်က ဗဟိုဥရောပ နွေရာသီစံတော်ချိန်အား အသုံးပြုခဲ့သည်။

ဆက်လက်ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. CEST time now (in en-US)။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  2. Time zone names- Middle European Daylight, Middle European Summer, Mitteieuropaische Sommerzeit (german)။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. CEDT - Central European Daylight Time: Current local time (in en)။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. B – Bravo Time Zone (Time Zone Abbreviation) (in en)။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  5. Joseph Myers (2009-07-17)။ History of legal time in Britain။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  6. "European parliament votes to scrap daylight saving time from 2021"၊ The Guardian၊ 26 March 2019။ 
  7. CEST – Central European Summer Time (Time Zone Abbreviation) (in en)။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။