အိမ်စောင့်အစိုးရ (၁၉၅၈)

(ဦးနေဝင်းအစိုးရ မှ ပြန်ညွှန်းထားသည်)

အိမ်စောင့်အစိုးရ သည် ၁၉၅၈-ခုနှစ်တွင် အာဏာရ အရပ်သားဝန်ကြီးချုပ် ဦးနုထံမှ နိုင်ငံတော်အာဏာကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းမှ လွှဲပြောင်းရယူပြီးနောက် ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ဖြစ်သည်။ ဤအစိုးရမှာ မြန်မာ့သမိုင်းတွင် ပထမဆုံးသော အိမ်စောင့်အစိုးရအဖွဲ့ဖြစ်သည်။ ၁၉၆၀-ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပြီးနောက် အနိုင်ရရှိခဲ့သော ဦးနုကို အာဏာ ပြန်လွှဲပေးခဲ့သည်။[၁]

အိမ်စောင့်အစိုးရ

အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ
၁၉၅၈ – ၁၉၆၀
အကြီးအကဲများ
ဖွဲ့စည်းရက်စွဲ၂၈ ​အောက်တိုဘာ ၁၉၅၈
ဖျက်သိမ်းရက်စွဲဧပြီ ၁၉၆၀
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
နိုင်ငံတော်ခေါင်းဆောင်မန်းဝင်းမောင်
အစိုးရခေါင်းဆောင်ဗိုလ်ချုပ်ကြီးနေဝင်း (ဝန်ကြီးချုပ်)
ဒုတိယ ခေါင်းဆောင်
  • ဦးသိမ်း​မောင် (၁၉၅၈-၁၉၅၉) (ဒုတိယဝန်ကြီးချုပ်)
  • ဦးလွန်း​ဘော် (၁၉၅၉-၁၉၆၀) (ဒုတိယဝန်ကြီးချုပ်)
အဖွဲ့ဝင် ပါတီတပ်မတော်

အိမ်စောင့်အစိုးရသည် အောက်ပါလုပ်ငန်းစဉ်လေးရပ်ကို ချမှတ်၍ အုပ်ချုပ်ခဲ့သည်။[၂]

  1. တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး
  2. တရားဥပဒေပြန်လည်စိုးမိုးလာပြီး နိုင်ငံရေးပါတီများကလည်း ကူညီဆောင်ရွက်မည်ဆိုလျှင် ခြောက်လအတွင်း လွတ်လပ်၍တရားမျှတသော ပါလီမန်ရွေးကောက်ပွဲကျင်းပရေး
  3. နေထိုင်စားသောက်မှုစရိတ် လျှော့ချပေးရေး
  4. နိုင်ငံအတွင်းစီးပွားရေးပျက်ပြားနေခြင်းကို ပြန်လည်ပြုပြင်ရေး

သမိုင်းကြောင်း ပြင်ဆင်ရန်

အာဏာရ ဖဆပလပါတီသည် ၁၉၅၈ခုနှစ် ဧပြီလတွင် သန့်ရှင်း နှင့် တည်မြဲ ဟူ၍ နှစ်ခြမ်းပြိုကွဲပြီးနောက် နိုင်ငံရေး အခြေအနေများ ရှုပ်ထွေးနေခဲ့သည်။၁၉၅၈ခုနှစ် စက်တင်ဘာ ၂၆ရက်နေ့ နံနက်တွင် တပ်မတော်မှ ဗိုလ်မှူးကြီးအောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးမောင်မောင်တို့က ဦးနု၏ နေအိမ်သို့ လာရောက် တွေ့ဆုံခဲ့ကြသည်။ ညနေပိုင်းတွင် အာဏာရ သန့်ရှင်းဖဆပလ အလုပ်အမှုဆောင် အစည်းအဝေး၊ လက်ရှိ အစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေးတို့ကို ဆက်တိုက် ကျင်းပခဲ့သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်နေဝင်းမှ ခေတ္တလာရောက်တွေ့ဆုံခဲ့သည်။ ဝန်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်အရ စက်တင်ဘာ ၂၈ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်အဖြစ် တင်သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။[၁]အာဏာရ ဝန်ကြီးချုပ် ဦးနုက စစ်သေနာပတိချုပ် ဗိုလ်ချုပ်နေဝင်းထံသို့ ယာယီအိမ်စောင့်အစိုးရ ဖွဲ့စည်းပြီး တိုင်းပြည်အား ထိန်းသိမ်းရန် စာဖြင့် အကြောင်းကြားခဲ့သည်။ ထိုစာတွင် ၁၉၅၉ခုနှစ် ဧပြီလ နောက်ဆုံးထား၍ ၆လအတွင်း ရွေးကောက်ပွဲကျင်းပရန် ပါဝင်ခဲ့သည်။

ထို့နောက် ၁၉၅၈ခုနှစ် အောက်တိုဘာလတွင် အိမ်စောင့်အစိုးရဖွဲ့စည်းကာ ရန်ကုန်မြို့ရှိ သမ္မတအိမ်တော်၌ ကျမ်းကျိန်ခဲ့ကြသည်။ လွှတ်တော်များကို ဖျက်သိမ်းခြင်းမရှိခဲ့ပေ။ဤအစိုးရအဖွဲ့တွင် တပ်မတော်မှ အနည်းငယ်သာ ပါဝင်ပြီး အရပ်သားဝန်ကြီးများနှင့် ဒေသခံခေါင်းဆောင်များ အများစု ပါဝင်ကြသည်။

သတင်းစာများတွင် ဦးနုက နုတ်ထွက်ကာ ဗိုလ်ချုပ်နေဝင်းကို အာဏာ ခေတ္တလွှဲပြောင်းပေးခဲ့သည် ဆိုသော်လည်း အချို့ကမူ အာဏာသိမ်းယူသည်ဟု သတ်မှတ်ကြသည်။[၃]လွတ်လပ်ရေးရရှိသည့် ၁၉၄၈ခုနှစ်မှစတင်ကာ နိုင်ငံရေးအယူဝါဒကွဲပြားမှုများလည်း ကြီးမားလာခဲ့ကြသည်။ဦးနုနှင့် ကွဲပြားခဲ့သော တည်မြဲဖဆပလမှ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့နှင့် သင့်မြတ်ကြသည့် ဆိုရှယ်လစ် စစ်ဗိုလ်အချို့က အာဏာသိမ်းရန် ကြံစည်ခဲ့ကြသည်ဟု အချို့ကဆိုကြသည်။[၄]တပ်မတော်ဘက်မှ ဗိုလ်မှူးကြီးအောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးမောင်မောင်၊ ဦးနုဘက်မှ ဦးအုန်းတို့က စေ့စပ်ညှိနှိုင်းခဲ့ကြသည်။ စေ့စပ်မှုများအရ လွှတ်တော်များကို ဖျက်သိမ်းခြင်းမပြုရန်နှင့် ၆လအကြာတွင် ရွေးကောက်ပွဲကျင်းပရန် ဦးနုမှ တောင်းဆိုကာ အာဏာလွှဲပေးခဲ့သည်။[၅][၆][၇]

အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ခုနှစ် ဧပြီလ ၂၉ရက်တွင် ရှမ်းပြည်စော်ဘွား ၃၄ဦးအာဏာစွန့်လွှတ်ခဲ့ကြသည်။ တောင်ကြီးမြို့တွင် သမ္မတ မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်နေဝင်းတို့၏ ရှေ့၌ လက်မှတ်ရေးထိုးကာ အာဏာစွန့်ခဲ့ကြပြီး ပြည်သူ့အုပ်ချုပ်ရေး စတင်ခဲ့သည်။[၈]

၁၉၅၉ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ဖြစ်သော်လည်း ၁၉၆၀ပြည့်နှစ် ဖေဖော်ဝါရီလတွင်မှ ရွေးကောက်ပွဲ ပြန်လည်ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် ဦးနုကပင် ပြန်လည်အနိုင်ရကာ ပထစအစိုးရကို ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ၂နှစ်အကြာ ၁၉၆၂ခုနှစ် မတ်လတွင် တပ်မတော်မှ အာဏာသိမ်းပိုက်ခဲ့သည်။

အစိုးရအဖွဲ့ ပြင်ဆင်ရန်

စဉ် အမည် ဝန်ကြီးဌာန
ဗိုလ်ချုပ် နေဝင်း
ဦးသိမ်းမောင် (၁၉၅၈-၁၉၅၉)
ဦးလွန်း​ဘော် (၁၉၅၉-၁၉၆၀) ဒုတိယဝန်ကြီးချုပ်
ဦးခင်မောင်ဖြူ ပြည်ထဲရေးဝန်ကြီးဌာနပြန်ကြားရေးဝန်ကြီးဌာနလူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာန
ဦးချန်ထွန်းအောင် တရားရေးဝန်ကြီးဌာန
ဦးကျော်ငြိမ်း ဘဏ္ဏာရေးနှင့် အခွန်တော်ဝန်ကြီးဌာန
ဦးဘကြား သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန
ဦးစံညွန့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
ဦးကာ ပညာရေးဝန်ကြီးဌာန၊ သစ်တောဝန်ကြီးဌာန
ဦးချစ်သောင်း စက်မှုလက်မှုဝန်ကြီးဌာနအလုပ်သမားဝန်ကြီးဌာန
၁၀ စဝ်ဝဏ္ဏ ကယားပြည်နယ်ဝန်ကြီး
၁၁ စဝ်ဟုန်ဖေ ရှမ်းပြည်နယ်ဝန်ကြီး
၁၂
  • ထန်လျံ
  • ရာလ်မှုန်း[၉]
ချင်းဝန်ကြီး
၁၃ စောလှထွန်း ကရင်ဝန်ကြီး
၁၄ ဒူးဝါးဇော်လွန်း ကချင်ပြည်နယ်ဝန်ကြီး

[၁၀][၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ဗိုလ်ချုပ်ကြီးနေဝင်း၊ ပထမအိမ်စောင့်အစိုးရနဲ့ ပညာရှင်နိုင်ငံရေး
  2. ဒသမတန်းမြန်မာ့သမိုင်း။ ပညာရေးဝန်ကြီးဌာန။ ၂၀၁၉။ p. ၇၆။
  3. ၁၉၈၈ တတိယ စစ်အာဏာသိမ်းမှု
  4. မြန်မာပြည်မှာ သိမ်းသည်၊ တပ်မတော်၊ ဒီမိုကရေစီနဲ့ နိုင်ငံရေးသံသရာ
  5. ပါမောက္ခ ဗိုလ်မှူးချုပ်မောင်မောင်၊ မြန်မာ့တပ်မတော်ကို ပုံဖော်သူ
  6. အိမ်စောင့်အစိုးရ အသုံးအနှုန်းက ရှည်ကြာသော စစ်အာဏာရှင်စနစ် ထူထောင်ရန် ရည်ရွယ်လိုပုံ ရ
  7. ဝန်ကြီးတွေ ဆေးတံသောက်တဲ့လွှတ်တော်၊ ဘက်ဂျက်နဲ့ အာဏာလုပွဲ
  8. စော်ဘွားတို့ အာဏာစွန့်ချိန်
  9. ဝန်ကြီးပြီးတော့ သူပုန်၊ သူပုန်ပြီးတော့ ဝန်ကြီး- မြန်မာ့နိုင်ငံရေး ဝင်္ကပါခရီး
  10. ကိုဝင်း(အမရပူရ)။ အကွဲအပြဲနှင့် မသဲမကွဲမြန်မာပြည်