၁၁၀၇ စစ်ဆင်ရေး
မြန်မာပြည်တွင်းစစ်၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ၇ နိုဝင်ဘာ ၂၀၂၃ – လက်ရှိ
(4 months, 3 weeks and 3 days)
နေရာကယားပြည်နယ်
ပဲခူးတိုင်းဒေသကြီး
အခြေအနေ ဖြစ်ပွားနေဆဲ
နယ်နမိတ်
ပြောင်းလဲမှုများ
မယ်စဲ့မြို့နှင့် လွိုင်ကော်တက္ကသိုလ်အား တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်
စစ်ရင်ဆိုင်သည့် နိုင်ငံများ
 တပ်မတော် ကရင်နီ နှင့် ပီဒီအက်(ဖ်) ပူးပေါင်းတပ်များ
တပ်မှူးများနှင့် ခေါင်းဆောင်များ
ပါဝင်သည့် တပ်ဖွဲ့များ

တပ်မတော်

စစ်အင်အား
မသိရှိရ မသိရှိရ
အသေအပျောက်
၇၀ ကျော် သေဆုံး
၃၈ဦးလက်နက်ချ[၁]
၄ ဦး သေဆုံး
၃၄ ဦးကျော် သေဆုံး
၅၀ကျော် ဒဏ်ရာရ

၁၁၀၇ စစ်ဆင်ရေး သည် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးကရင်နီ တပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့က တပ်မတော်အား တိုက်ခိုက်လျက်ရှိသည့် ပူးပေါင်းစစ်ဆင်ရေးတစ်ရပ် ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံသည့်အနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ခဲ့သော စစ်ဆင်ရေး ဖြစ်သည်။[၄][၅]

အချိန်မှတ်တမ်း ပြင်ဆင်ရန်

နိုဝင်ဘာ ၇ ပြင်ဆင်ရန်

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ခဲ့ပြီး ပန်တိန်းရွာအနီးရှိ နယ်ခြားစောင့်တပ်ခစန်းအပါအဝင် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ စခန်းသုံးခုကို ကရင်နီပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့သည်။[၁][၆] စစ်ကောင်စီဖက်မှ ၇၀ ကျော်သေဆုံးခဲ့ပြီး ပူးပေါင်းအဖွဲ့မှ လေးဦး သေဆုံးခဲ့သည်။[၁]

နိုဝင်ဘာ ၁၀ ပြင်ဆင်ရန်

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် လွိုင်ကော်မြို့အနီးတွင် စစ်ကောင်စီ၏ K-8W လေ့ကျင့်ရေးလေယာဉ်တစ်စင်းအား ပစ်ချနိုင်ခဲ့ကြောင်း KNDF က ဆိုသည်။ သို့သော် စက်ချို့ယွင်းမှုကြောင့် ပျက်ကျခြင်းဖြစ်ကြောင်း တပ်မတော်က ဆိုသည်။[၇][၈]

နိုဝင်ဘာ ၁၁ ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ၁၁၁၁ စစ်ဆင်ရေး

နံနက် ၄ နာရီခန့်မှ စတင်ကာ ကရင်နီ တပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့က လွိုင်ကော်မြို့အနီးရှိ စစ်ကောင်စီစခန်းများကို "၁၁.၁၁ စစ်ဆင်ရေး" အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ပူးပေါင်းအဖွဲ့က စစ်ကောင်စီစခန်း ခုနစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။[၉][၁၀][၁၁]

နိုဝင်ဘာ ၁၅ ပြင်ဆင်ရန်

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် KNDF တပ်ဖွဲ့များက လွိုင်ကော်တက္ကသိုလ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၁၀ ခန့် သေဆုံးကာ ၃၈ ဦးမှာ လက်နက်ချခဲ့သည်။[၁၂]

တိုက်ပွဲများကြောင့် လွိုင်ကော်မြို့တွင် အရပ်သား ၃၄ ဦး သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။[၁၂]

အခြားကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ CJ014၊ MPA (2023-11-08)။ Operation 1107 launched in Karenni State: Three military camps captured – killing at least 70 soldiers (in en-GB)။ 2023-11-08 တွင် ပြန်စစ်ပြီး။
  2. Karenni resistance forces launch attacks on junta troops in Kayah State capital (11 November 2023)။ 16 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2023 တွင် ပြန်စစ်ပြီး။
  3. "After attacking military target in Karenni State, KNDF and KNPLF announce launch of ‘Operation 1107’"၊ Myanmar Now၊ 10 November 2023။ 
  4. "ကရင်နီဒေသ ၁၁၀၇ စစ်ဆင်ရေး တိုက်ပွဲ ဆင်နွှဲ" (in my)၊ BBC News မြန်မာ၊ 9 November 2023။ 
  5. "ကရင်နီဒေသ ၁၁၀၇ စစ်ဆင်ရေး စတင်" (in my)၊ ဗွီအိုအေ၊ 8 November 2023။ 
  6. Irrawaddy၊ The (2023-11-08)။ More Myanmar Junta Bases Fall in Coordinated Attacks (in en-US)။ 2023-11-08 တွင် ပြန်စစ်ပြီး။
  7. A military jet crashes in eastern Myanmar. Ethnic resistance groups claim they shot it down (11 November 2023)။ 2023-11-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-11-11 တွင် ပြန်စစ်ပြီး။
  8. Incident Hongdu K-8W Karakorum 3942။ 2023-11-13 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-11-13 တွင် ပြန်စစ်ပြီး။
  9. "စစ်ကောင်စီတိုက်လေယာဉ် ၁စင်း ပစ်ခတ်ခံရပြီး ပျက်ကျ" (in Burmese)၊ DVB၊ 2023-11-12။ 2023-11-12 တွင် ပြန်စစ်ပြီး။ Archived from the original on November 18, 2023။ 
  10. Irrawaddy၊ The (2023-11-14)။ Tens of Thousands Trapped as Myanmar Resistance Strikes Kayah State Capital (in en-US)။ 2023-11-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-11-14 တွင် ပြန်စစ်ပြီး။
  11. Peck၊ Grant။ "A military jet crashes in eastern Myanmar. Ethnic resistance groups claim they shot it down" (in en)၊ 11 November 2023။ 
  12. ၁၂.၀ ၁၂.၁ Irrawaddy၊ The (2023-11-15)။ Kayah Resistance Seizes Myanmar Junta Bases in State Capital (in en-US)။ 2023-11-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-11-15 တွင် ပြန်စစ်ပြီး။