၂၀၁၄ အာရှ အားကစားပြိုင်ပွဲ

၁၇ ကြိမ်မြောက် အာရှအားကစားပွဲတော်

၂၀၁၄ အာရှအားကစားပြိုင်ပွဲ(ကိုရီးယား: 2014년 아시안 게임, ရောမအက္ခရာ: 2014nyeon asian geim, Hanja:2014年 아시안 게임)သည် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၌ ၂၀၁၄ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့မှ အောက်တိုဘာလ ၄ရက်နေ့အထိ ကျင်းပခဲ့သော အာရှအားကစားပြိုင်ပွဲ ဖြစ်သည်။[၁]တောင်ကိုရီးယားနိုင်ငံ အနေနှင့် ၁၉၈၆ ဆိုလ်းပွဲတော်နှင့် ၂၀၀၂ ဘူဆန်ပွဲတော်တို့ကို ၂ကြိမ်တိုင်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်သည်။

၂၀၁၄ အာရှ အားကစားပြိုင်ပွဲ
XVII Asian Games
ကျင်းပရာမြို့ကိုရီးယားသမ္မတနိုင်ငံအင်ချွန်းမြို့
ပါဝင်သော နိုင်ငံများ၄၅
ပါဝင်ဆင်နွဲသော အားကစားသမားများ၉၅၀၁
ကစားပွဲအမျိုးအစား၄၃၉ (၃၆နည်း)
ဖွင့်ပွဲအခမ်းအနား၁၉ စက်တင်ဘာ
ပိတ်ပွဲအခမ်းအနား၄ အောက်တိုဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူပတ်ကွမ်ဟီး
တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ
တရားဝင်ပိတ်သိမ်းပေးခဲ့သူAhmad Al-Fahad Al-Sabah
အာရှ အိုလံပစ်ကောင်စီ၏ ဥက္ကဋ္ဌ
Athlete's Oathအိုဂျင်ဟေး
နမ်ဟွန်ဟီး
Torch Lighterလီယောင်အေး
အဓိကအားကစားကွင်းအင်ချွန်း အားကစားကွင်း
ဝက်ဘ်ဆိုဒ်Official website
၂၀၁၀ ၂၀၁၈  >

၂၀၀၇ခုနှစ် ဧပြီ ၁၇ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ကို ကျော်ကာ အင်ချွန်းမြို့ကို လက်ခံကျင်းပခွင့် ပေးခဲ့သည်။ ထို့ကြောင့် အင်ချွန်းမြို့မှာ ဆိုလ်း၊ ဘူဆန်တို့ပြီးနောက် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် တတိယမြောက် မြို့ဖြစ်လာသည်။

အားကစားပြိုင်ပွဲ တော်တော်များများကို စက်တင်ဘာ ၁၄ရက်ကပင် ကြိုတင် ကျင်းပခဲ့ပြီး နိုင်ငံ အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၉၅၀၁ဦးရှိပြီး အားကစားနည်းပေါင်း ၃၆ခုမှ ပြိုင်ပွဲပေါင်း ၄၃၉ပွဲ ကျင်းပခဲ့သည်။ သမ္မတ ပတ်ကွမ်ဟီးမှ အင်ချွန်းအားကစားကွင်းတွင် အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

တရုတ်၊ တောင်ကိုရီးယား၊ဂျပန်တို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ၎င်းတို့၏ အာရှအားကစားပြိုင်ပွဲ တစ်လျှောက် ပထမဆုံးသော ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့သည်။ ပြိုင်ပွဲအတွင်း ကမ္ဘာ့စံချိန် ၁၄ခု၊ အာရှစံချိန် ၂၇ခု စံချိန်ချိုးနိုင်ခဲ့သည်။ ဂျပန် ရေကူးအားကစားသမား ကိုဆုခဲ ဟာဂီနို က ပြိုင်ပွဲ၏ အကောင်းဆုံး (MVP)အဖြစ် ကြေညာခံခဲ့ရသည်။ [၂]သို့သော် အငြင်းပွားမှုများစွာ ရှိခဲ့သည်။ဤ အားကစားပွဲသည် ငွေကုန်ကြေးကျ နည်းပါးစွာဖြင့် လက်ခံကျင်းပခြင်း အောင်မြင်သည်ဟု ယေဘူယျ ယူဆရပြီး အာရှနိုင်ငံများအကြား ပို၍ အဆင့်အတန်းမြင့်စွာ ယှဉ်ပြိုင်လာနိုင်ခဲ့သည်။[၃]

လက်ခံကျင်းပခြင်း ပြင်ဆင်ရန်

အိမ်ရှင်အဖြစ် ယှဉ်ပြိုင်ခြင်း ပြင်ဆင်ရန်

၂၀၁၄ အာရှအားကစားပြိုင်ပွဲ မဲရလဒ်များ
မြို့ နိုင်ငံ မဲရလဒ်
အင်ချွန်းမြို့   တောင်ကိုရီးယား ၃၂
နယူးဒေလီမြို့   အိန္ဒိယ ၁၃

၂၀၁၄ အာရှ အားကစားပြိုင်ပွဲအတွက် မြို့၂မြို့ ဝင်ရောက် အရွေးခံခဲ့သည်။၂၀၀၆ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် အိမ်ရှင်အဖြစ် တင်သွင်းခဲ့ကြခြင်းဖြစ်သည်။[၄]

၂၀၀၇ခုနှစ် ဧပြီ ၁၇ရက်နေ့တွင် ကူဝိတ်နိုင်ငံ Marriott Hotel တွင် ကျင်းပသော အာရှ အိုလံပစ်ကောင်စီအစည်းအဝေးတွင် ရွေးချယ်ခဲ့ကြသည်။ အဖွဲ့ဝင် ၄၅နိုင်ငံလုံး မဲပေးခဲ့ကြသည်။ ထို့နောက်တွင် အင်ချွန်းမြို့ကို အနိုင်ရကြောင်း ကြေညာခဲ့သည်။

ကြိုတင်ပြင်ဆင်မှုများ ပြင်ဆင်ရန်

အားကစားကွင်းများ ပြင်ဆင်ရန်

 
အင်ချွန်း အာရှဥယျာဉ်

ပြိုင်ပွဲ ယှဉ်ပြိုင်ရာ နေရာ ၄၉နေရာနှင့် လေ့ကျင့်ရန် နေရာ ၄၈နေရာရှိသည်။ ပွဲကျင်းပရာ ၄၉နေရာတွင်၁၀ နေရာမှာ မြို့များတွင်ရှိသည်။ ဂျောင်းဂီပြည်နယ်မှ ၆မြို့နှင့် တွင် ချွန်းဂျူမြို့ နှင့် ဆိုးလ်မြို့တို့ဖြစ်သည်။ အားကစားသမားများနှင့် မီဒီယာများအတွက် အခန်းပေါင်း ၉၅၆၀ကို စီစဉ်ပေးခဲ့သည်။

အဓိက အားကစားကွင်းမှာ အင်ချွန်း အားကစားကွင်းဖြစ်သည်။ ပရိသတ် ၆၁၀၇၄ဦး ဝင်ဆံ့သည်။ အားကစားပြိုင်ပွဲပြီးနောက်တွင် ပရိသတ် ၃၀၀၀၀အထိသာ ဝင်ဆံ့သည်။ အမေရိကန်ဒေါ်လာ ၄၀၀မီလီယံ အကုန်အကျခံကာ တည်ဆောက်ထားသော ဤကွင်းမှာ မူလက ပရိသတ် ၇၀၀၀၀ဆံ့ရန် ရည်ရွယ်ခဲ့သည်။

အာရှ ဥယျာဉ်ရှိ အလံများ

ဆောင်ပုဒ် ပြင်ဆင်ရန်

"Diversity Shines Here" သည် ပြိုင်ပွဲ၏ တရားဝင် ဆောင်ပုဒ်ဖြစ်သည်။၂၀၁၀ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။ ထိုဆောင်ပုဒ်မှာ အာရှတိုက်၏ မတူကွဲပြားလှသော သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဘာသာရေးများကို ပြသည်။ [၅] ကိုရီးယားဘာသာစကားတွင် ဆောင်ပုဒ်မှာ "평화의 숨결, 아시아의 미래" (RR: Pyeonghwaui sumgyeol, asiaui mirae), "အာရှ၏ အသက်ရှူသံ၊ အာရှ၏ အနာဂတ်"ဖြစ်သည်။

ပြိုင်ပွဲ အထိမ်းအမှတ်များ ပြင်ဆင်ရန်

 
လာဘ်ကောင်များကို အာရှဥယျာဉ်အတွင်း တွေ့ရစဉ်

အထိမ်းအမှတ်တံဆိပ် ပြင်ဆင်ရန်

တရားဝင် အထိမ်းအမှတ်တံဆိပ်ကိုလည်း ၂၀၁၀ခုနှစ် နိုဝင်ဘာ ၄ရက်နေ့တွင် ပြသခဲ့သည်။ Aပုံစံများကို စုထားပြီး အတောင်ပံပုံစံ ပြုလုပ်ထားသည်။ အပေါ်တွင် တောက်ပနေသော နေမှာ အာရှလူမျိုးများ၏ ကောင်းကင်ထဲတွင် လက်တွဲနေခြင်းဖြစ်သည်။

လာဘ်ကောင် ပြင်ဆင်ရန်

ဖျံ မောင်နှမ ၃ကောင်ကို ၂၀၁၀ခုနှစ် နိုဝင်ဘာ ၄ရက်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။ အမည်များမှာ Barame (바라메)" ၊ "Chumuro (추므로)" နှင့် "Vichuon (비추온)"တို့ဖြစ်ကာ လေ၊အကနှင့် အလင်းရောင်ဟု ကိုရီးယားဘာသာတွင် အဓိပ္ပာယ်ရသည်။ ထိုဖျံမှာ မြောက်ကိုရီးယားနှင့် နယ်စပ်အနီးရှိ  ဘန်ယောင်းကျွန်းမှ ပုံစံယူထားကာ ပွဲစီစဉ်သူများ၏ ပြောချက်အရ တောင်နှင့် မြောက်တို့၏ အနာဂတ် ငြိမ်းချမ်းရေးအတွက် အထိမ်းအမှတ်ဖြစ်သည်။. [၆]

ပို့ဆောင်ဆက်သွယ်ရေး ပြင်ဆင်ရန်

အင်ချွန်းရထားလမ်း' တိုးချဲ့ ဆောက်လုပ်ရေးကို ၂၀၁၈တွင် ပြီးမည့်အစား အချိန်တိုအောင်လုပ်ခဲ့သည်။ ပြိုင်ပွဲအတွင်း အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ခရီးသည် ဝင်ရောက်မှု များပြားမှုကြောင့် လူဝင်မှုကြီးကြပ်ရေး လုပ်ဆောင်ချက်များကို ခရီးသည်များ စိတ်အနှောင့်အယှက် မဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားသည်။

ဆုတံဆိပ်များ ပြင်ဆင်ရန်

၂၀၁၃ခုနှစ် ဩဂုတ်လ ၁၉ရက်နေ့တွင် ဆုတံဆိပ်များကို အာရှ အိုလံပစ်ကောင်စီမှ အတည်ပြုခဲ့သည်။ ဆုတံဆိပ်၏ ပုံစံမှာ အဝိုင်းပုံဖြစ်သည်။ ထိုအထဲတွင် ပဉ္စဂံပုံစံမှာ အင်ချွန်း၏ Airport ၊ Seaport, Teleport ၊ Leisureport နှင့် Businessport တို့ကို ကိုယ်စားပြုသည်။ ထို ပဉ္စဂံအတွင်းတွင် အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်ပါရှိသည်။၎င်းမှာ အရှေ့မြောက်အာရှ၏ အချက်အချာမြို့ကို ကိုယ်စားပြုသည်။

ကုန်ကျစရိတ်များ ပြင်ဆင်ရန်

ပြိုင်ပွဲအတွက် ကုန်ကျစရိတ်မှာ US$ ၁.၆၂ဘီလီယံရှိသည်။ ကိုရီးယား ဗဟိုအစိုးရက ၁၉%နှင့် အင်ချွန်းအစိုးရက ၇၈.၉% ထည့်ဝင်ကြသည်။ လျာထားငွေ US$ ၁.၃၉ဘီလီယံကို အားကစားကွင်းနှင့် အခြေခံအဆောက်အဦးများ ဆောက်လုပ်ခြင်းနှင့် ၁၁မီလီယံကို လေ့ကျင့်ရေးကွင်းများ ပြုပြင်ခြင်းအတွက် အသုံးပြုခဲ့သည်။၁၀၃မီလီယံကို ပို့ဆောင်ဆက်သွယ်ရေးအတွက် အသုံးပြုခဲ့သည်။

မီးထွန်းညှိတိုင် ပြင်ဆင်ရန်

 
ဖွင့်ပွဲ အခမ်းအနားတွင် မီးထွန်းညှိတိုင် လက်ဆင့်ကမ်း သယ်ဆောင်ခြင်း

မီးရှုးတိုင်မှာ ပထမအကြိမ် အာရှအားကစားပြိုင်ပွဲအိမ်ရှင် နယူးဒေလီမြို့ရှိ Dhyan Chand National Stadiumတွင် နေရောင်ခြည်မှတိုက်ရိုက်ဖြင့် ပရာဗလာပုံစံကြေးမုံမှ၂၀၁၄ခုနှစ် ဩဂုတ်လ ၉ရက်နေ့ကစတင်မီးထွန်းညှိခဲ့သည်

နိုင်ငံအတွင်း မီးစတင်ထွန်းညှိခြင်းကို Manisan ရှိ ဂန်ဟွာကျွန်း တွင် ၂၀၁၄ခုနှစ် ဩဂုတ် ၁၂ရက်နေ့တွင် ကျင်းပခဲ့သည်။ နိုင်ငံတွင်း လက်ဆင့်ကမ်း သယ်ဆောင်ခြင်းကို ဩဂုတ်လ ၁၃ရက်နေ့တွင် စတင်ခဲ့ပြီး မြို့ပေါင်း ၇၀ကို 5,700 km ဖြတ်သန်းခဲ့သည်။

ပွဲများနှင့် အားကစား ပြင်ဆင်ရန်

ဖွင့်ပွဲ အခမ်းအနား ပြင်ဆင်ရန်

 
ဖွင့်ပွဲ အခမ်းအနား

၂၀၁၄ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၄ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့ ည၆နာရီတွင် အင်ချွန်းမြို့ရှိ အင်ချွန်း အားကစားကွင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ သမ္မတ ပတ်ကွမ်ဟီး၊သမ္မတဟောင်း လီမြောင်ဘက်နှင့် ဇနီး၊အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊အာရှ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊တိုကျိုမြို့ အုပ်ချုပ်ရေးမှူး၊ အင်ချွန်းမြို့တော်ဝန်တို့ တက်ရောက်ခဲ့ကြသည်။ ဖျော်ဖြေရေး အစီအစဉ်များ ပြီးနောက် အားကစားသမားများ ချီတက်လာခြင်း၊ ပင်မီးရှူးတိုင်ကို မီးထွန်းညှိခြင်းများ လုပ်ဆောင်ခဲ့သည်။ သမ္မတ ပတ်ကွမ်ဟီးက အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနား ပြီးဆုံးခဲ့သည်။

ပိတ်ပွဲ အခမ်းအနား ပြင်ဆင်ရန်

၂၀၁၄ အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲ အခမ်းအနားကို ၂၀၁၄ခုနှစ် အောက်တိုဘာလ ၄ရက်နေ့ ည၇နာရီအချိန်၌ အင်ချွန်းမြို့ရှိ အင်ချွန်း အားကစားကွင်းတွင် ကျင်းပခဲ့သည်။

၂၀၁၈ ဂျကာတာ-ဖလမ်းပင်ပွဲတော်ကို လက်ခံကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံမှ ကိုယ်စားလှယ်များဖြစ်သော ဂျကာတာမြို့ အုပ်ချုပ်ရေးမှူးနှင့် အနောက်ဂျာဗား အုပ်ချုပ်ရေးမှူးတို့ကို အာရှအားကစားပြိုင်ပွဲ အလံကို လွှဲပြောင်း ပေးအပ်ခဲ့သည်။

ပါဝင်သောနိုင်ငံများ ပြင်ဆင်ရန်

အာရှအိုလံပစ်ကောင်စီအဖွဲ့ဝင် ၄၅နိုင်ငံလုံးပါဝင်ယှဉ်ပြိုင်ကြသည်။

ပါဝင်သော အားကစားနည်းများ ပြင်ဆင်ရန်

၂၀၁၄ အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၃၆မျိုးကို ထည့်သွင်း ကျင်းပခဲ့သည်။

ဆုတံဆိပ်ဇယား ပြင်ဆင်ရန်

  *   အိမ်ရှင်

၂၀၁၈ အာရှအားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
  တရုတ် ၁၅၁ ၁၀၉ ၈၅ ၃၄၅
  တောင်ကိုရီးယား* ၇၉ ၇၀ ၇၉ ၂၂၈
  ဂျပန် ၄၇ ၇၇ ၇၆ ၂၀၀
  ကာဇက်စတန် ၂၈ ၂၃ ၃၃ ၈၄
  အီရန် ၂၁ ၁၈ ၁၈ ၅၇
  ထိုင်း ၁၂ ၂၈ ၄၇
  အိန္ဒိယ ၁၁ ၁၅ ၃၆ ၆၂
  မြောက်ကိုရီးယား ၁၁ ၁၁ ၁၄ ၃၆
  တရုတ် တိုင်ပေ ၁၀ ၁၈ ၂၃ ၅၁
၁၀   ကာတာ ၁၀ ၁၄
၁၁   ဥဇဘက်ကစ္စတန် ၁၄ ၂၂ ၄၅
၁၂   ဘရူနိုင်း ၁၉
၁၃   ဟောင်ကောင် ၁၂ ၂၅ ၄၃
၁၄   မလေးရှား ၁၄ ၁၄ ၃၃
၁၅   စင်ကာပူ ၁၄ ၂၅
၁၆   မွန်ဂိုးလီးယား ၁၂ ၂၁
၁၇   အင်ဒိုနီးရှား ၁၁ ၂၀
၁၈   ကူဝိတ် ၁၂
၁၉   ဆော်ဒီအာရေဗျ
၂၀   မြန်မာ
၂၁   ဗီယက်နမ် ၁၀ ၂၅ ၃၆
၂၂   ဖိလစ်ပိုင် ၁၁ ၁၅
၂၃   ပါကစ္စတန်
  တာဂျစ်ကစ္စတန်
၂၅   အီရတ်
  အာရပ်စော်ဘွားများပြည်ထောင်စု
၂၇   သီရိလင်္ကာ
၂၈   ကမ္ဘောဒီးယား
၂၉   မကာအို
၃၀   ကာဂျစ္စတန်
၃၁   ဂျော်ဒန်
၃၂   တာ့ခ်မင်နစ္စတန်
၃၃   ဘင်္ဂလားဒေ့ရှ်
  လာအို
၃၅   အာဖဂန်နစ္စတန်
  လက်ဘနွန်
၃၇   နီပေါ
စုစုပေါင်း (၃၇နိုင်ငံ) ၄၃၉ ၄၄၅ ၅၇၅ ၁၄၅၉


ဆက်စပ်ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. "2014 Asian Games to promote regional harmony"၊ 2010-06-07။ Archived from the original on 17 July 2011။ 
  2. "Japanese swimmer Kosuke Hagino awarded MVP of Incheon Asian Games"၊ English.news.cn၊ 4 October 2014။ 
  3. "Successful Games launches Asia's golden age of sport"၊ Reuters၊ 4 October 2014။ Archived from the original on 20 September 2015။ 
  4. "India makes formal bid for 2014 Asiad"၊ 2006-02-12။ Archived from the original on 25 December 2018။ 
  5. "2014 Incheon Asian Games announces official slogan"၊ 2010-10-14။ 
  6. Xinhua။ "Mascots, emblem for 2014 Incheon Asian Games unveiled"၊ 2010-11-05။