ဇင်ဝိုင်း
ဇင်ဝိုင်းသည် အကယ်ဒမီနှစ်ဆုရ မြန်မာရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ဥက္ကဋ္ဌအဖြစ် နှစ်ကြိမ်တိုင် ဆောင်ရွက်ခဲ့သည်။
ဇင်ဝိုင်း | |
---|---|
၂၀၁၉တုန်းကဇင်ဝိုင်း | |
မွေးဖွား | ဌေးလွင် ရန်ကုန်၊ မြန်မာ |
နိုင်ငံလူမျိုး | ဗမာ |
အလုပ်အကိုင် | ရုပ်ရှင်သရုပ်ဆောင် |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၈၁–လက်ရှိ |
သားသမီး | မင်းမော်ကွန်း နှင့် အခြားတစ်ဦး |
ရရှိသည့်ဆုများ | ၁၉၉၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု) ၂၀၁၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု) |
အနုပညာလမ်းခရီး
ပြင်ဆင်ရန်အသက် ၁၄ နှစ်အရွယ်၊ ၁၉၇၃ ခုနှစ်တွင် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။[၁] ၁၉၈၁ ခုနှစ်တွင် ရုံတင်သည့် သံယောဇဉ်ဆိုတာရှိတယ် ရုပ်ရှင်တွင် ပွဲဦးထွက်အဖြစ် မို့မို့မြင့်အောင်နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။[၂] ဒါရိုက်တာ မောင်တင်ဦးထံတွင် ခုနစ်နှစ်ခန့် ရုပ်ရှင်ပညာကို သင်ယူခဲ့ပြီး၊[၂] မောင်တင်ဦး၏ ၁၉၈၄ ရုပ်ရှင် သင်္ကြန်မိုးတွင် သက်ထွေးအဖြစ် ပါဝင်သရုပ်ဆောင်ရာမှ[၃] လူကြိုက်များလာခဲ့သည်။[၂] ၁၉၉၁ ခုနှစ်၊ ဒဏ္ဍာရီရုပ်ရှင်တွင် မေသန်းနုနှင့်တွဲဖက်၍ အဓိကဇာတ်ဆောင်အဖြစ် ပထမဆုံး ရိုက်ကူးခဲ့သည်။[၂] ၁၉၉၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် မြင့်မြတ်နှလုံးသားရုပ်ရှင်ဖြင့် ပထမအကြိမ် အကယ်ဒမီဆုကို ရရှိခဲ့သည်။[၄]
ရုပ်ရှင်အစည်းအရုံးကို သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ပြဋ္ဌာန်းပြီးနောက်၊ ၂၀၁၂ ခုနှစ် ဧပြီလတွင် အမှုဆောင်အဖွဲ့ဝင်ရွေးချယ်ရာ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရသည်။[၁] ၂၀၁၄ ခုနှစ်တွင် ကျန်းမာရေးအခြေအနေကြောင့် သက်တမ်းမပြည့်မီ နုတ်ထွက်ခဲ့သည်။[၅] မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်တွင် လေးနှစ်ကြာကျင်းပပြီးမှ[၆] ၂၀၁၁ ခုနှစ်အတွက် အခမ်းအနားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်ခဲ့သည်။[၇] ၂၀၁၂ ခုနှစ်တွင်[၈] ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွဲ့စည်းပေးသည့်[၉] အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့တွင် မင်းထင်ကိုကိုကြီး၊ ဝိုင်း၊ ထွန်းအိန္ဒြာဗို၊ ဒေါက်တာအိအိခိုင်၊ ဇာဂနာ၊ လူမင်းတို့နှင့်အတူ[၁၀] ပါဝင်ခဲ့သည်။[၁၁]
၂၀၁၄ ခုနှစ်တွင် ပြေတီဦး၊ မိုးဟေကို၊ ဝတ်မှုန်ရွှေရည်တို့နှင့်အတူ နှလုံးသားဖြင့်ပြုလုပ်သည် ရုပ်ရှင်တွင် ပါဝင်ခဲ့ပြီး ဒုတိယမြောက် အကယ်ဒမီဆုကို ရရှိခဲ့သည်။[၁၂][၁၃][၁၄] ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် မြန်မာ့ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရာ ထပ်မံရွေးချယ်ခံရသည်။[၁၅]
မြန်မာစစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် နေအိမ်၌ ဖမ်းဆီးခံရသည်။[၁၆] ဇွန်လ ၇ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း အောက်တိုဘာလအတွင်း ပြန်လည်ဖမ်းဆီးခံရသည်။[၁၇][၁၈]
ကိုယ်ပိုင်ဘဝ
ပြင်ဆင်ရန်ဇင်ဝိုင်းကို အငြိမ်းစား ဗိုလ်ချုပ်စိန်လွင်နှင့် ဇနီး ဒေါ်ရီရီရှိန်တို့က ဖွားမြင်သည်။ မွေးချင်းငါးယောက်အနက် စတုတ္ထမြောက်သားဖြစ်ပြီး၊ အမည်ရင်းမှာ ဦးဌေးလွင်ဖြစ်သည်။ ဒေါ်ခင်နွဲ့နွဲ့ထွန်းနှင့် လက်ထပ်ခဲ့ပြီး၊ ကြည်သာဌေးလွင်နှင့် ကျော်ကျော်ဌေးလွင်ဟူသော သားနှစ်ယောက်ထွန်းကားသည်။[၁၉] ကျော်ကျော်ဌေးလွင်မှာ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းပင် ဖြစ်သည်။
ဆုများနှင့် ဆန်ခါတင်စာရင်း
ပြင်ဆင်ရန်Year | Award | Category | Nominated work | Result |
---|---|---|---|---|
၁၉၈၅ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု | သင်္ကြန်မိုး | ဆန်ခါတင် |
၁၉၉၇ | မြင့်မြတ်နှလုံးသား | ဆုရရှိ | ||
၂၀၁၄ | နှလုံးသားဖြင့်ပြုလုပ်သည် | ဆုရရှိ | ||
၂၀၁၆ | ချစ်လှစွာသော အမုန်း | ဆန်ခါတင် | ||
၂၀၁၉ | နိုင်ငံကြီးသား | ဆန်ခါတင် |
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ "ရုပ်ရှင်ရုံ ၁၁၆ ရုံမှာ ၄၉ ရုံပဲ မြန်မာကားပြတယ် - ဦးဇင်ဝိုင်းနှင့် အင်တာဗျူး"၊ The Irrawaddy၊ 6 October 2012။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ "သင်္ကြန်မိုး ဘာကြောင့် နောက်ထပ် မရွာတော့သလဲ"၊ The Irrawaddy၊ 11 April 2014။
- ↑ "သင်္ကြန်မိုးအကြောင်း လူမသိတဲ့ ခြောက်ချက်" (in my)၊ BBC News မြန်မာ။
- ↑ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းမှတ်တမ်း။
- ↑ "မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌသစ်အဖြစ် သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်း တစ်ကျော့ပြန်ရွေးချယ်ခံရ"၊ The Myanmar Times၊ 27 September 2017။ 11 October 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 9 October 2021။
- ↑ Nyein Ei Ei Htwe and Nuam Bwai။ "New winners for Myanmar film awards"၊ 7 January 2013။ 11 October 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 8 August 2017။
- ↑ အကယ်ဒမီ ရန်ကုန်မှာ ကျင်းပမယ် - BBC Burmese - မြန်မာ့ရေးရာ (in my)။
- ↑ "Aung San Film Won’t Screen in Time for General’s Centennial Birthday"၊ The Irrawaddy၊ 13 February 2014။
- ↑ "ဗိုလ်ချုပ်သမီးဆီက အာဏာသိမ်းပေမဲ့ ဗိုလ်ချုပ်ရုပ်ရှင်တော့ဆက်ရိုက်မယ်" (in en)၊ Mizzima Myanmar News and Insight။
- ↑ "ဗိုလ်ချုပ်ရုပ်ရှင်ရဲ့သရုပ်ဆောင်ရွေးချယ်မှုအပေါ် သမိုင်းထဲက ခေါင်းဆောင် တချို့ရဲ့ မိသားစုဝင်တွေ စိတ်ပျက်" (in my)၊ BBC News မြန်မာ၊ 25 September 2019။
- ↑ "ဗိုလ်ချုပ်ရုပ်ရှင်ကို အပြီးသတ်ထုတ်လုပ်ပြသရန် စစ်ကောင်စီ စီစဉ်"၊ The Irrawaddy၊ 17 May 2021။
- ↑ "၂၀၁၄ နဲ့၂ဝ၁၅ ခုနှစ် အတွက် အကယ်ဒမီ ပေးပွဲ" (in my)၊ BBC News မြန်မာ၊ 3 April 2016။
- ↑ "၂၀၁၄-၂၀၁၅ အကယ်ဒမီ ထူးချွန်ဆု ပေးပွဲတွင် နိုင်ငံရေး နှင့် ဆက်နွယ်သည့် ကောင်းကျိုးကိုယ်၌တည်စေမင်း ဇာတ်ကားမှ ဆုများစွာ သိမ်းပိုက်ခဲ့" (in en)၊ Mizzima Myanmar News and Insight။
- ↑ "၂၀၁၄- ၂၀၁၅ အကယ်ဒမီဆုပေးပွဲ" (in my)၊ ဗီြအိုေအ။
- ↑ "ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ်အဖြစ် အကယ်ဒမီဇင်ဝိုင်း ရွေးချယ်ခံရ"၊ ဧရာဝတီ၊ 26 September 2017။
- ↑ "သရုပ်ဆောင် ဒါရိုက်တာ ဇင်ဝိုင်း အဖမ်းခံရ" (in en)၊ Radio Free Asia။
- ↑ "ဖမ်းဆီးထိန်းသိမ်းခံထားရသော သရုပ်ဆောင်ဇင်ဝိုင်း ပြန်လည် လွတ်မြောက်" (in my)၊ Eleven Media Group Co., Ltd။
- ↑ "လျှပ်တပြက်ဆန္ဒပြမှုတချို့ဖြစ်နေဆဲ၊ ရုပ်ရှင်မင်းသားဇင်ဝိုင်းပြန်လွတ်" (in my)၊ VOA Burmese။
- ↑ "ဇင်ဝိုင်း ပြန်လွတ်ပြီဆိုတဲ့ သတင်းမှားတွေကို သားဖြစ်သူ နှစ်ဦး တုံ့ပြန်"၊ ဧရာဝတီ၊ 22 April 2021။
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်အိုင်အမ်ဒီဘီပေါ်ရှိ ဇင်ဝိုင်း