ထွန်းထွန်းနောင်
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။[၁]၂၀၂၀ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီး တပ်မတော်မှဖွဲ့စည်းခဲ့သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ယခင်က အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်သည်။ ၂၀၂၀ပြည့်နှစ်တွင် ၎င်းသည် တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် | |
---|---|
နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၁[၁] | |
ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် |
ကိုယ်ရေး အချက်အလက်များ | |
လူမျိုး | မြန်မာ |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
ထမ်းဆောင်ခဲ့သောတာဝန်များ
ပြင်ဆင်ရန်ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ၁၉၆၃ခုနှစ်တွင် မွေးဖွားခဲ့ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၂၅)မှဖြစ်သည်။[၂] ၎င်းနှင့် အပတ်စဉ်တူ တပ်မတော်အရာရှိအချို့မှာ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တို့ဖြစ်ကြသည်။ ၂၀၁၀ပြည့်နှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မ (၈၈)၏ တပ်မမှူးဖြစ်လာခဲ့သည်။ ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၁၄ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ်ရာထူးဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၃] ၂၀၁၅ခုနှစ် ဩဂုတ်လတွင် အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလတွင် တပ်မတော်အရန်အင်အားသို့ ရောက်ရှိသွားခဲ့ကာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော ငြိမ်းချမ်းရေးကော်မတီတွင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။[၄][၅]
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်မှ အာဏာသိမ်းယူမှုဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးကော်မတီသို့ ရောက်ရှိသွားသော ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၏ ဝန်ကြီးနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အား ခန့်အပ်ခဲ့သည်။[၆]ထို့ကြောင့် သူသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ အစိုးရအဖွဲ့ဝင် ဝန်ကြီးစာရင်းများထုတ်ပြန်။ 21 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2021 တွင် ပြန်စစ်ပြီး။
- ↑ "အောက်တိုဘာ ၉ ရက် ညချမ်း သိသင့်တဲ့သတင်းများ"။
- ↑ "တပ်ချုပ်သစ် ရှာပုံတော်"။ 25 December 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 8 June 2021။
- ↑ "ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဖြစ်လာ"။
- ↑ "ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ"။
- ↑ "ဒုတိယဗိုလ်ချုပ်ကြီးများ ပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်း"။