ဒီပဲယင်းမြို့

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ မြို့
(ဒီပဲယင်း မှ ပြန်ညွှန်းထားသည်)

ဒီပဲယင်းမြို့ သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးရေဦးခရိုင်ရှိ မြို့တစ်မြို့ ဖြစ်သည်။ ဒီပဲယင်းမြို့ကို လယ်တီဆရာတော်၏ အသုံးအနှုံးမှာ ဒီပါရင်း ဖြစ်သည်။

ဒီပဲယင်းမြို့
မြို့
ဒီပဲယင်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဒီပဲယင်းမြို့
ဒီပဲယင်းမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°28′0″N 95°9′0″E / 22.46667°N 95.15000°E / 22.46667; 95.15000ကိုဩဒိနိတ်: 22°28′0″N 95°9′0″E / 22.46667°N 95.15000°E / 22.46667; 95.15000
နိုင်ငံမြန်မာနိုင်ငံ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ရေဦးခရိုင်
မြို့နယ်ဒီပဲယင်းမြို့နယ်
လူဦးရေ (၂၀၁၄)[၁]၄,၃၀၈
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သမိုင်းကြောင်း ပြင်ဆင်ရန်

ရွှေဘိုမြို့၏ အနောက်ဘက် ကီလိုမီတာအနည်းငယ်အကွာတွင် တည်ရှိပြီး စစ်သူကြီး မဟာဗန္ဓုလအပါအဝင် ကုန်းဘောင်ခေတ်တွင် ထင်ရှားကျော်ကြားသူများ ပေါ်ထွက်ရာ အရပ်ဒေသဖြစ်သည်။[၂][၃] နောင်တော်ကြီးမင်းသည် ၁၇၆၀ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် ဒုတိယမြောက်မင်းအဖြစ် မဖြစ်မီက ဒီပင်းယင်းကို အုပ်ချုပ်ရသော မင်းသားတစ်ပါး ဖြစ်ခဲ့သည်။ ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်ကို ချီတက်တိုက်ခိုက်ခဲ့သော အိမ်ရှေ့စံ သတိုးမင်းစောသည်လည်း ဒီပဲယင်းမှပင် ဖြစ်သည်။ ၁၈၀၈ ခုနှစ်တွင် သတိုးမင်းစော၏ သားဖြစ်သူ စစ်ကိုင်းမင်းသား (နောင်တွင် ဘကြီးတော်မင်း) သည် ဒီပဲယင်းမင်းသားဘွဲ့ကို ဆက်ခံခဲ့သည်။[၄]

၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းမြို့သည် မြန်မာ့နိုင်ငံရေးတွင် အာရုံစိုက်လာခြင်း ခံခဲ့ရသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ဒီပဲယင်းအရေးအခင်းသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။[၅]

လမ်းပန်းဆက်သွယ်ရေး ပြင်ဆင်ရန်

ဒီပဲယင်းမြို့သည် မုံရွာမြို့ဘုတလင်မြို့ရေဦးမြို့နှင့် ခင်ဦးမြို့များနှင့် ကားလမ်းဖြင့် ဆက်သွယ်ထားသည်။[၆]

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. Aung Than Tun (Monywa)။ "Maha Bandula, Immortal Myanmar Supreme Commander"၊ New Light of Myanmar၊ 2003-03-26။ 2009-05-14 တွင် ပြန်စစ်ပြီး 
  3. Enriquez၊ Colin Metcalfe (1922)။ A Burmese wonderland : a tale of travel in Lower and Upper Burma။ Cornell University Library2009-05-14 တွင် ပြန်စစ်ပြီး
  4. Christopher Buyers။ The Konbaung Dynasty Genealogy။ royalark.net။ 2009-09-26 တွင် ပြန်စစ်ပြီး။
  5. "Myanmar extends Aung San Suu Kyi house arrest"၊ People's Daily online, May 25, 2007။ 2008-10-07 တွင် ပြန်စစ်ပြီး 
  6. "Sr Gen Than Shwe urges officials to collectively strive for turning Sagaing Division into granary of Upper Myanmar Assistance assured to upgrade Monywa-Budalin-Dabayin-YeU-KhinU Road"၊ The New Light of Myanmar, December 3, 2002။ 2008-10-12 တွင် ပြန်စစ်ပြီး။ Archived from the original on 28 February 2009။ 

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်