ပုဂံ
ပုဂံ (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာ ဖြစ်သည်။[၁] ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။
ပုဂံ Pugam,Phukam | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
Bagan | |
ပုဂံရှိစေတီပုထိုးများ | |
ပုဂံမြို့တည်နေရာပြမြေပုံ | |
ကိုဩဒိနိတ်: 21°10′N 94°52′E / 21.167°N 94.867°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | ညောင်ဦး |
လတ္တီကျု | (၂၁)ဒီဂရီ၊ (၁၀)မိနစ် |
လောင်ဂျီကျု | (၉၄)ဒီဂရီ၊ (၅၂)မိနစ် |
တည်ထောင်ချိန် | ၉ ရာစုနှောင်းပိုင်း |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ဝက်ဘ်ဆိုဒ် | |
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ | |
တည်နေရာ | မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ |
ရွေးချယ်သည့် စံနှုန်း | (iii)(iv)(vi) |
ရည်ညွှန်း | 1588 |
စတင်သတ်မှတ်ခြင်း | ၂၀၁၉ (၄၃ ကြိမ်မြောက် အစည်းအဝေး) |
ဧရိယာ | ၅၀၀၅.၄၉ ဟက်တာ |
Buffer zone | ၁၈၁၄၆.၈၃ ဟက်တာ |
ဝေါဟာရရင်းမြစ်
ပြင်ဆင်ရန်များသောအားဖြင့် ပျူဂါမမှ ပုဂါမ၊ ပုဂါမ်မှ ပုဂံဖြစ်လာခဲ့သည်ဟု ဖော်ပြလေ့ရှိကြသည်။ ဤကဲ့သို့ ဖော်ပြခြင်းမှာ မှန်နန်းရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစုတို့သည် တောင်ညိုအရပ်၊ ၎င်းနောက် ပန်းတောင်းသက်သာအရပ်၊ ထိုမှ မင်းတုန်းအရပ်၊ တဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်း တစ်ဆယ့်ကိုး ရွာသားတို့နှင့် သမုဒ္ဒရာဇ်မင်းသည် အရိမဒ္ဒနာမည်သော ပုဂံပြည်ကို တည်လေသည်ဟု ပါရှိခြင်းများကို အထောက်အထားပြု၍ ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိလေသည်။ တုရင်တောင်အရှေ့ ယုန်လွှတ်ကျွန်း ဒေသတွင် လာရောက်တည်ထောင်သော ပျူအမျိုးစုတို့နှင့် ရွာတစ်ဆယ့်ကိုးရွာဟူသော စကားပေါင်းစပ်၍ ပျူဂါမဟူသောအမည် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။
ရှေးပုဂံခေတ် ကျောက်စာများတွင် "'ပုကံ"'ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါးသည်။ ပုဂံခေတ်ကျောက်စာများတွင်သာမက ပင်းယ၊ အင်းဝ ကျောက်စာများတွင်လည်း ပုကံဟူသော အရေးအသားမှာ များပြားပါသည်။
ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာ ကျောက်စာများတွင် ပုဂံအမည်ကို ပါဠိဘာသာတွင် "'ပေါကာမ"'ဟု လည်းကောင်း ၊ မွန်ဘာသာတွင် "'ပေါကာမ်"'ဟု လည်းကောင်း ပါရှိသည်။ [၁]
တည်နေရာ
ပြင်ဆင်ရန်မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက် မိုင် ၉ဝ အကွာတွင်တည်ရှိသည်။
(သရပါတံခါးအနီး)
သမိုင်းကြောင်း
ပြင်ဆင်ရန်ပျူမြို့ပြနိုင်ငံများခေတ် ကုန်ဆုံးပြီးနောက် တကောင်းနယ်မှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟုသော စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။
ပုဂံသည် စတုတ္ထပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ ပျဉ်ပြားမင်း(၈၄၆-၈၇၆)လက်ထက်မှ စောမွန်နစ်မင်း(၁၃၂၅-၁၃၆၈)အထိ စိုးစံခဲ့ကြသည်။[၂]
ပုဂံနိုင်ငံတော်
ပြင်ဆင်ရန်အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ် (အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့နောက် ဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။
ပုဂံနိဂုံး
ပြင်ဆင်ရန်အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇ တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက်၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။
ယနေ့ပုဂံ
ပြင်ဆင်ရန်ယနေ့ပုဂံမှာ ရှေးဟောင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီးအသွင်မျှသာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်း၊ ပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍ အတော်ပင်ကျော်ကြားလှပေသည်။ ကမ္ဘာလှည့်ခရီးသည်များ၏ အဓိကလှည့်ပတ်ရာ နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ သို့သော် သီးခြားမြို့အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အဖြစ်ထည့်သွင်းထားသဖြင့် အများအခေါ်တွင် ပုဂံ-ညောင်ဦး ဟူ၍ထင်ရှားသည်။ ညောင်ဦးမြို့သည် ယခင်က ရွာကြီး ၁၉ ရွာစုစည်း၍ ယုန်လွှတ်ကျွန်းအရပ်၌ နန်းတည်စဉ်က ညောင်ဦးရွာဟူ၍ ယနေ့တိုင် တည်ရှိဆဲဖြစ်သည်။
၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၅)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားသဖြင့် ပုဂံရှိ စေတီပုထိုး ၆၅ဆူခန့် ထိခိုက်ပျက်စီးခဲ့သည်။
မြေမျက်နှာသွင်ပြင်
ပြင်ဆင်ရန်ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် မြောက်ဘက်တွင် ညောင်ဦး နှင့် တောင်ဘက်တွင် ပုဂံမြို့သစ်တို့ တည်ရှိပြီး ဧရာဝတီမြစ်ဘေး မြန်မာနိုင်ငံအထက်ပိုင်း ကျယ်ပြောလှသော လွင်ပြင်တွင် တည်ရှိသည်။ မန္တလေးမြို့ မှ အနောက်တောင်ဘက် ကီလိုမီတာ ၂၉၀ (မိုင် ၁၈၀) ကွာဝေးပြီး ရန်ကုန်မြို့မှ မြောက်ဘက် ကီလိုမီတာ ၇၀၀ (မိုင် ၄၃၀) အကွာတွင် တည်ရှိသည်ဟုသိရသည်။
ရာသီဥတု
ပြင်ဆင်ရန်ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးဖြစ်ပါသည်။
ယဉ်ကျေးမှု
ပြင်ဆင်ရန်ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မီ အထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊ လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။
ပြတိုက်
ပြင်ဆင်ရန်ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တစ်ခုတည်းသော ရှေးဟောင်းသုတေသနပြတိုက်ဖြစ်သည်။ (၃) ထပ်အဆောက်အဦးဖြစ်ပြီး မြစေတီကျောက်စာမူရင်း အပါအဝင် ရှေးဟောင်းအမွေအနှစ်များကို ပြသထားသည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂံရှေးဟောင်းသုတေသန ပြတိုက်ကို ၁၉၀၄ ခုနှစ်တွင် ပုဂံမြို့ဟောင်း အာနန္ဒာဘုရား၏မြောက်ဘက်စောင်းတန်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၉ ခုနှစ်အောက်တိုဘာလတွင် ကန်တော့ပလ္လင်ဘုရား တောင်ဘက်၌ ရှစ်မြှောင့်ပုံသဏ္ဌာန်ရှိသော ရှေးဟောင်းသုတေသနပြတိုက်ကို ထပ်မံတည်ဆောက်ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိကမ္ဘာ့အဆင့်မီ ရှေးဟောင်း သုတေသနပြတိုက်ကြီးကို ၁၉၉၈ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင်ဖွင့်လှစ်ပြသနိုင်ခဲ့သည်။ ပြတိုက်ကြီးတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်းစသည့် ပြခန်း(၁၀)ခန်းဖြင့် ခင်းကျင်းပြသထားသည်။၂၀၁၇ခုနှစ်တွင် ကလေးများပြတိုက်ကို ပြတိုက်ကြီး၏ မြောက်ဘက်ရှိရှစ်မြှောင့်ပုံသဏ္ဌာန်အဆောက်အဦ၌ ခင်းကျင်းပြသထားသည်။
နန်းတော်
ပြင်ဆင်ရန်အနော်ရထာမင်း နန်းတော် - ၂၀၀၃ ခုနှစ်တွင် ယခင်တည်ရှိခဲ့သော နန်းတော်ပေါ်မူတည်၍ ပြန်လည်တည်ဆောက်ခဲ့သည်။ သို့သော် မြေပြင်အထက်မှာ စိတ်ကူးသက်သက် ပြန်လည်ပုံဖော်တည်ဆောက်ထားခြင်း ဖြစ်သည်။
သယ်ယူပို့ဆောင်ရေး
ပြင်ဆင်ရန်ပုဂံသို့ လေယာဉ်၊ ရထား၊ ကား တို့အပြင် သင်္ဘောဖြင့်ပါ လာရောက်နိုင်သည်။ လည်ပတ်စရာအနေဖြင့် e-bike ငှားရမ်းအသုံးပြုနိုင်သည်။
လေကြောင်းလိုင်း
ပြင်ဆင်ရန်နိုင်ငံခြားသားခရီးသွား အများစုသည် လေကြောင်းလိုင်းကို အသုံးပြု၍ ပုဂံသို့ လာရောက်လည်ပတ်ကြသည်။ ညောင်ဦးလေဆိပ်မှာ ပုဂံဒေသ၏ လေကြောင်းဝင်ထွက်သွားလာရာ ဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်း အများစုမှာ ပုဂံသို့ ဆင်းသက်ကြသည်။ ရန်ကုန်မြို့မှ လာပါက မိနစ် ၈၀ ခန့် ကြာမြင့်ပြီး မန္တလေးမြို့မှ လာပါက မိနစ် ၃၀ ခန့်ကြာမြင့်မည် ဖြစ်သည်။ ညောင်ဦးလေဆိပ်သည် ညောင်ဦးမြို့အပြင်ဘက်တွင် တည်ရှိပြီး ပုဂံသို့ ရောက်ရှိရန် ကားဖြင့် (၁၅) မိနစ် ခန့် ကြာမြင့်မည် ဖြစ်သည်။
ရထား
ပြင်ဆင်ရန်ပုဂံရထားလမ်းသည် ရန်ကုန် - မန္တလေး ရထားလမ်းမှ ပျဉ်းမနား ဘူတာတွင်လမ်းခွဲပါသည်။ ယခင် ပျဉ်းမနား - ကျောက်ပန်းတောင်းရထားလမ်းမှ ဆက်ဖောက်ထားသောလမ်းဖြစ်ပြီး ယခုအခါ ပခုက္ကူ နှင့် မြင်းခြံတို့ထိဆက်ထားသည်။ မြန်မာ့မီးရထားမှ နေ့စဉ် ရန်ကုန် - ပုဂံ ခရီးစဉ်ကို ပြေးဆွဲပေးလျက် ရှိသည်။ ရန်ကုန် မှ ပုဂံသို့ (၁၈) နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ရထားတွင် အိပ်စဉ်၊ အထက်တန်း နှင့် ရိုးရိုးတန်းတို့ ပါဝင်သည်။ [၃] မန္တလေး - ပုဂံ ရထားမှာ ၁ ရက်လျှင် ၂ ကြိမ် ပြေးဆွဲလျက် ရှိပြီး (၈) နာရီခန့် ကြာမြင့်သည်။ သို့သော် အိပ်စဉ်တွဲ မပါဝင်ဘဲ အထက်တန်း နှင့် ရိုးရိုးတန်းသာ ပါဝင်သည်။ [၄]
ကားလမ်း
ပြင်ဆင်ရန်ရန်ကုန်မှ ပုဂံသို့ ကားလမ်းမှ လာလျှင် ၉ နာရီ နှင့် ၁၀ နာရီ အသီးသီးကြာမြင့်သည်။ မန္တလေးမှ ပုဂံသို့ ကားလမ်းမှသွားလျှင် ၃ နာရီ နှင့် ၄ နာရီ ကြာမြင့်သည်။
ရေကြောင်း
ပြင်ဆင်ရန်မန္တလေး - ပုဂံ အသွားအပြန် သင်္ဘောများ ရှိပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကီလိုမီတာ ၁၇၀ သွားလာရန် ၉ နာရီခန့် ကြာမြင့်မည် ဖြစ်ပါသည်။ ခရီးသွားရာသီတွင် နေ့စဉ်ခရီးစဉ် ရှိပြီး တစ်ခါတစ်ရံ ညအိပ်ခရီးစဉ်များပါရှိသည်။
ထင်ရှားသည့် ပုဂံဘုရားပုထိုးများ
ပြင်ဆင်ရန်- ရွှေစည်းခုံစေတီ
- အလိုတော်ပြည့်ဂူဘုရား
- ထီးလိုမင်းလိုဘုရား
- အာနန္ဒာဘုရား
- ကန်တော့ပလ္လင်ဘုရား
- သဗ္ဗညုဘုရား
- ဗူးဘုရား
- ရွှေဆံတော်စေတီ
- ဓမ္မရံကြီးဘုရား
- လောကထိပ်ပန်ဘုရား
- မြစေတီ
- မနူဟာဘုရား
- နန်းဘုရားကျောင်း
- လောကနန္ဒာဘုရား
- ပြဿဒါးကြီး (ပြဿဒ်ကြီး)
- သကျမုနိ
- ရှင်ပင်သာလျောင်း
- ဂူပြောက်ကြီး
- ငှက်ပစ်တောင်ဘုရား(ညောင်ဦး)
- စူဠာမဏိဘုရား
- ဘုရားသုံးဆူ(ပုဂံ)
- သမ္ဘူလဘုရား
- တရုတ်ပြေးဘုရားကြီး
- အပယ်ရတနာဘုရား
- ရွှေဂူကြီး( နန်းဦး) ဘုရား
- [[ ]]
အထင်ကရ နေရာများ
ပြင်ဆင်ရန်ဓာတ်ပုံများ
ပြင်ဆင်ရန်-
ပုဂံစေတီပုထိုးတော် ဟောင်းများ
-
မင်္ဂလာစေတီဘုရား
-
ပုဂံမြင်ကွင်းတစ်ခု
-
ပုဂံမြို့ ၏နေဝင်ချိန် (၁၉၉၉) ခုနှစ်
-
ပုဂံရှိ တစ်နေရာ
-
ပုဂံ ဘုရားတစ်ဆူ၏ မုဒ်ဝတစ်ခု
-
ပုပ္ပါးတောင်ကလပ်
-
အဆင်အတန်းမြင့်မားသော ပုဂံခေတ်လက်ရာတစ်ခု
-
ဘုရားသုံးဆူ စေတီတော်
-
ပုပ္ပါးတောင်အား အဝေးမှ မြင်ရပုံ
-
ပုဂံဘုရားများအား ညနေဆည်းဆာ နေဝင်ချိန်အလှ
-
ပုဂံမြို့အဝင်
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ဦးဗိုကေ၏ ပုဂံသုတေသနလမ်းညွှန်စာအုပ်မှ
- ↑ တင်နိုင်တိုး၏ ပုဂံစေတီပုထိုးများသမိုင်းနှင့် ခရီးသွားလမ်းညွှန်
- ↑ Train travel in Myanmar (Burma) | Train times, fares, tickets, photos
- ↑ Train travel in Myanmar (Burma) | Train times, fares, tickets, photos