၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေး၌ ကျဆုံးသွားသူများ စာရင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ အာဏာသိမ်းခံရသည့်အတွက် မခံမရပ်နိုင်သော လူထုမှ မြန်မာ့နွေဦးတော်လှန်ရေးအမည်ဖြင့် ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းများ ပြုလုပ်လျက် ရှိကြသည်။ ဆန္ဒပြပွဲများတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းများ၊ ထိုင်သပိတ်ပြုလုပ်ခြင်းများစွာ ပါဝင်သော်လည်း အာဏာပိုင်များဘက်က နှိမ်နင်းမှုများကြောင့် မတ်လ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ၅၁၀ ဦးခန့် သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်သည်။ [၁] လွတ်လပ်သောသတင်းမီဒီယာများက သတင်းရယူရန်ခက်ခဲသောကြောင့်လည်းကောင်း မြန်မာနိုင်ငံတွင် မိုဘိုင်းလ်အင်တာနက်များပိတ်ပင်ခံထားရမှုကြောင့်လည်းကောင်း တော်လှန်ရေး၌ ကျဆုံးသူ (သို့) သေဆုံးသူ ဦးရေကို ထုတ်ပြန်ရာ၌ သတင်းအဖွဲ့များတွင် တစ်ခုနှင့်တစ်ခု ကွဲလွဲနိုင်ပေသည်။ ဤဆောင်းပါးတွင် ကျဆုံးသူစာရင်းပါပုဂ္ဂိုလ်များ၏ နာမည်များကို နေ့ရက်၊ ကျဆုံးရာနေရာများနှင့်တကွ ဖော်ပြထားသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုအတွင်း စစ်​ကောင်စီ၏ လက်ချက်ဖြင့် ပြည်နယ်/တိုင်းအလိုက် ကျဆုံးခဲ့ရ​သောသူများ၏ အ​ခြေအ​နေပြ​မြေပုံ (ဧပြီလ ၇ရက်​နေ့အထိ)
  ≥၂၀၀
  ၁၀၀-၁၉၉
  ၅၀-၉၉
  ၁၀-၄၉
  ၁-၉

ကျဆုံးသွားခဲ့သူများ စာရင်း ပြင်ဆင်ရန်

ကျဆုံးသွားခဲ့သူများ[၂]
စဉ် ရက်စွဲ နာမည် ကျဆုံးသည့်နေရာ မှတ်ချက်
ဖေဖော်ဝါရီ ၈ ရက် ကိုဦး (ခ) နပွား မန္တလေးမြို့
ဖေဖော်ဝါရီ ၈ ရက် တူးအောင် (ခ) မာတူး မန္တလေးမြို့
ဖေဖော်ဝါရီ ၁၆ ရက် နေနေဝင်းထက် မြိတ်
ဖေဖော်ဝါရီ ၁၉ ရက် မြသွဲ့သွဲခိုင် နေပြည်တော်
ဖေဖော်ဝါရီ ၂၀ ရက် တင်ထွဋ်ဟိန်း ရွှေပြည်သာ
ဖေဖော်ဝါရီ ၂၀ ရက် ဝေယံထွန်း မန္တလေးမြို့
ဖေဖော်ဝါရီ ၂၀ ရက် ကြည်စိုး မန္တလေးမြို့
ဖေဖော်ဝါရီ ၂၀ ရက် သက်နောင်ဝင်း (ခ) ကိုမင်းမင်း မန္တလေးမြို့
ဖေဖော်ဝါရီ ၂၄ ရက် ရာဇာအောင် မန္တလေးမြို့
၁၀ ဖေဖော်ဝါရီ ၂၈ ရက် တင်နွဲ့ရီ ကြည့်မြင်တိုင်
၁၁ ဖေဖော်ဝါရီ ၂၈ ရက် ညီညီအောင်ထက်နိုင် လှည်းတန်း၊ ကမာရွတ်
၁၂ ဖေဖော်ဝါရီ ၂၈ ရက် ဇင်လင်းထက် လှည်းတန်း၊ ကမာရွတ်
၁၃ ဖေဖော်ဝါရီ ၂၈ ရက် ဟိန်းထွဋ်အောင် သင်္ဃန်းကျွန်း
၁၄ ဖေဖော်ဝါရီ ၂၈ ရက် နေမျိုးဦး (ခ) နေလင်းအောင် ပခုက္ကူ
၁၅ ဖေဖော်ဝါရီ ၂၈ ရက် ရမ္မာဇန်ဘီ (ခ) ဒေစီ (ခ) အပု မန္တလေးမြို့
၁၆ ဖေဖော်ဝါရီ ၂၈ ရက် မောင်မောင်ဦး မန္တလေးမြို့
၁၇ ဖေဖော်ဝါရီ ၂၈ ရက် ကျော်ထက်ခေါင် မန္တလေးမြို့
၁၈ ဖေဖော်ဝါရီ ၂၈ ရက် စည်သူစိုး (ခ) ကိုစိုး ပဲခူး
၁၉ ဖေဖော်ဝါရီ ၂၈ ရက် ကြည်လှိုင်မင်း (ခ) ခေါင်းကြီး ပဲခူး
၂၀ ဖေဖော်ဝါရီ ၂၈ ရက် ဇင်မျိုးသူ (ခ) ရှရစ်ဘိုင် မော်လမြိုင်
၂၁ ဖေဖော်ဝါရီ ၂၈ ရက် ဖေသန်း (ခ) နော်ငို ထားဝယ်
၂၂ ဖေဖော်ဝါရီ ၂၈ ရက် လွင်လွင်ဦး ထားဝယ်
၂၃ ဖေဖော်ဝါရီ ၂၈ ရက် ဗညားအောင် ထားဝယ်
၂၅ မတ်လ ၂ ရက် သီဟဇော် (ခ) နောင်နောင် တောင်တွင်းကြီး
၂၆ မတ်လ ၃ ရက် ဇင်ကိုကိုဇော် မြင်းခြံ
၂၇ မတ်လ ၃ ရက် မျိုးနိုင်လင်း (ခ) ဖိုးလင် ချမ်းအေးသာဇံ၊ မန္တလေး
၂၈ မတ်လ ၃ ရက် ကြယ်စင် (ခ) တိန့်ကျားရှီး ချမ်းအေးသာဇံ၊ မန္တလေး
၂၉ မတ်လ ၃ ရက် နေမျိုးအောင် (ခ) ကုလား ပြည်ကြီးတံခွန်၊ မန္တလေး
၃၀ မတ်လ ၃ ရက် မြင့်မြင့်ဇင် မုံရွာ စာရေးဆရာမ ကြည်လင်အေး
၃၂ မတ်လ ၃ ရက် ကျော့နန္ဒာအောင် မုံရွာ
၃၃ မတ်လ ၃ ရက် မင်းခန့်ကျော် (ခ) ဖိုးသဲ မုံရွာ
၃၅ မတ်လ ၃ ရက် နိုင်ဝင်း မုံရွာ
၃၆ မတ်လ ၃ ရက် ချမ်းသာဆွေ မုံရွာ ကဗျာဆရာ ကေဇဝင်း
၃၇ မတ်လ ၃ ရက် ဝေယံ (ခ) ကံချွန် မုံရွာ
၃၈ မတ်လ ၃ ရက် ဇင်မျိုးမောင် ကလေး
၃၉ မတ်လ ၃ ရက် ထက်ဝေထူး မော်လမြိုင်
၄၀ မတ်လ ၃ ရက် အောင်မြင့်မြတ် စလင်း
၄၁ မတ်လ ၃ ရက် ထက်အောင် မြောက်ဥက္ကလာပ၊ ရန်ကုန်
၄၂ မတ်လ ၃ ရက် မင်းဦး မြောက်ဥက္ကလာပ၊ ရန်ကုန်
၄၃ မတ်လ ၃ ရက် ဇွဲထက်စိုး မြောက်ဥက္ကလာပ၊ ရန်ကုန်
၄၄ မတ်လ ၃ ရက် ရာဇာမင်း မြောက်ဥက္ကလာပ၊ ရန်ကုန်
၄၅ မတ်လ ၃ ရက် ဖိုးချစ် မြောက်ဥက္ကလာပ၊ ရန်ကုန်
၄၆ မတ်လ ၃ ရက် အာကာမိုး မြောက်ဥက္ကလာပ၊ ရန်ကုန်
၄၇ မတ်လ ၄ ရက် စည်သူရှိန် (ခ) မြတ်သူရှိန် မြောက်ဥက္ကလာပ၊ ရန်ကုန်
၄၈ မတ်လ ၄ ရက် ထွန်းမောင် မြောက်ဥက္ကလာပ၊ ရန်ကုန်
၄၉ မတ်လ ၅ ရက် ဇော်မျိုး ချမ်းမြေ့သာစည်၊ မန္တလေး
၅၀ မတ်လ ၅ ရက် နိုင်မင်းကို ချမ်းအေးသာဇံ၊ မန္တလေး
၅၁ မတ်လ ၅ ရက် သိန်းလွင် မူဆယ်
၅၂ မတ်လ ၆ ရက် ဝေယံမောင်မောင် (ခ) မန်ဆွမ်းခိုင် မြောက်ဥက္ကလာပ၊ ရန်ကုန်
၅၃ မတ်လ ၇ ရက် ခင်မောင်လတ် (ခ) မုဟမ္မဒ်ရိုရှန် ပန်းဘဲတန်း၊ ရန်ကုန်
၅၅ မတ်လ ၈ ရက် ကိုကိုလေး (ခ) ချိုတား မြစ်ကြီးနား
၅၆ မတ်လ ၈ ရက် ဇင်မင်းထက် (ခ) ဖိုးလုံး မြစ်ကြီးနား
၅၇ မတ်လ ၈ ရက် သီဟဦး ဖျာပုံ
၅၈ မတ်လ ၉ ရက် ဇော်မြတ်လင်း ရွှေပြည်သာ၊ ရန်ကုန်
၅၉ မတ်လ ၁၁ ရက် အောင်ဆန်းဦး (ခ) ချစ်စမ်းအောင် မုံရွာ
၆၀ မတ်လ ၁၁ ရက် ထူးအောင်ကျော် မြင်းခြံမန္တလေး
၆၁ မတ်လ ၁၁ ရက် ချစ်မင်းသူ မြောက်ဒဂုံ၊ ရန်ကုန်
၆၂ မတ်လ ၁၁ ရက် လင်းထက် ချမ်းအေးသာဇံ၊ မန္တလေး
၆၃ မတ်လ ၁၁ ရက် ဇော်အောင်လေး (ခ) ရွှေအ ပဲခူး
၆၅ မတ်လ ၁၁ ရက် ကြည်ဖြိုးဝေ မြိုင်
၆၆ မတ်လ ၁၁ ရက် ဉာဏ်ဝင်း မြိုင်
၆၇ မတ်လ ၁၁ ရက် သက်ဇော်ဦး မြိုင်
၆၈ မတ်လ ၁၁ ရက် တိုက်ပေါ် မြိုင် အတည်ပြုနေဆဲ
၆၉ မတ်လ ၁၁ ရက် သိန်းဇော် မြိုင်
၇၀ မတ်လ ၁၁ ရက် သိုက်စိုး မြိုင်
၇၁ မတ်လ ၁၂ ရက် အောင်သန်း သာကေတ
၇၂ မတ်လ ၁၂ ရက် စည်သူ သာကေတ
၇၃ မတ်လ ၁၂ ရက် ကျော်ဇင်လတ် မင်္ဂလာဒုံ
၇၄ မတ်လ ၁၂ ရက် ဇော်မင်းထွန်း မင်္ဂလာဒုံ
၇၅ မတ်လ ၁၂ ရက် ဇော်ဇော်မိုး မြောက်ဥက္ကလာပ၊ ရန်ကုန်
၇၆ မတ်လ ၁၃ ရက် ဝင်းဖြိုးအောင် ချောက်မြို့
၇၇ မတ်လ ၁၃ ရက် ထူးမွန်နိုင် ရန်ကုန်မြို့
၇၈ မတ်လ ၁၃ ရက် ထက်မြတ်အောင် ပြည်မြို့
၇၉ မတ်လ ၁၃ ရက် အောင်ပိုင်ဦး လှိုင်
၈၀ မတ်လ ၁၃ ရက် ထွန်းလင်းအောင် တွံတေး
၈၁ မတ်လ ၁၃ ရက် ဟန်မင်းထွန်း တွံတေး
၈၂ မတ်လ ၁၃ ရက် ကေသီ စိန်ပန်း
၈၃ မတ်လ ၁၃ ရက် မျိုးသန့်စိုး စိန်ပန်း
၈၄ မတ်လ ၁၃ ရက် စောရန်နိုင် စိန်ပန်း
၈၅ မတ်လ ၁၃ ရက် ဝင်းဌေး စိန်ပန်း
၈၆ မတ်လ ၁၃ ရက် စောပြည့်နိုင် စိန်ပန်း
၈၇ မတ်လ ၁၃ ရက် မင်းမင်းထွန်း စိန်ပန်း
၈၈ မတ်လ ၁၄ ရက် ပြုံးပြုံး စိန်ပန်း
၈၉ မတ်လ ၁၉ ရက် ရဲဆွေဦး စိန်ပန်း
၉၀ မတ်လ ၁၄ ရက် လင်းလင်းကျော် သင်္ကန်းကျွန်း
၉၁ မတ်လ ၁၄ ရက် ထက်ဝေယံဟိန်း ပြည်
၉၂ မတ်လ ၁၄ ရက် ခန့်အောင်ဖြိုး တောင်ဥက္ကလာပ
၉၂ မတ်လ ၁၄ ရက် ကျော်လင်းထိုက် ဖားကန့်
၉၃ မတ်လ ၁၄ ရက် မောင်ပိုင် တွံတေး
၉၄ မတ်လ ၁၄ ရက် လှမင်းသူ တွံတေး
၉၅ မတ်လ ၁၄ ရက် ထက်နိုင်ရှိန်း ပဲခူး
၉၆ မတ်လ ၁၄ ရက် လှမင်းဦး သင်္ကန်းကျွန်း
၉၇ မတ်လ ၁၄ ရက် ကျော်မင်းသူ သင်္ကန်းကျွန်း
၉၈ မတ်လ ၁၄ ရက် မျိုးမင်းထွန်း သင်္ကန်းကျွန်း
၉၉ မတ်လ ၁၄ ရက် ရဲထွဋ်အောင် သင်္ကန်းကျွန်း
၁၀၀ မတ်လ ၁၄ ရက် ရှယ်ရီဝင်း မန္တလေးမြို့
၁၀၁ မတ်လ ၁၄ ရက် ဝင်းနိုင် သင်္ကန်းကျွန်း
၁၀၂ မတ်လ ၁၄ ရက် မင်းဝေယံမောက် ကြည့်မြင်တိုင်
၁၀၃ မတ်လ ၁၄ ရက် စန်းဒီမား ပဲခူး
၁၀၄ မတ်လ ၁၄ ရက် ခန့်ညားဟိန်း ရန်ကုန်
၁၀၅ မတ်လ ၁၄ ရက် ကျော်ဇေယျာထွန်း ရွှေပြည်သာ
၁၀၆ မတ်လ ၁၄ ရက် မောင် လှိုင်သာယာ
၁၀၇ မတ်လ ၁၄ ရက် ဝေဖြိုးအောင် လှိုင်သာယာ
၁၀၈ မတ်လ ၁၄ ရက် ဝေဖြိုး လှိုင်သာယာ
၁၀၉ မတ်လ ၁၄ ရက် မင်းခန့်စိုး သင်္ကန်းကျွန်း
၁၁၀ မတ်လ ၁၄ ရက် ဟိန်းထက်ထွေး သင်္ကန်းကျွန်း
၁၁၁ မတ်လ ၁၄ ရက် ကျော်လင်းခိုင် သင်္ကန်းကျွန်း
၁၁၂ မတ်လ ၁၄ ရက် လှိုင်းဂျက်မောင် ရွှေပြည်သာ
၁၁၃ မတ်လ ၁၄ ရက် ကျော်ကျော်ဝင်း လှိုင်သာယာ
၁၁၄ မတ်လ ၁၄ ရက် ဇူးဝင့်ဝါ ရန်ကုန်မြို့
၁၁၅ မတ်လ ၁၄ ရက် ဟန်ထက်အောင် မြောက်ဥက္ကလာပ
၁၁၆ မတ်လ ၁၅ ရက် မုဟမ္မဒ်ယူစွဖ် အောင်လံ
၁၁၇ မတ်လ ၁၅ ရက် ပန်းမြတ်ချယ် မြင်းခြံမန္တလေး
၁၁၈ မတ်လ ၁၅ ရက် မောင်ဇော် မုံရွာမြို့စစ်ကိုင်း
၁၁၉ မတ်လ ၁၅ ရက် ဂွမ်ကြီး မြိတ်တနင်္သာရီ
၁၂၀ မတ်လ ၁၅ ရက် ကျော်သူဝင်း ပဲခူးပဲခူးတိုင်း
၁၂၁ မတ်လ ၁၅ ရက် သူရနိုင် ပဲခူးပဲခူးတိုင်း
၁၂၃ မတ်လ ၁၅ ရက် သူရကျော် ပဲခူးပဲခူးတိုင်း
၁၂၄ မတ်လ ၁၅ ရက် မင်းမင်းဌေး (ခ) နန်းကို မကွေးမကွေးတိုင်း
၁၂၅ မတ်လ ၁၅ ရက် ကျော်ခင် မကွေးမကွေးတိုင်း
၁၂၆ မတ်လ ၁၅ ရက် ဝေဖြိုးသိန်း (အမည်စိစစ်ဆဲ) ချမ်းမြသာစည်မန္တလေး
၁၂၇ မတ်လ ၁၅ ရက် မြမွှေး ချမ်းမြသာစည်မန္တလေး
၁၂၈ မတ်လ ၁၅ ရက် သန်းထိုက်ဦး ချမ်းမြသာစည်မန္တလေး
၁၂၉ မတ်လ ၁၅ ရက် ကောင်းမြတ်ဟိန်း (ခ) ဘိုကောင်း ပဲခူးပဲခူးတိုင်း
၁၃၀ မတ်လ ၁၅ ရက် သက်နိုင်အောင် မဟာအောင်မြေမန္တလေး
၁၃၁ မတ်လ ၁၅ ရက် ရန်မျိုးအောင် (ခ)ဉာဏ်ကြွယ် မြင်းခြံမန္တလေး
၁၃၂ မတ်လ ၁၅ ရက် လှစိုး မြင်းခြံမန္တလေး
၁၃၃ မတ်လ ၁၅ ရက် ရတနာထွန်း (ခ) ဆိုမိုင်ယာ မြင်းခြံမန္တလေး
၁၃၄ မတ်လ ၁၅ ရက် အောင်ကျော်ဇော မြင်းခြံမန္တလေး
၁၃၅ မတ်လ ၁၅ ရက် တင်ထွန်းအောင် မြင်းခြံမန္တလေး
၁၃၆ မတ်လ ၁၅ ရက် အောင်မျိုးဇော် မြင်းခြံမန္တလေး
၁၃၇ မတ်လ ၁၅ ရက် မျိုးမင်း (အမည်စိစစ်ဆဲ) သပိတ်ကျင်း၊ စဉ့်ကူး
၁၃၈ မတ်လ ၁၅ ရက် ရဲမျိုးအောင် သပိတ်ကျင်း၊ စဉ့်ကူး
၁၃၉ မတ်လ ၁၅ ရက် ကောင်းမြတ်ဟိန်း မဟာအောင်မြေ
၁၄၀ မတ်လ ၁၅ ရက် သီတာအေး (ခ) မီးမီး သပိတ်ကျင်း၊ စဉ့်ကူး
၁၄၁ မတ်လ ၁၅ ရက် ကျော်ကျော်ဝင်း (ခ) သူရိန် လှိုင်သာယာ
၁၄၂ မတ်လ ၁၅ ရက် ပလတ်စတစ်ကောက်သမားလေး လှိုင်သာယာ
၁၄၃ မတ်လ ၁၅ ရက် ထွန်းထွန်းနိုင် လှိုင်သာယာ
၁၄၄ မတ်လ ၁၅ ရက် အောင်ဖြိုးထက် ဒဂုံဆိပ်ကမ်း
၁၄၅ မတ်လ ၁၅ ရက် ခန့်အောင်ဖြိုး ဒဂုံဆိပ်ကမ်း
၁၄၆ မတ်လ ၁၅ ရက် နန္ဒဖြိုး ဒဂုံဆိပ်ကမ်း
၁၄၇ မတ်လ ၁၅ ရက် ကျော်ကျော်အောင် ဒေါပုံ
၁၄၈ မတ်လ ၁၅ ရက် ကျော်သီဟအေး ရန်ကုန်
၁၄၉ မတ်လ ၁၆ ရက် ကျော်မင်းထွန်း ကောလင်း
၁၅၀ မတ်လ ၁၆ ရက် ကျော်ခိုင် ချောင်းဦး
၁၅၁ မတ်လ ၁၆ ရက် ထွန်းမြတ်လင်း ဘုတ်ပြင်း
၁၅၂ မတ်လ ၁၆ ရက် ကိုဇော်မင်းဦး (ခ) မာမွတ်ဘိုင် ချမ်းမြသာစည်
၁၅၃ မတ်လ ၁၆ ရက် တောက်ထွန်း မော်လမြိုင်
၁၅၄ မတ်လ ၁၆ ရက် မြဝင်း လှိုင်သာယာ
၁၅၅ မတ်လ ၁၆ ရက် စည်သူအောင် တောင်ဒဂုံ
၁၅၆ မတ်လ ၁၇ ရက် ဆလိုင်းကျုံးလျန်ကျဲအို ကလေး
၁၅၇ မတ်လ ၁၇ ရက် ကျင့်ခန်မာန် ကလေး
၁၅၈ မတ်လ ၁၇ ရက် တာန်ဒိုဆွမ်းကိမ်း ကလေး
၁၅၉ မတ်လ ၁၇ ရက် ကျော်မြင့်ဝင်း ကလေး
၁၆၀ မတ်လ ၁၇ ရက် အောင်မင်းထွန်း မြောက်ဒဂုံ
၁၆၁ မတ်လ ၁၇ ရက် ကိုဖြိုးကျော်သူ (ခ) မုဟမ္မဒ်ဆွာလေဟ် မင်္ဂလာတောင်ညွန့်
၁၆၂ မတ်လ ၁၇ ရက် မိုက်ကယ် လှိုင်
၁၆၃ မတ်လ ၁၇ ရက် အေးကျော် တောင်ဥက္ကလာပ
၁၆၄ မတ်လ ၁၈ ရက် ထွန်းထက်အောင် (ခ) ဖိုးငယ် မုံရွာ
၁၆၅ မတ်လ ၁၈ ရက် အေးအေးခိုင် (ခ) ရိုဇာဘီ မြောက်ဥက္ကလာပ
၁၆၆ မတ်လ ၁၈ ရက် သီဟဖြိုး အောင်မြေသာဇံမန္တလေး
၁၆၇ မတ်လ ၁၉ ရက် စိုးသူ မဟာအောင်မြေ
၁၆၈ မတ်လ ၁၉ ရက် အောင်ကိုကိုခန့် မြင်းခြံမြို့
၁၆၉ မတ်လ ၁၉ ရက် ရွှေဥ (ခ) စန်းပု (ခ) ခန့်အောင် လွိုင်ကော်
၁၇၀ မတ်လ ၁၉ ရက် နိုင်လင်းအောင် မိုးကုတ်
၁၇၁ မတ်လ ၁၉ ရက် မျိုးလေး တောင်ဒဂုံ
၁၇၂ မတ်လ ၁၉ ရက် ဇော်အောင် ပေါင်မြို့
၁၇၁ မတ်လ ၁၉ ရက် မာလာဝင်း (ခ) မျိုးလွင် ပခုက္ကူမြို့
၁၇၂ မတ်လ ၁၉ ရက် မျိုးမြင့်အောင် လှိုင်
၁၇၃ မတ်လ ၁၉ ရက် ခွန်ကျော်စွာလင်း လှိုင်
၁၇၄ မတ်လ ၁၉ ရက် ကျော်သူဝင်း အောင်ပန်း
၁၇၅ မတ်လ ၁၉ ရက် ဇော်မြတ်ကို (ခ)ဖိုးဇော် အောင်ပန်း
၁၇၆ မတ်လ ၁၉ ရက် ချမ်းလေး (အမည်စိစစ်ဆဲ) အောင်ပန်း
၁၇၇ မတ်လ ၁၉ ရက် မြတ်စိုး အောင်ပန်း
၁၇၈ မတ်လ ၁၉ ရက် ဖိုးသားအို (အမည်စိစစ်ဆဲ) အောင်ပန်း
၁၇၉ မတ်လ ၁၉ ရက် ရဲထက် (အမည်စိစစ်ဆဲ) အောင်ပန်း
၁၈၀ မတ်လ ၁၉ ရက် အသေးလေး (အမည်စိစစ်ဆဲ) အောင်ပန်း
၁၈၁ မတ်လ ၁၉ ရက် မင်းမင်းဦး မန္တလေး
၁၈၂ မတ်လ ၂၀ ရက် သက်ပိုင်စိုး တာမွေ
၁၈၃ မတ်လ ၂၀ ရက် အောင်ကောင်းထက် (ခ) ကောင်းကောင်း သာကေတ
၁၈၄ မတ်လ ၂၀ ရက် မျိုးမင်းဌေး ပဲခူးမြို့
၁၈၅ မတ်လ ၂၁ ရက် မော်စီ ကျော်မြို့
၁၈၆ မတ်လ ၂၁ ရက် မင်းမင်းဇော် (ခ) ငယ်လေး မုံရွာမြို့
၁၈၇ မတ်လ ၂၁ ရက် တုတ်ကြီး ချမ်းမြသာစည်မန္တလေးတိုင်းဒေသကြီး
၁၈၈ မတ်လ ၂၁ ရက် မိုးဇော်ထွေး (ခ) မောင်ဆန်း ချမ်းမြသာစည်မန္တလေးတိုင်းဒေသကြီး
၁၈၉ မတ်လ ၂၁ ရက် ဇော်မျိုးထက် ချမ်းအေးသာစံမန္တလေးတိုင်းဒေသကြီး
၁၉၀ မတ်လ ၂၁ ရက် ဇော်မျိုးဦး ချမ်းအေးသာစံမန္တလေးတိုင်းဒေသကြီး
၁၉၁ မတ်လ ၂၁ ရက် ဖြိုးမောက်မောင် ချမ်းအေးသာစံမန္တလေးတိုင်းဒေသကြီး
၁၉၂ မတ်လ ၂၁ ရက် ဖြိုးဝေထွန်း ပြည်ကြီးတခွန်မန္တလေးတိုင်းဒေသကြီး
၁၉၃ မတ်လ ၂၁ ရက် မင်းသူအောင် (ခ) ပြောင်ကြီး ပြည်ကြီးတခွန်မန္တလေးတိုင်းဒေသကြီး
၁၉၄ မတ်လ ၂၁ ရက် လှိုင်မျိုးထက် ပြည်ကြီးတခွန်မန္တလေးတိုင်းဒေသကြီး
၁၉၅ မတ်လ ၂၁ ရက် ဘေဘီစိုးမြင့် ပြည်ကြီးတခွန်မန္တလေးတိုင်းဒေသကြီး
၁၉၆ မတ်လ ၂၁ ရက် ဖိုးငယ် ပြည်ကြီးတခွန်မန္တလေးတိုင်းဒေသကြီး
၁၉၇ မတ်လ ၂၁ ရက် လွမ်းဇာအီ မင်္ဂလာတောင်ညွန့်
၁၉၈ မတ်လ ၂၂ ရက် ဇော်ဇော် ချမ်းမြသာစည်မန္တလေးတိုင်းဒေသကြီး
၁၉၉ မတ်လ ၂၂ ရက် ဝေထွန်းဦး ချမ်းမြသာစည်မန္တလေးတိုင်းဒေသကြီး
၂၀၀ မတ်လ ၂၂ ရက် ထွန်းထွန်းအောင် ချမ်းမြသာစည်မန္တလေးတိုင်းဒေသကြီး
၂၀၁ မတ်လ ၂၂ ရက် မင်းသုခ ချမ်းမြသာစည်မန္တလေးတိုင်းဒေသကြီး
၂၀၂ မတ်လ ၂၂ ရက် နေမျိုးကျော် ချမ်းမြသာစည်မန္တလေးတိုင်းဒေသကြီး
၂၀၃ မတ်လ ၂၂ ရက် အေးချမ်းမိုး ချမ်းမြသာစည်မန္တလေးတိုင်းဒေသကြီး
၂၀၄ မတ်လ ၂၂ ရက် ဇော်လင်းထိုက် ချမ်းမြသာစည်
၂၀၅ မတ်လ ၂၂ ရက် ထင်လင်း ချမ်းမြသာစည်
၂၀၆ မတ်လ ၂၂ ရက် အောင်တင့် ချမ်းမြသာစည်
၂၀၇ မတ်လ ၂၂ ရက် အင်ဇန်ဘို (အမည်စိစစ်ဆဲ) ချမ်းမြသာစည်
၂၀၈ မတ်လ ၂၂ ရက် စိုးအောင်မြင့် (ခ) တွတ်ပီ ချမ်းမြသာစည်
၂၀၉ မတ်လ ၂၂ ရက် မြင့်သိန်း ချမ်းမြသာစည်
၂၁၀ မတ်လ ၂၂ ရက် ဝေလွင် ချမ်းမြသာစည်
၂၁၁ မတ်လ ၂၂ ရက် ချစ်ကိုကိုဇော် (ခ) ဇော် ချမ်းမြသာစည်
၂၁၂ မတ်လ ၂၂ ရက် မိုးကျော်ဇင် ချမ်းမြသာစည်
၂၁၃ မတ်လ ၂၂ ရက် မျိုးဟိန်းကျော် ချမ်းမြသာစည်
၂၁၄ မတ်လ ၂၃ ရက် ဇင် (အမည်စိစစ်ဆဲ) ထားဝယ်မြို့တနင်္သာရီတိုင်းဒေသကြီး
၂၁၅ မတ်လ ၂၃ ရက် ချမ်းသာထွေး ချမ်းမြသာစည်မန္တလေးတိုင်းဒေသကြီး
၂၁၆ မတ်လ ၂၃ ရက် ခင်မျိုးချစ် ချမ်းမြသာစည်မန္တလေးတိုင်းဒေသကြီး
၂၁၇ မတ်လ ၂၃ ရက် တင်စိုးဦး (အမည်စိစစ်ဆဲ) ချမ်းမြသာစည်မန္တလေးတိုင်းဒေသကြီး
၂၁၈ မတ်လ ၂၃ ရက် မိုးထက်ဝိုင်း (အမည်စိစစ်ဆဲ) ချမ်းမြသာစည်မန္တလေးတိုင်းဒေသကြီး
၂၁၉ မတ်လ ၂၃ ရက် ဝေယံထက်နိုင် (ခ) ဖိုးသား ချမ်းမြသာစည်မန္တလေးတိုင်းဒေသကြီး
၂၂၀ မတ်လ ၂၃ ရက် စိန်နောင်နောင် ဒဂုံဆိပ်ကမ်း
၂၂၁ မတ်လ ၂၇ ရက် သန့်ဇော် ဖားကန့်
၂၂၂ မတ်လ ၂၇ ရက် ရွှေမြင့် ဗန်းမော်
၂၂၃ မတ်လ ၂၇ ရက် ဝင်းကျော်စိုး ဟိုပင်
၂၂၄ မတ်လ ၂၇ ရက် အာကာ စစ်ကိုင်း
၂၂၁ မတ်လ ၂၇ ရက် ချမ်းမြေ့ကျော် စစ်ကိုင်း
၂၂၁ မတ်လ ၂၇ ရက် ဘော်ဘော် စစ်ကိုင်း
၂၂၂ မတ်လ ၂၇ ရက် ကျော်သိန်း မုံရွာ
၂၂၃ မတ်လ ၂၇ ရက် ထွန်းဦး မုံရွာ
၂၂၄ မတ်လ ၂၇ ရက် ချမ်းမြေ့ကျော် ယင်းမာပင်မြို့
၂၂၅ မတ်လ ၂၇ ရက် ခိုင်ဇင်ဦး ကော့သောင်းမြို့
၂၂၆ မတ်လ ၂၇ ရက် ဇော်မင်းဦး ကော့သောင်းမြို့
၂၂၇ မတ်လ ၂၇ ရက် ကျော်ဌေး ထားဝယ်မြို့
၂၂၈ မတ်လ ၂၇ ရက် မျိုးဇော်အောင် (ခ) မိုဟာမတ်အီဗရာဟင် မြိတ်မြို့
၂၂၉ မတ်လ ၂၇ ရက် နန်းဦး ဒိုက်ဦးမြို့
၂၃၀ မတ်လ ၂၇ ရက် ဖိုးလုံး ဒိုက်ဦးမြို့
၂၃၁ မတ်လ ၂၇ ရက် ကျော်ကျော် ဖဒိုရွာ
၂၃၂ မတ်လ ၂၇ ရက် ရေဂျင် မိုးညို
၂၃၃ မတ်လ ၂၇ ရက် ကောင်းမြတ်သူ ပခုက္ကူမြို့
၂၃၄ မတ်လ ၂၇ ရက် မင်းနိုင် ပခုက္ကူမြို့
၂၃၅ မတ်လ ၂၇ ရက် မင်းဇော်ထွေး ကျောက်ပန်းတောင်းမြို့
၂၃၆ မတ်လ ၂၇ ရက် ဝင်းဇော် ကျောက်ပန်းတောင်းမြို့
၂၃၇ မတ်လ ၂၇ ရက် ဝင်းမင်းထွန်း ကျောက်ပန်းတောင်းမြို့
၂၃၈ မတ်လ ၂၇ ရက် ဝင်းမျိုးဦး စဉ့်ကိုင်မြို့
၂၃၉ မတ်လ ၂၇ ရက် ဝေမောင် ညောင်ဦး
၂၄၀ မတ်လ ၂၇ ရက် ဝေဇင် ညောင်ဦး
၂၄၁ မတ်လ ၂၇ ရက် မြင့်ထွန်းအောင် ပြင်ဦးလွင်မြို့
၂၄၂ မတ်လ ၂၇ ရက် ဟိန်းမင်းသိန်း ပြင်ဦးလွင်မြို့
၂၄၃ မတ်လ ၂၇ ရက် ဟိန်းထက် ပြင်ဦးလွင်မြို့
၂၄၄ မတ်လ ၂၇ ရက် စိုးစိုးရီ ပြင်ဦးလွင်မြို့
၂၄၅ မတ်လ ၂၇ ရက် ရဲဇင်ဝင်း ပြင်ဦးလွင်မြို့
၂၄၆ မတ်လ ၂၇ ရက် အောင်မင်းလွင် ပြင်ဦးလွင်မြို့
၂၄၇ မတ်လ ၂၇ ရက် အောင်ထွှဋ် ပြင်ဦးလွင်မြို့
၂၄၈ မတ်လ ၂၇ ရက် အောင်နိုင်ဝင်း မတ္တရာမြို့
၂၄၉ မတ်လ ၂၇ ရက် ကျော်ဝင်းမောင် မန္တလေးမြို့
၂၅၀ မတ်လ ၂၇ ရက် စိုးမိုး မန္တလေးမြို့
၂၅၁ မတ်လ ၂၇ ရက် လင်းလင်း မန္တလေးမြို့
၂၅၂ မတ်လ ၂၇ ရက် ရာဇာလင်း မန္တလေးမြို့
၂၅၃ မတ်လ ၂၇ ရက် မိုဟာမတ်အဇာခမ်ဟ် မန္တလေးမြို့
၂၅၄ မတ်လ ၂၇ ရက် မောင်မောင် မန္တလေးမြို့
၂၅၅ မတ်လ ၂၇ ရက် ဘိုးအောင် မန္တလေးမြို့
၂၅၆ မတ်လ ၂၇ ရက် သီဟကျော် မန္တလေးမြို့
၂၅၇ မတ်လ ၂၇ ရက် အောင်ဇင်ဖြိုး ချမ်းမြသာစည်
၂၅၈ မတ်လ ၂၇ ရက် ဂျူမွှေး အမရပူရမြို့
၂၅၉ မတ်လ ၂၇ ရက် ပန်းအိဖြူ မိတ္ထီလာမြို့
၂၆၀ မတ်လ ၂၇ ရက် ထွန်းနိုင်ဝင်း မိတ္ထီလာမြို့
၂၆၁ မတ်လ ၂၇ ရက် ရဲရင့်အောင် မိုးကုတ်မြို့
၂၆၂ မတ်လ ၂၇ ရက် ထူးမြတ်ဝင်း ရွှေဘိုမြို့
၂၆၃ မတ်လ ၂၇ ရက် ဇင်ထွန်းလွင် ရွှေဘိုမြို့
၂၆၄ မတ်လ ၂၇ ရက် ဖြိုးသန့်ဝေ ဝမ်းတွင်းမြို့
၂၆၅ မတ်လ ၂၇ ရက် သန့်ဇင်ထွန်း စမ်းချောင်းမြို့နယ်
၂၆၆ မတ်လ ၂၇ ရက် ဝေယံမင်းထင် ဒလ
၂၆၇ မတ်လ ၂၇ ရက် ရဲမြတ်သူ (ခ) ရေချမ်း ဒလ
၂၆၈ မတ်လ ၂၇ ရက် ကျော်ထက်အောင် (ခ) ဖိုးဓမ္မ ဒလ
၂၆၉ မတ်လ ၂၇ ရက် ဝင်းမြင့် ဒလ
၂၇၀ မတ်လ ၂၇ ရက် အောင်ဇင်မြင့် ဒလ
၂၇၁ မတ်လ ၂၇ ရက် မင်းမင်း (ခ)မိုဟာမတ်နအီနမ် ဒလ
၂၇၂ မတ်လ ၂၇ ရက် စိုးဝေယံ မင်္ဂလာတောင်ညွန့်
၂၇၃ မတ်လ ၂၇ ရက် ဝေလူ သမိုင်း၊ မရမ်းကုန်းမြို့နယ်
၂၇၄ မတ်လ ၂၇ ရက် ဥမ္မာစိန် သမိုင်း၊ မရမ်းကုန်းမြို့နယ်
၂၇၅ မတ်လ ၂၇ ရက် ထီဆမ်ဝမ်ဖီးထွန်း သင်္ကန်းကျွန်းမြို့နယ်
၂၇၆ မတ်လ ၂၇ ရက် တေဇာထွန်း အင်းစိန်မြို့နယ်
၂၇၇ မတ်လ ၂၇ ရက် ဇော်လေး အင်းစိန်မြို့နယ်
၂၇၈ မတ်လ ၂၇ ရက် ချစ်ဘိုငြိမ်း အင်းစိန်မြို့နယ်
၂၇၉ မတ်လ ၂၇ ရက် ချစ်လင်းသူ အင်းစိန်မြို့နယ်
၂၈၀ မတ်လ ၂၇ ရက် စိုးညီ မူဆယ်မြို့
၂၈၁ မတ်လ ၂၇ ရက် စိုင်းလှထွန်း လားရှိုးမြို့
၂၈၂ မတ်လ ၂၇ ရက် ရဲထက်နောင် (ခ) မင်းနောင် လားရှိုးမြို့
၂၈၃ မတ်လ ၂၇ ရက် ထွန်းတင့်ခိုင် လားရှိုးမြို့
၂၈၄ မတ်လ ၂၇ ရက် ဝေလွင်ဦး ပုသိမ်မြို့
၂၈၅ မတ်လ ၂၇ ရက် ထက်မြတ်သွင် (ခ) မိုဟာမတ်သွလ်ဟ ပုသိမ်မြို့
၂၈၆ မတ်လ ၂၇ ရက် လွင်ကို ပုသိမ်မြို့
* အတည်ပြုနေဆဲ၊ အတည်မပြုနိုင်သေးသူများလည်းရှိသေးသည်။

နေနေဝင်းထက် ပြင်ဆင်ရန်

မြိတ်မြို့မှ ၁၈ နှစ်ရွယ် ၎င်းလူငယ်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁၄ ညတွင် မီးကင်းစောင့်ရာ ခေါင်းကို ပြင်းထန်စွာ ရိုက်နှက်ခံရပြီး နောက်တနေ့ ရန်ကုန်သို့ ဆေးကုရန် ပို့အလာ လမ်းခုလတ်ဝယ် အသက်မမီခဲ့ပေ။[၃]

မြသွဲ့သွဲ့ခိုင် ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြသွဲ့သွဲ့ခိုင်

ဝေယံထွန်း ပြင်ဆင်ရန်

ဖေဖော်ဝါရီ ၂၀ တွင် မန္တလေး၊ ရတနာပုံသင်္ဘောကျင်းအနီး ဆန္ဒပြလူထုကို ရဲနှင့်စစ်သားများက တစ်နေ့လုံး အကြမ်းဖက် ဖြိုခွဲရာ ညနေ ၄ နာရီတွင် ၁၆ နှစ်အရွယ် မောင်ဝေယံထွန်းသည် ခေါင်းကျည် ထိမှန်ကာ ပွဲချင်းပြီး ဆုံးပါးသည်။ နာရေးအခမ်းအနားကို မြစ်သားမြို့ရှိ နေအိမ်တွင် ပြုလုပ်သည်။ မန္တလေး ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံမှ အလောင်း ထုတ်ယူခွင့် ရရှိသည့် ဖေဖော်ဝါရီ ၂၁ ညနေ လေးနာရီခွဲတွင်ပင် ကျေးရွာသုဿာန်၌ ဂူသွင်းသည်။ ဆန္ဒပြပွဲတွင် ၎င်းအပြင် အခြားလူတဦးပါ ကျဆုံးခဲ့ပြီး၊ ၁၄ ဦးခန့် ဒဏ်ရာရသည်။ [၄]

ဝေယံထွန်းသည် သင်္ဘောကျင်းအနီးရှိ ၄၁ လမ်း ညဈေးသို့ လွန်ခဲ့သော သုံးနှစ်က ရောက်ရှိလာပြီး၊ တွန်းလှည်း ဆွဲ၍ အသက်မွေးသည်။ ဖုန်းနှင့် ဆိုင်ကယ် လိုချင်သည်ဟု ဆိုကာ သံဗူးဖြင့် ငွေစုနေသူ ဖြစ်သည်။ သေနတ်ပစ်ခံရသော သူ့ကို တွန်းလှည်းပေါ် တင်နေစဉ် သူပြောလိုက်သည့် "သား မရတော့ဘူး" ဟူသော စကားသည် နိုင်ငံကျော်သွားသည်။ [၅]

ညီညီအောင်ထက်နိုင် ပြင်ဆင်ရန်

Myanmar Net ၏ နက်ဝပ်အင်ဂျင်နီယာ အဖြစ် လုပ်ကိုင်သော ညီညီအောင်ထက်နိုင်သည် ပြည်လုံးကျွတ်ပါဝင်ဆင်နွှဲသည့် နို့လက်ဖက်ရည်မဟာမိတ် စုပေါင်းဆန္ဒပြပွဲနေ့လယ်း ဖြစ်ပြီး နိုင်ငံတကာက သွေးစွန်းသော တနင်္ဂနွေဟု သမုတ်သော ဖေဖော်ဝါရီ ၂၈ တွင် ရန်ကုန်၊ လှည်းတန်း အကြမ်းဖက်မှု၌ နံနက် ၉:၂၀ တွင် ဝမ်းဗိုက်၌ ကျည်သင့်ကာ ကျဆုံးသွားသည်။ မတ်လ ၂ ရက်နေ့ မွန်းတည့်ချိန်တွင် သိန်းချီသော လူအုပ်က လိုက်ပါပို့ဆောင်ခဲ့ပြီး လူငယ်ကို လှော်ကားသုဿာန်၌ ဂူသွင်းခဲ့သည်။ ယင်းတွင် ကိုကိုအောင်ထက်နိုင်ဟူသော အမြွှာအစ်ကို ရှိသည်။[၆]

ကျဆုံးသွားရာ ကမာရွတ်၊ အထက ၅ ရှေ့တွင် ပြည်သူများက လွမ်းသူ့ပန်းစည်းများ၊ ပန်းခြင်းများ ချကာ ညတွင် ဖယောင်းမီးထွန်းညှိပြီး အောက်မေ့အခမ်းအနား ပြုလုပ်သည်။[၇]

ကြယ်စင် (ခ) တိန့်ကျားရှီး ပြင်ဆင်ရန်

မန္တလေး၊ ၈၄ လမ်းနှင့် လမ်း ၃၀ ထောင့်တွင် မတ် ၃ အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲအတွင်း အသက် ၁၈ နှစ် အဆိုအက ဝါသနာပါသူ တိုက်ကွမ်ဒို အားကစားသမား ကြယ်စင်သည် ခေါင်းကျည် ထိမှန်ကာ ကျဆုံးသွားသည်။ ဝတ်ဆင်ထားသော အနက်ရောင်တီရှပ်ပေါ်တွင် Everything will be OK ဟူသော စာတန်းဖြူ ရိုက်နှိပ်ထားသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လှူဒါန်းသည်ဟု ကြိုတင်စာရေးသားခဲ့ရာ လူမှုကွန်ယက်များတွင် ပြန့်နှံ့သွားပြီး၊ နိုင်ငံတကာသတင်းဌာနများစွာက သတင်းဖော်ပြခဲ့ကြသည်။[၈]

ခင်မျိုးချစ် ပြင်ဆင်ရန်

မတ်လ ၂၃ ညနေပိုင်း လေးနာရီခန့်၌ စစ်ကောင်စီ၏ လက်နက်ကိုင်စစ်သားများက မန္တလေးမြို့၊ အောင်ပင်လယ်အရပ်တွင် ကား၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာခဲ့ကြသည်။ နေအိမ်တစ်ခုအတွင်းသို့ တံခါးများကိုကန်ကျောက်၍ ဝင်ရောက်လာခဲ့ကာ လူအကုန်လုံးအား ထိုင်ရန်အမိန့်ပေးခဲ့သည်။ ထိုအချိန်မတိုင်မီကတည်းက ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးက ထိုအကြမ်းဖက်စစ်သားများကို ကြောက်၍ ဖခင်၏ရင်ခွင်တွင်ခိုဝင်ခဲ့၏။ အိမ်ရှိလူအကုန် ဟုတ်မဟုတ် မေးမြန်းခဲ့ပြီး လိမ်လည်ဖြေဆိုသည်ဟုဆိုကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ခင်မျိုးချစ် ခေါ် အသက် ၇ နှစ်အရွယ် မိန်းကလေးကို (ဝမ်းဗိုက်နေရာ) ကျည်ဆန်ထိမှန်ခဲ့သည်။ ထို့နောက် အသက် ၁၉ နှစ်အရွယ်ရှိ မိန်းကလေး၏ အစ်ကိုကိုလည်း ရိုက်နှက်ကာ ခေါ်ဆောင်သွားကြသည့်အပြင် ခင်မျိုးချစ်ကိုပါ ၎င်းတို့တို့ဆီသို့ ပေးရန်အမိန့်ပေး၏ ။ ဖခင်ဖြစ်သူကငြင်းဆိုခဲ့ပြီး စစ်သားများပြန်သွားသောအခါ ထိုမိန်းကလေးကို ဆေးရုံသို့သွားရောက်ပြသခဲ့သော်လည်း ကယ်ဆယ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။[၉]

ကိုးကား ပြင်ဆင်ရန်

  1. Daily Briefing in Relation to the Military Coup (29 March 2021)။ 29 March 2021 တွင် ပြန်စစ်ပြီး။
  2. https://nwayooheroes.org/ မှ ပြုစုထားသော ကျဆုံးသူစာရင်း။ 13 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2021 တွင် ပြန်စစ်ပြီး။
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 8 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2021 တွင် ပြန်စစ်ပြီး။
  4. https://www.myanmar-now.org/mm/news/5851
  5. https://www.myanmar-now.org/mm/news/5851
  6. လူပင်လယ်ကြီး ဂုဏ်ပြုကြသည့် လူငယ်လေး၏နောက်ဆုံးခရီး | Myanmar NOW
  7. လှည်းတန်း ပစ်ခတ်မှုတွင်သေဆုံးသွားသည့် ကိုညီညီ​အောင်ထက်နိုင်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ် – DVB
  8. https://www.bbc.com/burmese/burma-56285340.amp
  9. "စစ်ကောင်စီလက်ချက်ကြောင့် မန္တလေး၌ ၇ နှစ်အရွယ်မိန်းကလေးတစ်ဦးအပါအဝင် ၃ ဦးကျဆုံး"၊ မြန်မာနောင်း၊ ၂၃ မတ် ၂၀၂၁။ 

ပြင်ပလင့်ခ် များ ပြင်ဆင်ရန်