တရား
တရား ဆိုသည်မှာ ဘုရားလောင်းသိဒ္ဓတ္ထဂေါတမ ဗုဒ္ဓမြတ်စွာဘုရားဖြစ်သည်မှစ၍၊ ပရိနိဗ္ဗာန်စံလွန် တော်မူသည်အထိ၊ ၄၅ ဝါပတ်လုံး လူနတ်ဗြဟ္မာသတ္တဝါတို့အား ဟောကြားတော်မူအပ်သော ဒေသနာတော် (ဝါ) စကားတော် ကိုဆိုသည်။ ယင်း တရားတော်မှာ မဂ်လေးပါး ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်ဟူ၍ဆယ်ပါးရှိသည်။ တစ်နည်း၊ ၄၅ ဝါပတ် လုံး ဟောကြားတော်မူအပ်သော တရားတော်သည် ဝိမုတ္တိရသ အားဖြင့် တစ်ပါးသာ ရှိသည်။ တစ်နည်း၊ ဓမ္မဝိနယအားဖြင့် နှစ်ပါးသာရှိသည်။ ယင်းနှစ်ပါးတို့တွင် သုတ္တန်ပိဋကနှင့် အဘိဓမ္မာပိဋကကား ဓမ္မအကြောင်း၊ ဝိနည်းပိဋကကား ဝိနယအကြောင်းဖြစ်သည်။
တစ်နည်း၊ ပထမ ဗုဒ္ဓဝစန၊ မဇ္ဈိမ ဗုဒ္ဓဝစန၊ ပစ္ဆိမ ဗုဒ္ဓဝစနဟူ၍ သုံးပါးရှိသည်၊ ယင်းသုံးပါးတို့တွင် 'အနေကဇာ တိသံသာရံ'စသော နှစ်ဂါထာသည်လည်းကောင်း၊ 'ယဒါဟဝေပါတုဘဝန္တိ ဓမ္မာ'စသော သုံးဂါထာသည်လည်းကောင်း၊ ပထမ ဗုဒ္ဓဝစနဖြစ်၏။ 'ဟန္ဒ ဒါနိဘိက္ခဝေအာမန္တယာမိ'စသော စကားသည် ပစ္ဆိမဗုဒ္ဓဝစနဖြစ် ၏။ ထိုဗုဒ္ဓဝစန နှစ်ခု၏ အကြား၌ ၄၅ ဝါပတ်လုံး ဟော တော်မူအပ်သော တရားတို့ကား မဇ္ဈိမ ဗုဒ္ဓဝစန ဖြစ်သည်။
တစ်နည်း၊ ဝိနည်းပိဋက၊ သုတ္တန်ပိဋက၊ အဘိဓမ္မာပိဋက အားဖြင့် သုံးပါးရှိသည်။ ယင်းသုံးပါးတို့တွင် ဘိက္ခုဝိဘင်း၊ ဘိက္ခုနီဝိဘင်း၊ မဟာဝါ၊ စူဠဝါ၊ ပရိဝါ ဤငါးကျမ်းတို့ကား ဝိနည်းပိဋကဖြစ်သည်။ ဗြဟ္မဇာလသုတ်စသော သုံးဆယ့်လေး သုတ်ရှိ ဒီဃနိကာယ်၊ မူလပရိယာယသုတ်စသော တရာငါး ဆယ်နှစ်သုတ်ရှိ မဇ္ဈိမနိကာယ်၊ ဩဃတရဏသုတ် စသော ခုနစ်ထောင့်ခုနစ်ရာခြောက်ဆယ့်နှစ်သုတ်ရှိ သံယုတ္တနိကာယ်၊ စိတ္တပရိယာဒါနသုတ်စသော ကိုးထောင့်ငါးရာငါးဆယ်ခုနစ် သုတ်ရှိ အင်္ဂုတ္တရနိကာယ်နှင့် ခုဒ္ဒကပါဌ၊ ဓမ္မပဒ၊ ဥဒါန်း၊ ဣတိဝုတ်၊ သတ္တကနိပါတ်၊ ဝိမာနဝတ္ထု၊ ပေတဝတ္ထု၊ ထေရဂါထာ၊ ထေရီဂါထာ၊ ဇာတက၊ နိဒ္ဒေသ၊ ပဋိသမ္ဘိဒါမဂ်၊ အပဒါန်၊ ဗုဒ္ဓဝင်၊ စရိယာပိဋကဟူသော ဤဆဲ့ငါးကျမ်းရှိ ခုဒ္ဒကနိကာယ် တို့ကား သုတ္တန် ပိဋကဖြစ်သည်။ ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း ဤခုနစ် ကျမ်းတို့ကား အဘိဓမ္မာပိဋကတ်ဖြစ်သည်။ တစ်နည်း၊ သုတ္တ၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန၊ ဣတိဝုတ္ထက၊ ဇာတက၊ အဗ္တုတဓမ္မ၊ ဝေဒလ္လ အားဖြင့် အင်္ဂါကိုးပါးရှိသည်။ တစ်နည်း ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ရှိသည်။
တရားဂုဏ်တော်ခြောက်ပါး
ပြင်ဆင်ရန်- (၁) အစ၊ အလယ်၊ အဆုံး သုံးပါးလုံး၌ ကောင်းခြင်း
- (၂) ကျင့်ဆောင်သူတို့အား ယခုဘဝ၌ပင် ကောင်းကျိုးကို ကိုယ်တွေ့မျက်မြင်ခံစားရခြင်း၊
- (၃)ကျင့်ဆောင်သူတို့အား အချိန်အခါမလင့် ကောင်းကျိုးကို
ကိုယ်တွေ့မျက်မြင်ခံစားရခြင်း၊လောက်အောင် ကောင်းကျိုးကို ခံစားရခြင်း၊
- (၅) ကျင့်ဆောင်သူတို့အား ကိုယ်သန္တာန်တွင် ရရှိပေါက်ရောက်အောင် ကောင်းကျိုးကို ဆောင်ယူပေးခြင်း၊
- (၆) ပညာရှိ သူတော်ကောင်းတို့ ကိုယ်သန္တာန် အသီးသီး၌ ကောင်းကျိုးကို ထင်ထင်ရှားရှား သိမြင်ခံစားရခြင်း။
ဆက်စပ်ဖတ်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)မှ ဦးကြီးဖေ ရေးသည့် တရား