ဒီဃနိကာယ်
ဒီဃသည် ရှည်သောဟု အဓိပ္ပာယ်ရသည်။ ဒီဃနိကာယသည် ရှည်လျားသော သုတ် (၃၄)သုတ်ကို စုပေါင်းထားသော နိကာယ်ဖြစ်၏။ ဒီဃနိကာယ၌ အစုဟု အဓိပ္ပာယ်ထွက်သော ဝဂ္ဂအားဖြစ် သုံးဝဂ်ခွဲခြားထားသည်။ ၎င်းတို့မှာ သီလက္ခန္ဓဝဂ္ဂ၊ မဟာဝဂ္ဂ၊ ပါထိကဝဂ္ဂ ဟူ၍ ဖြစ်ကြသည်။ ၎င်းတို့သည် သုတ်သုံးကျမ်းဟူ၍လည်း ထင်ရှားသည်။ သီလက္ခန္ဓဝဂ္ဂတွင် ၁၃ သုတ်၊ မဟာဝဂ္ဂတွင် ၁၀ သုတ်၊ ပါထိကဝဂ္ဂတွင် ၁၁ သုတ် ပါဝင်သည်။ ဒီဃနိကာယကျမ်းတွင် ဒိဋ္ဌိ (၆၂)ပါး၊ ဘုရားရှင်နှင့် စင်ပြိုင်ဝါဒ ထူထောင်ခဲ့ကြေသာ တိတ္ထိဂိုဏ်းဆရာကြီး (၆)ဦးတို့၏ ဝါဒရေးရာနှင့် ရဟန်းဖြစ်ခြင်းအကျိုးတရားများ၊ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံခန်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မမူမီအခြေအနေများ၊ ကမ္ဘာဖြစ်ပုံပျက်ပုံ အယူအဆများ၊ အိမ်ရာတည်ထောင်ထားသော လောကီလူသားများအတွက် ပေါင်းသင်းဆက်ဆံရေး လူ့ကျင့်ဝတ်တရားများ ပါဝင်သည်။ ထင်ရှားသော သတိပဋ္ဌာန်သုတ်သည် ဒီဃနိကာယတွင် ပါဝင်သည်။ [၁]
အစုများ ခွဲခြားပုံ
ပြင်ဆင်ရန်ဒီဃနိကာယ (ရှည်လျားသော ဒေသနာများ အစု)၌ သုံးစုထပ်၍ ခွဲပြန်လေသည်။ ဤသုံးစုကို ဝဂ္ဂ ဟုခေါ်သည်။ ဝဂ္ဂဟူသော ပါဠိစကား၏ အဓိပ္ပာယ်မှာ အစု ဟုပင် ဖြစ်သည်။ မြန်မာအခေါ်အားဖြင့် ဝဂ် ဟုခေါ်သည်။
ထို ဝဂ္ဂ သုံးခု သို့ သုံး ကျမ်းတို့မှာ
- သီလက္ခန္ဓဝဂ္ဂ ပါဠိတော် (သီလက္ခန္ဓဝဂ်) (ဒေသနာ ၁၃ ပုဒ်)
- မဟာဝဂ္ဂ ပါဠိတော် (မဟာဝဂ်) (ဒေသနာ ၁၀ ပုဒ်)
- ပါထိကဝဂ္ဂ ပါဠိတော် (ပါထိယျဝဂ်) (ဒေသနာ ၁၁ ပုဒ်) တို့ ဖြစ်သည်။[၂]
သီလက္ခန္ဓဝဂ်
ပြင်ဆင်ရန်- (၁) ဗြဟ္မဇာလသုတ်
- (၂) သာမညဖလသုတ်
- (၃) အမ္ဗဋ္ဌသုတ်
- (၄) သောဏဒဏ္ဍသုတ်
- (၅) ကူဋဒန္တသုတ်
- (၆) မဟာလိသုတ်
- (၇) ဇာလိယသုတ်
- (၈) မဟာသီဟနာဒသုတ်
- (၉) ပေါဋ္ဌပါဒသုတ်
- (၁၀) သုဘသုတ်
- (၁၁) ကေဝဋ္ဋသုတ်
- (၁၂) လောဟိစ္စသုတ်
- (၁၃) တေဝိဇ္ဇသုတ်
မဟာဝဂ်
ပြင်ဆင်ရန်- (၁) မဟာပဒါနသုတ်
- (၂) မဟာနိဒါနသုတ်
- (၃) မဟာပရိနိဗ္ဗာနသုတ်
- (၄) မဟာသုဒဿနသုတ်
- (၅) ဇနဝသဘသုတ်
- (၆) မဟာဂေါဝိန္ဒသုတ်
- (၇) မဟာသမယသုတ်
- (၈) သက္ကပဉှသုတ်
- (၉) မဟာသတိပဋ္ဌာနသုတ်
- (၁၀) ပါယာသိသုတ်
ပါထိကဝဂ်
ပြင်ဆင်ရန်- (၁) ပါထိကသုတ်
- (၂) ဥဒုမ္ဗရိကသုတ်
- (၃) စက္ကဝတ္တိသုတ်
- (၄) အဂ္ဂညသုတ်
- (၅) သမ္ပသာဒနိယသုတ်
- (၆) ပါသာဒိကသုတ်
- (၇) လက္ခဏသုတ်
- (၈) သိင်္ဂါလသုတ်
- (၉) အာဋာနာဋိယသုတ်
- (၁၀) သင်္ဂီတိသုတ်
- (၁၁) ဒသုတ္တရသုတ်
ကိုးကား
ပြင်ဆင်ရန်- ↑ Dr. Tin Swe,MBBS,Ph.D - Illustrated History of Buddha's Sasana (Vol.2. 1990)
- ↑ =ကျမ်းဦးမှတ်ဖွယ်များပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ (သာသနာရေး ဝန်ကြီးဌာန)