အပ္ပမာဒ
အပ္ပမာဒ ဟူသည် သတိအဝိပ္ပဝါသ (သတိ-၏-နှင့်-မကင်းခြင်း)ပင် ဖြစ်၍ ယင်း၏အရကိုလည်း အမြဲကပ်၍ တည်သော သတိ, ဉာဏ်နှင့်ယှဉ်သော သတိကို ကောက်ရသည်။ [၁] အချို့သော အရာကို၌ကား ဝီရိယ[၂]ကို၎င်း, သတိသမ္ပဇည နှင့် ယှဉ်သော နာမက္ခန္ဓာ ၄-ပါး ([၃]ကို၎င်း, သတိပြဓာန်းသော နာမက္ခန္ဓာ ၄-ပါး [၄]ကို၎င်း ကောက်သည်ကို တွေ့ရသည်။
အရေးကြီးသော တရား
ပြင်ဆင်ရန်- ဤ အပ္ပမာဒတရားသည် သာသနာတော်၌ အလွန် အရေးကြီးသော တရားဖြစ်သည်။ ဘုရားရှင်သည် ရဟန်းတို့အား အပ္ပမာဒ တရားဖြင့် အလုံးစုံသော ကိစ္စတို့ကို ပြည့်စုံကြစေရန် “အပ္ပမာဒေန သမ္ပာဒေထ”ဟု နေ့စဉ် ဆုံးမတော်မူသည်။ [၅]
- အာယုသင်္ခါရ လွှတ်တော်မူပြီးနောက် ပရိနိဗ္ဗာန်စံတော်မူမည့် အကြောင်းကို ရဟန်းတို့အား မိန့်ကြားရာ၌လည်း ဘုရားရှင်သည် ဤစကားကို ထည့်သွင်း မိန့်ကြားတော်မူသည်။ [၆]
- ပရိနိဗ္ဗာန်စံတော်မူခါနီး၌လည်း နောက်ဆုံး မိန့်ခွန်းတော်အနေဖြင့် ဤစကားအပါအဝင် ဖြစ်သော “ဟန္ဒ ဒါနိ” စသည်ကိုပင် မိန့်ကြားတော်မူသည်။ [၇]
- အချို့ သာဝကတို့လည်း ပရိနိဗ္ဗာန်စံခါနီး၌ “အပ္ပမာဒေန သမ္ပာဒေထ” ဟူသော စကားကိုပင် မိန့်တော်မူကြသည်။ [၈]
ဂုဏ်ရည်များ
ပြင်ဆင်ရန်- အပ္ပမာဒတရားသည် ကုသိုလ်တရားတို့တွင် အမြတ်ဆုံး ဖြစ်သည်။ [၉]
- ကျေးဇူးများသာ တခုသော တရားဖြစ်သည်။ [၁၀]
- များစွာသောအကျိုးအလို့ငှါ ဖြစ်သည်။ [၁၁]
- မေ့လျော့သူတို့အဖို့ ပမာဒကိုရှောင်လွှဲကြောင်းတရား ဖြစ်သည်။ [၁၂]
- မဖြစ်သေးသော ကုသိုလ်ဖြစ်ကြောင်း, ဖြစ်ပြီးအကုသိုလ် ဆုတ်ယုတ်ကြောင်း ဖြစ်သည်။ [၁၃]
- သဒ္ဓမ္မ ကြာမြင့်စွာတည်ကြောင်း ဖြစ်သည်။ [၁၄]
- ပစ္စုပ္ပန်, တမလွန် ၂-တန်သော အကျိုးတို့ကို လွှမ်းမိုးယူလျက် တည်သည်။ [၁၅]
- နိဗ္ဗာန်ရခြင်း၏ အကြောင်းဖြစ်သည်။ [၁၆]
- မင်္ဂလာတပါးဖြစ်သည်။ [၁၇]
- ဘေးကင်းသည်။ [၁၈]
- ချမ်းသာကိုဆောင်နိုင်သည်။ [၁၉]
- အပ္ပမာဒကို ပညာရှိသည် အမြတ်ဆုံး ဥစ္စာကဲ့သို့ စောင့်ရှောက်သည်။ [၂၀]
- ဇရာမရဏကို ဟုတ်တိုင်းမှန်စွာ သိသောဉာဏ်အလို့ငှါ ယင်းကို ပြုအပ်သည်။ [၂၁]
- မိမိအစီးအပွားကို လိုလားသူသည် ကာမဂုဏ်တို့၌ စိတ်ကို မလွှတ်ခြင်းဟူသော အပ္ပမာဒတရားကို ပြုသင့်သည်။ [၂၂]
- ကာယဒုစရိုက်ကိုပယ်၍ ကာယသုစရိုက်ကိုပွားခြင်း, ဝစီ..., မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွားခြင်း မိစ္ဆာဒိဋ္ဌိကိုပယ်၍ သမ္မာဒိဋ္ဌိကိုပွားခြင်း ဤ ၄-ဌာနတို့ဖြင့် အပ္ပမာဒကို ပြုအပ်သည်။ [၂၃]
- အပ္ပမာဒတရားကို အရိုအသေ ပြု၍, အလေးအမြတ်ပြု၍ အမှီပြု၍နေလျှင် အကုသိုလ်ကို ပယ်၍, ကုသိုလ်ကိုပွားစေနိုင်သည်။ [၂၄]
- တပ်မက်ဖွယ်အာရုံတို့၌ မတပ်မက်ရန် အမျက်ထွက်ဖွယ် အာရုံတို့၌ အမျက်မထွက်ရန် တွေဝေဖွယ် အာရုံတို့၌ မတွေဝေရန်, မာန်ယစ်ဖွယ် အာရုံတို့၌ မာန် မယစ်ရန် အပ္ပမာဒကိုပြုသင့်သည်။ [၂၅]
- ပမာဒကို ပယ်ခြင်းငှါ အပ္ပမာကို ပြုသင့်သည်။ [၂၆]
- ကောင်းမှုတို့၌ မမေ့မလျော့မှု အပ္ပမာဒတရားကို ပညာရှိတို့ ချီးမွမ်းသည်။ [၂၇]
- အပ္ပမာဒကို ပွားလျှင် ပစ္စုပ္ပန် တမလွန် ၂-တန်သော အကျိုးတို့ကို ရနိုင်သည်။ [၂၈]
- ရဟန္တာမှ တပါး ခပ်သိမ်းသော ပုဂ္ဂိုလ်တို့သည် အပ္ပမာဒဖြင့် ပြုဖွယ်ကိစ္စတို့ကို ပြုသင့်ကြသည်။ [၂၉]
- အပ္ပမာဒဖြင့် ဘဝဟူသော ရေအစုကို ကူးမြောက်နိုင်သည်။ [၃၀]
- မိမိ အကျိုး သူတပါးအကျိုး မိမိသူတပါး အကျိုးတို့ကို ကောင်းစွာ မြင်သိသူသည် အပ္ပမာဒဖြင့် ပြုဖွယ်ကိစ္စတို့ကိုပြုသင့်သည်။ [၃၁]
- အပ္ပမာဒတရား (စသည်)ဖြင့် ပညာရှိသည် မှီခိုရာကို ပြုရာသည်။ အပ္ပမာဒ (မမေ့လျော့ခြင်း)ကြောင့် မာဃလုလင်သည် နတ်တို့၏ အထွတ်အထိပ်သို့ ရောက်သည်။ ပညာရှိသည် အပ္ပမာဒဖြင့် ပမာဒကို ပယ်ဖျောက်သည်။ [၃၂]
- အပ္ပမာဒဖြင့်၎င်း, အာသဝက္ခယဉာဏ်ဖြင့်၎င်း, ပညာရှိသည် မိမိရင်၌ စူးဝင်နေသော ရာဂ စသောငြောင့် ၅-ပါးကို နုတ်ရာသည်။ [၃၃]
- အပ္ပမာဒ၌ လေးစားခြင်း မလေးစားခြင်းသည် လေးစားခြင်း ၆-ပါး, မလေးစားခြင်း ၆-ပါးတို့တွင် အပါအဝင်ဖြစ်သည်။ [၃၄]
- ယင်း၌ လေးစားခြင်း မလေးစားခြင်းသည် သဒ္ဓမ္မ ကြာမြင့်စွာ တည်ခြင်း မတည်ခြင်း၏ အကြောင်းတပါး ဖြစ်သည်။ [၃၅]
- အပ္ပမာဒ၌ တည်သောသူအား သဒ္ဓါစသော ဣန္ဒြေတို့ တိုးပွားသည်။ [၃၆]
- ကုသိုလ်တရားတို့၌ အပ္ပမာဒရှိသူ၏ တိုးပွားခြင်းကိုသာ အလိုရှိအပ်သည်။ [၃၇]
- အပ္ပမာဒ၌ မွေ့လျော်သော ရဟန်းသည် သံယောဇဉ် အားလုံးကို လောင်ကျွမ်းစေလျက် နိဗ္ဗာန်သို့သွားသည်။ ယင်းရဟန်းသည် ဆုတ်ယုတ်ခြင်းငှာ မထိုက်။ [၃၈]
ကိုးကား
ပြင်ဆင်ရန်- ↑ ဒီ၊ဋ္ဌ၊၁၊၉၇၊ ဒီ၊ဋ္ဌ၊၂၊၁၈၅။ ဒီ၊ဋ္ဌ၊၃၊၇၁။ သံ၊ဋ္ဌ၊၁၊၂၀၄။ အံ၊ဋ္ဌ၊၃၊၁၀၅။ ဓမ္မ၊ဋ္ဌ၊၁၊၁၄၅။ ဇာ၊ဋ္ဌ၊၅၊၁၀၄။ ခုဒ္ဒက၊ဋ္ဌ၊၁၂၀။ ဣတိဝုတ်၊ဋ္ဌ၊၇၆။ သုတ္တနိ၊ဋ္ဌ၊၂၊၂၆၊၇၃။ ထေရ၊ဋ္ဌ၊၂၊၃၆၉။ မဟာနိ၊ဋ္ဌ၊၁၆၄။ သာရတ္ထ၊၁၊၁၃၁။ မ၊ဋီ၊၃၊၃၇၉။ သံ၊ဋီ၊၁၊၂၅၁။ အံ၊ဋီ၊၁၊၁၁၁၊
- ↑ (မ၊ဋ္ဌ၊၄၊၁၈၃)
- ↑ ဣတိဝုတ်၊ဋ္ဌ၊၇၆။ အပရေ)
- ↑ (သီ၊ဋီ၊သစ်၊၁၊၃၉၄)
- ↑ ဒီ၊ဋ္ဌ၊၁၊၄၇၊ အံ၊ဋ္ဌ၊၁၊၄၉။ သုတ္တနိ၊ဋ္ဌ၊၁၊၁၂၀။
- ↑ ဒီ၊၂၊၁၀၀။
- ↑ ဒီ၊၂၊၁၂၈။ သံ၊၁၊၁၅၉။ ဝိ၊ဋ္ဌ၊၁၊၁၄။ ဒီ၊ဋ္ဌ၊၁၊၁၇။ အဘိ၊ဋ္ဌ၊၁၊၁၉။ ဣတိဝုတ်၊ဋ္ဌ၊၇၇။
- ↑ ထေရ၊၃၁၅၊ ၃၄၆။ ဝိ၊ဋ္ဌ၊၁၊၃၉။
- ↑ သံ၊၃၊၃၈-၄၁၊ ၈၁။ အံ၊၃၊၂၇၃။
- ↑ ဒီ၊၃၊၂၂၇။
- ↑ အံ၊၁၊၁၆။
- ↑ မ၊၁၊၅၄။
- ↑ အံ၊၁၊၁၀။
- ↑ အံ၊၁၊၁၇။
- ↑ သံ၊၁၊၈၇။ အံ၊၂၊၃၂၀။
- ↑ ဓမ္မ၊၁၆။ ဇာ၊၁၊၃၉၇။ (ဝိ၊ဋ္ဌ၊၁၊၃၆။ ဒီ၊ဋ္ဌ၊၃၊၂၄၀။ ခုဒ္ဒက၊ဋ္ဌ၊၁၂၁။ ဣတိဝုတ်၊ဋ္ဌ၊၇၇။ သုတ္တနိ၊ဋ္ဌ၊၂၊၂၆။ ဇာ၊ဋ္ဌ၊၅၊၆၈-တို့လည်း ကြည့်။)
- ↑ ခုဒ္ဒက၊၄။ သုတ္တနိ၊၃၁၉။
- ↑ ထေရ၊၃၄၈။ အပ၊၁၊၇။ စရိယာ၊၄၂၀။
- ↑ အပ၊၁၊၁၇၉၊
- ↑ မ၊၂၊၃၀၈။ သံ၊၁၊၂၄။ ဓမ္မ၊၁၇။ ဣတိဝုတ်၊၂၀၆။ ထေရ၊၃၃၅။
- ↑ သံ၊၁၊၃၅၁။
- ↑ သံ၊၂၊၃၁၇။
- ↑ အံ၊၁၊၄၃၄။
- ↑ အံ၊၂၊၄၉၀။
- ↑ အံ၊၃၊၄၃၅။
- ↑ အံ၊၂၊၃၉၀။
- ↑ ဓမ္မ၊၁၇။ ဣတိဝုတ်၊၂၀၆။
- ↑ ဣတိဝုတ်၊၂၀၆။
- ↑ မ၊၂၊၁၄၂-၅။ သံ၊၂၊၃၄၀။
- ↑ သံ၊၁၊၂၇။ သုတ္တနိ၊၃၀၆။ မိလိန္ဒ၊ ၃၅။
- ↑ သံ၊၁၊၂၆၇။ အံ၊၂၊၅၀၀။
- ↑ ဓမ္မ၊၁၇။
- ↑ သုတ္တနိ၊၃၂၈။ ထေရ၊၂၈၄။
- ↑ ဒီ၊၃၊၂၀၂။
- ↑ အံ၊၂၊၄၆၁။
- ↑ သံ၊၃၊၂၀၃။
- ↑ အံ၊၃၊၃၅၆။
- ↑ ဓမ္မ၊၁၇။
- ↑ တိပိဋကအဘိဓာန် အတွဲ-၂